Latest Update

ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်

Tuesday, February 5, 2013

ဖားကန့်တွင် တပိုင်တနိုင် ကျောက်စိမ်း တူးဖော်သူ များအား တားမြစ်



ရွှေဟင်္သာသတင်းဌာန ဖေဖော်ဝါရီလ (၅) ၂၀၁၃


ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းဒေသ မှော်စီဇာနှင့် လုံးခင်းမှော် တို့တွင် တပိုင်တနိုင်ကျောက်စိမ်း တူးဖော်ပြီး အသက်မွှေး ၀မ်းကြောင်း ပြုနေသူများအား အကြာင်းမဲ့ ဖားကန့်မြို့ရှိ စစ်သား များနှင့် ရဲသား များက ၂၀၁၃ ဖေဖော် ၀ါရီ ၁ ရက်နေ့မှ စပြီး တားမြစ် ဖမ်းစီးမှု များရှိနေကြာင်း လုံးခင်းကျေးရွာ အုပ်စု NLD ပါတီ ရပ်ကျေး တာဝန်ခံ ဦး ကျင် ဆောင်က ပြောပြသည်။ အခုအချိန်သည် မှော်စီဇာ၊ လုံးခင်း ကျောက်တွင်း အနီးရှိ ဈေးဆိုင်တန်းများကို လည်း အကုန် ဖျက်စီး လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ဇန်န၀ါရီ ၃၁ ရက်နေ့မှ စီပြီး ကျောက်တူးပြီး ပြန်လာသူများအား စစ်သားများနှင့် ရဲသားများက လမ်းတွင် စစ်ဆေးကာ ကျောက်စိမ်းများ၊ ကျောက်စိမ်း တူးဖော်ရေပစ္စည်းများ ဖြစ်သော သံတိုင်၊ ဓာတ်မီးများ နှင့် ပိုက်ဆံများပါရှိပါက ပိုက်ဆံ များကိုပါ ယူခဲ့ကြောင်း လုံခင်း ဒေသခံ တစ်ဦးက ပြောပြသည်။

0 comments:

Facebook Fan Page