Latest Update

ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်

Friday, April 26, 2013

တအာင်း (ပလောင်) ဒေသ၌ စစ်ဆင်ရေး ပြင်းထန် လာနေ



အဲာပိုန်  ဧပြီလ (၂၅) ရက်နေ့


တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့နှင့် အစိုးရ တပ်ဖွဲ့တို့သည် ရှမ်းပြည်မြောက်ပိုင်း ကွတ် ခိုင်မြို့နယ်တွင် ပြီလ (၂၄) ရက်နေ့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု TNLA ပြောခွင့်ရ ဗိုလ်မှူး တာဘုန်းကျော်က ပြောပါ သည်။

ဖြစ်တာက  နေ့ညနေ ညနေ နာရီခွဲမှ နာရီခွဲထိ  ဖြစ်ခဲ့တယ်။ သူတို့ တပ်ဖွဲ့က ကျနော်တို့ ရှိတဲ့နေရာကို တက်လာလို့  ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်။ ထိခိုက် ဒဏ်ရာတွေတော့ လောလောဆယ် မသိရသေးဘူးဟု ဆိုပါသည်။

အဆိုပါ တိုက်ပွဲသည် ကွတ်ခိုင်မြို့နယ် အခြေစိုက် တအာင်း TNLA  ၁၁၂ တပ်ရင်းနှင့် အစိုးရတပ်ဖွဲ့ ခလရ ၄၅ တို့က ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ ကျေးရွာအုပ်စု၊ ကုန်ဆာရွာ နှင့် မိုင်ခန့် အကွာ တိုက်ပွဲ ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပါသည်။

ထို့အပြင် ကျောက်မဲအခြေစိုက် တပ်ဖွဲ့များသည် နမ့်ဆန်မြို့ တပ်ဖွဲ့နှင့် ပူးပေါင်းပြီး စစ်အင်အား ၂၀၀ ကျော်သည် နမ့် ဆန် အရှေ့ပိုင်းရှိ လျှော်လည်ကွင်း ၌လှုပ်ရှားနေသော (၅၀၂)တပ်ရင်းနှင့် ယမာန် နေ့ ပြီ ၂၅ ရက်နေ့တွင် လာ ရောက် ပူပေါင်း ခဲ့ပါသည်။ ဤပူးပေါင်းစစ်ကြောင်းသည် အင်အား ၃၀၀ ကျော်ရှိလာပြီး ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည် ဟု  TNLA က ဆိုပါသည်။
 
TNLA သည် တအာင်းလူမျို့များ လက်ဖက်ခူး ရာသီ အတွင်း တိုက်ပွဲများ မဖော်ဆောင်မိရန် ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့က တအာင်းတပ်ဖွဲ့ဝင်များကို အမိန့်ထုတ်ပြန် ထားခဲ့ပါသည်။

သို့သော် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ ကျေးရွာ အုပ်စုတွင် ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းက စကခမှူး ကိုယ်တိုင် လာ ရောက် ကွင်းဆင်းခဲ့ပြီးနောက် တိုက်ပွဲများ ဆက်တိုက် ဖြစ်လာခဲ့ပါသည်။ ထို့အပြင် တအာင်းတပ်ဖွဲ့ တပ်စခန်း အနီးလည်း ကင်းစခန်း () ခုအထိ တိုးချဲ့ တည်ဆောက်ခဲ့ပြီး စစ်အင်အား (၃၀၀) ခန့်ဖြင့် လှုပ်ရှားလာခဲ့သည်ဟု ဗိုလ်မှုး တာဘုန်းကျော်က ပြောပါသည်။

ဤသို့ကြောင့် ဧပြီလ ရက်နေ့တွင် တအာင်းတပ်ဖွဲ့နှင့် အစိုးရတပ်ဖွဲ့ တို့ တိုက်ပွဲ နေရာ ဖြစ်ပွားခဲ့ရာမှ ဆက်တိုက် ဖြစ်ပွားလာခဲ့ခြင်း ဖြစ်ပါသည်။
 
TNLA သည်၊ ပလောင်တို့၏ လက်ဖက်ခူးရာသီ ဖြစ်နေခြင်းကြောင့် တကြောင်း အစိုးရငြိမ်းချမ်းရေးအဖွဲ့နှင့် နှစ်ဖက် တွေ့ဆုံဆွေးနွေးရေး အတွက် ညှိနှိုင်းနေသည့် ကာလ ဖြစ်နေခြင်းကြောင့် တကြောင်း အစိုးရ တပ်ဖွဲ့များနှင့် ထိပ်တိုက် တိုက်ပွဲမဖြစ်ရန် ရှောင်ရှားနေခဲ့သည်ဟု ဆိုပါသည်။

အစိုးရတပ်များကမူ ကွပ်ခိုင်မြို့နယ်နှင့် နမ်းဆန်ဒေသရှိ၊ ကချင်လွတ်လပ်ရေး တပ်မတော်၊ ရှမ်းပြည် တပ်မတော် နှင့် TNLA တို့အား ဤဒေသမှ ဖယ်ရှားနိုင်ရန် မနားတမ်း စစ်ဆင် နေခဲ့ပါသည်။ အကြောင်းမှာ ဤဒေသတွင် တရုတ်ရေနံ ပိုက်လိုင်း ဖြတ်သွားရာလမ်းကြောင်း ဖြစ်နေခြင်း၊ တရုတ်စီးပွားရေး ကုမဏီများ သစ်ထုတ်နေခြင်း၊ မိုင်းလုပ်ငန်းများ ရှိ နေခြင်းနှင့် အစိုးရပြည် သူ့စစ်များ၏ မူးရစ်ဆေးစိုက်ပျိုးရာ ဒေသဖြစ်သောကြောင့် နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများ ပြုလုပ်နေရခြင်း ဖြစ်ကြောင်း လေ့လာသူများက ဆိုပါသည်။

0 comments:

Facebook Fan Page