Latest Update

ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်

Wednesday, May 8, 2013

သင်္ကြန် နှစ်ဆန်း တစ်ရက်နေ့ ရိုဂိုရွာမှာ ဖြစ်ခဲ့သည့် ရဲတပ်ဖွဲ့နှင့် မွန်လူငယ်များ အကြာ ရိုက်နှက် မှုအခင်း အပေါ် သဘောထားထုတ်ပြန်ချက်




 သင်္ကြန် နှစ်ဆန်း တစ်ရက်နေ့ ရိုဂိုရွာမှာ ဖြစ်ခဲ့သည့် ရဲတပ်ဖွဲ့နှင့်
မွန်လူငယ်များ အကြာ ရိုက်နှက် မှုအခင်း အပေါ် သဘောထားထုတ်ပြန်ချက်

ရောဂိုရွာသည် မော်လမြိုင်မြို့နယ်မှာ တည်ရှိပြီး နှစ်စဉ်နှစ်တိုင်
သင်္ကြန် နှစ်ဆန်းတစ်ရက်နေ့ ကျရောက်သည့် နေ့သည် အခြားမြို့နယ်မှာရှိတဲ့
မွန်လူငယ်တွေ လာရောက်စုစည်းပြီး သင်္ကြန်ဖျော်ရေး အနေဖြင့်
စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသည်။

သင်္ကြန်ကာလအတွင်း လှည့်လည်ရေကစားရာတွင် မိမိလူမျိုးအလံကို ဆိုင်ကယ်
ကားအပေါ် ချိတ်ဆွဲစိုက်ထူခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီး
ဓလေ့ထုံးတမ်း အစဉ်အလာ ကဲ့သို့ပင် အပျော်ပါးနှင့်အတူ မိမိလူမျိုး၏
ဇာတိသွေး ဇာတိမာန်တွေကို ပြသခြင်း ဖြစ်သည်။

မိမိလူမျိုး၏အလံ ကိုင်ဆောင်ပြီး ရိုဂိုရွာသို့ ဆိုင်ကယ်နှင့် စီးဝင်လာသော
လူငယ်တစ်စုသည် ဒုရဲအုပ် မြင့်နိုင် (တာဝန်ကျ ရဲမဟုတ်) က တာဆီးပြီး
၎င်းတို့၏အလံကို လုယူပြီး အလံကိုင်ဆောင်သူကိုလည်း အလံတိုင်နှင့်
မေးမြန်ချက်မရှိပဲ အလံတိုင် နှင့်နှစ်ချက်ရိုက်နှက်ပြီး
အလံကို သိမ်းဆည်း ဖျဲဖျက်ခဲ့သည်။ ဒုရဲအုပ်မြင့်နိုင် အလံသိမ်းဆည်းမှုအပေါ်
လူငယ် တစ်စုက ပြန်ပေးရန် တောင်းဆို ခဲ့သော်လည်း ၄င်းတို့ တောင်းဆိုချက် အပေါ်
ညင်းပယ်ပြီး သူတို့ကိုလည်း ပြန်လည်ထိုး နှက်သဖြင့်
ဒုရဲအုပ်မြင့်နိုင်နှင့် လူငယ်အကြား ရိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုရိုက်နှက်ပွဲ ဖြစ်ပွားခဲ့သည့် အကြောင်းအရင်းမှာ မွန်လူငယ်တစ်စု၏
ကိုင်ဆောင်သော အလံကို ဒုရဲအုပ်မြင့်နိုင်က သိမ်းဆည်း ဖျဲဖျက် ခဲ့သဖြင့်
လူငယ်များက မိမိလူမျိုးအလံကို သိမ်းဆည်း ဖျဲဖျက်မှု အပေါ် မခံနိုင်သဖြင့်
ရိုက်နှက်မှု အခင်းဖြစ်ပွားခဲ့သည်။

အခင်းနှင့်ပတ်သက်ပြီး မီဒီယာအပေါ် လွင့်ထုတ်ထားသည့် သတင်နှင့်ပတ်သတ်၍
အစိုးရဝန်းထမ်း အကြောင့်မဲ့ရိုက်နှက် မှုစွပ်စွဲချက်သည် မမှန်ကန်ကြောင်း၊
၎င်းတို့၏ စွပ်စွဲထားသည့် ပုဒ်မ ၃၃၃ သည် တရားမျှတမှု မရိုကြောင်း၊
လူမျိုးတစ်မျိုး၏ ဂုဏ်သိက္ခာနှောက်ရှက်မှု အလံဖျဲဖျက်သိမ်းဆည်းမှု
ဒုရဲအုပ်မြင့်နိုင်သည် ထိရောက်သော ပစ်ဒဏ် အရေးယူပေးပါကြောင်း၊ နောက်
လူငယ်များ ဖမ်းဆည်းခံပြီးနောက် အနိုင်ကျင့်စစ်ဆေးမှု ရိုက်နှက်မှုနှင့်
ရှော့ဒ်ရိုက်မှုတို့ကို ပြန်လည်ဖော်ထုတ်ပြီး အရေးယူပေးပါရန်
တင်ပြအပ်ပါသည်။

တရားမျှတမှုသည် လူတိုင်းတွက်အခွင့်အရေးတရပ်ဖြစ်ပြီး
တစ်ရားဥပဒေရှေ့မှောက်တွင် တန်တူညီမျှမှုရှိစေရန် တရုံးကဖန်တီးပေးပါရန်
ထပ်လောင်းတောင်းဆိုလိုက်ပါသည်။
၁။ ဖမ်းဆည်းခံရသည့် မွန်လူငယ် (၁၁) ရောက်သည် ခြွင်းချက်မရို လွတ်ပေးရန်။
၂။ လူမျိုးဂုဏ်သိက္ခာနှောက်ရှက်မှု အလံဖျဲဖျက်သိမ်းဆည်းမှု
ဒုရဲအုပ်မြင့်နိုင်သည် ထိရောက်သောပစ်ဒဏ် အရေးယူပေးပါရန်။
၃။ ………………………….
ဆက်သွယ်ရန်
မွန်လူငယ်ဖိုရမ်တာဝန်ခံ - ၀၉ ၄၂၅၃ ၁၀၁၀၆

2 comments:

Anonymous said...

သတုံ ခရိုင် မှာ အကျင့် ပြတ် ချ စား လိုင်း ကြေး မျိုး စုံ

ကောက်မ ပြေ လည် သူ အ ပြစ် ရှာ ဖမ်း စီးပြီး ထင် တိုင်ြ

ကြဲ နေ တဲ့ ဒန အောင် သူ ယျဉ် ထိမ် မင် သူ တပ် ကြပ် မ

မင်လွင် နှင့် တပည့် အ ပေါင်း တို့ အား အမြန် ဆုံး အရေ

ယူ ဆောင် ရွတ် ပေး ပါ ရန် မြို့ သူ မြို့ သား အ ပေါင်း မှ စု

ပေါင်း တိုင် ကြား အပ် ပါ သည်။

Anonymous said...

ဒီး အကျင့် မကောင် တဲ့ ပ လိပ် သွေး ပါ တဲ့ ကောင် တွေ

ကို နောင် ရဲ တွေ အတွတ် မ လုပ် ရဲ အောင်စံ နမူ နာ ဖြစ်

အောင်အပြစ် ပေး အရေး ယူ သင့် ပါ တယ် ။

Facebook Fan Page