Latest Update

ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်

Friday, February 1, 2013

ဖားကန့်မြို့နယ်တွင် KIA နှင့် အစိုးရ တပ်ဖွဲ့တို့ ဆက်လက် တိုက်ပွဲဖြစ်



အဲာပိုန် ဖေဖော်ဝါရီလ (၁) ရက်နေ့၊ ရွှေဟသာင်္သတင်းဌာန

ယနေ့ ၁၁ နာရီ အချိန်တွင် ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် အစိုးရတပ်ဖွဲ့တို့က ဖားကန့်မြို့နယ် ခါမော်ကြီးကုန်း၌ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့သည်ဟု KIA တပ်ရင်း (၆) တပ်ရင်းမှူး ဒုတိယဗိုလ်မှုးကြီး အင်ခွန်ဇော်တွဲက ဆိုပါသည်။

“မနေ့က အစိုးရ တပ်ဖွဲ့တွေ ခါမော်ကြီးကုန်းမှာရှိတဲ့ ပြည်သူလူထုကို လက်နက်ကြီးနဲ့ လှမ်းပစ်လိုက်တယ်။ ရွာသားတွေ ထိခိုက် ဒဏ်ရာရတာ ရှိတယ် အဲဒီ သတင်းရတော့ ကျနော်တို့ တပ်ဖွဲ့က သွားရောက် အကူအညီပေးခဲ့တယ်။ ဒီသတင်း ကိုလည်းကြားရော အစိုးရတပ်တွေက အင်အား အလုံးအရင်းနဲ့ ဒီနေ့နေ့လည်ပိုင်းမှာ တက်လာတယ်။ ကျနော်တို့လည်း အပစ်မဲ့လူထုကို တိုက်နေမှတော့ မလွဲမရှောင်သာဘဲ တိုက်လိုက်တယ်။” ဟုဆိုပါသည်။

တိုက်ပွဲသည် (၃) နာရီခန့် ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါသည်။ အင်အားတရာခန့်ရှိသည်သည့် အစိုးရတပ်များပြန်လည် ဆုတ်ခွာ သွားသည်ဟု KIA ဖက်မှဆိုပါသည်။ အကယ်၍ထပ်မံစစ်ဆင်ဦးမည်ဆိုပါက ဆက်လက်တိုက်ပွဲဖြစ်ရန် ရှိကြောင်း  တပ်ရင်း (၆) မှူးမှ ဆိုပါသည်။

ဤတိုက်ပွဲတွင် KIA တပ်ရင်း(၆) လက်အောက်ခံ တပ်ခွဲ(၅)နှင့် တပ်ခွဲ(၉) တို့ကပူးပေါင်းပြီး အင်းအားတရာခန့်ရှိသည့် အ စိုးရ စကခ (၇)တပ်ဖွဲ့များကို တိုက်ခိုက်ခဲ့ရာ KIA မှ ထိခိုက်ဒဏ်ရာ ရရှိမှုများမရှိကြောင်း ဆိုပါသည်။
ဖားကန့်မြို့နယ် ဆိုင်းတောင် သင်္ချိုင်းကုန်း၌ တပ်စွဲထားသော အစိုးရ လက်နက်ကြီးတပ်ဖွဲ့သည် ယမာန်နေ့ ၁၀ နာရီခွဲ အချိန် တွင် ခါမော်ကြီးကုန်းကျေးရွာဘက်သို့ လက်နက်ကြီး အချက်ပေါင်း ၃၂ ချက်ပစ်ခတ်ခဲ့ပါသည်။ ယင်းနေရာသည် KIA တပ် ဖွဲ့များမရှိဘဲ လူထုများသာ နေထိုင်သည့်နေရာဖြစ်ပါသည်။

“အဲဒီလို လက်နက်ကြီး ၃၂ လုံးနဲ့ လှမ်းပစ်လိုက်တော့ ရွာသား ၁၇ ဦး ဒဏ်ရာရတယ်။ ဒါဏ်ရာပြင်းထန်လူ ၄ ဦးသေဆုံး သွားပါတယ်။ အစိုးရတပ်ဖွဲ့တွေက ဒီလိုဘဲပစ်ခတ်လေ့ ရှိပါတယ်။ ကျနော်တို့ နေတဲ့ရွာတွေ၊ သွားလာလှုပ်ရှားတဲ့နေရာက ပြည်သူတွေကို ဒုက္ခပေးတဲ့သဘောဘဲ။ ကောင်းကောင်း ပေးမနေဘူးဆိုတဲ့ သဘောပေါ့။” ဟု ရွာသား တစ်ဦးက ဆိုပါ သည်။

ဤပစ်ခတ်မှုကြောင့် KIA တပ်ဖွဲ့များသည် ဒဏ်ရာရ ရွာသားများကို အကူအညီပေးရန် ဤနေရသို့ ရောက်ရှိလာခြင်းဖြစ် သည်ဟု ဆိုပါသည်။ ဤသတင်းကိုရရှိသည့် အစိုးရတပ်များသည် စစ်တကြောင်း တကြောင်းစေလွှတ်ပြီး ရောက်ရှိလာရာ KIA တပ်ရင်း (၆) လက်အောက်ခံ တပ်ခွဲ (၅) နှင့် တပ်ခွဲ (၉) တို့ကပူးပေါင်းပြီး တိုက်ခိုက် လိုက်ခြင်းဖြစ်ပါသည်။

အစိုးရတပ်ဖွဲ့များသည် ကချင်ပြည်သူများကို ဤနည်းကဲ့သို့တိုက်ခိုက်ခဲ့ပြီး၊ KIA အားစိတ်ဓါတ်စစ်ဆင်ရေး ဆင်နွှဲနေသည် မှာ ကြာလှပြီးဖြစ်သည်ဟု စစ်ရေးအကဲခတ်များကဆိုပါသည်။ လူထုကို ညှင်းပမ်းမှုများလာသောအခါ KIA သည် လူထု ကိုငဲ့ညှာသောအားဖြင့် အလျှော့ပေးလာရန် လုပ်ဆောင်သော နည်းလမ်းဖြစ်ကြောင်း အကဲခတ်များက ဆိုပါသည်။ 


                    
အစိုးရတပ်ဖွဲ့က ရွာထဲလက်နက်ကြီး ပစ်သွင်းမှုကြောင့် အပြစ်မဲ့ကလေးတွေ ထိခိုက်ဒါဏ်ရာရရှိမှု

ဤအဖြစ်မှန်များကို လွတ်လပ်သော မီဒီယာများက တင်ပြသည့်အခါ အစိုးရနှင့် ကာကွယ်ရေး ၀န်ကြီး ဌာနက ပစ်တင်ရှုတ်ချ လေ့ရှိပါသည်။KIA ကမူ ဤအဖြစ်မှန်များကို လွတ်လပ်သော နိုင်ငံတကာ ပါဝင်သည့် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်သင့် ကြောင်းဆိုပါသည်။ 

အစိုးရသည် ဤလုပ်ရပ်မျိုးဖြင့် KIA တဖွဲ့တည်း လုပ်နေခြင်းမဟုတ်ကြောင်း၊  မြန်မာနိုင်ငံမှာရှိသည့် မည်သည့် တိုင်းရင်း သားစစ်ဆင်ရေး တိုင်းတွင် မဆို ကျင့်သုံးနေသည့် စိတ်ဓါတ်စစ်ဆင်ရေးနည်းလမ်းပင်ဖြစ်ကြောင်း အတိုက်အခံများကဆိုပါ သည်။ ထို့အပြင် ဆန္ဒပြပွဲနှိမ်နှင်းရေးနှင့် လူထုအားခြိမ်းခြောက်ရန် လိုအပ်လာသည့်အခါ ထိမ်းချုပ်နိုင်ရန် မိုင်းခွဲမှုများ တ မင်လုပ် ပြပြီး ထိမ်းသိမ်း တတ်လေ့ရှိသည်ဟု ဆိုကြပါသည်။ 

ယခုတိုက်ပွဲသည်လည်း ထိခိုက်ဒဏ်ရာရနေသော ခါမော်ကြီးကုန်းလူထုအား အကူအညီပေးရန် ရောက်လာသော KIA တပ်ဖွဲ့ကို ထပ်မံစစ်ဆင်ရန် လာရောက်ခြင်းမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။ အစိုးရတပ်ဖွဲ့များသည် လက်တွေ့ ဤ စနစ်ကိုကျင့်သုံးနေသော်လည်း ၄င်းတို့မီဒီယာတွင်မူ KIA ကို လက်ညှိးထိုးသော သို့မဟုတ် အပြစ်ပုံချသော သတင်းများ ထုတ်လွှင့်နေသည့်ကြားတွင် အလိမ်ပေါ်ရာက ဓါတ်ပုံအမှားများ သုံးစွဲမိသည်ဟု ၀န်ခံခဲ့ရလေတော့သည်။

0 comments:

Facebook Fan Page