Latest Update

ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်
Showing posts with label သတင်းတို. Show all posts

Monday, March 11, 2013

KIA နှင့် အစိုးရတွေ့ဆုံဆွေးနွေးနေ




ရွှေဟင်္သာသတင်းဌာန

ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO)နှင့် အစိုးရ အဖွဲ့တို့သည် တရုတ်နိုင်ငံ ရွှေလီမြို့ရှိ Jing Cheng ဟိုတယ်တွင် ယနေ့ နံနက် ၉နာရီတွင် စတင် တွေ့ဆုံဆွေးနွေး ခဲ့ကြသည်ဟု KIA အရာရှိတဦက ပြောပါသည်။ 

ယင်းဆွေးနွေးပွဲတွင် ဦးဆွမ် လွတ်ဂမ် ဦးဆောင်သည့် KIO ကိုယ်စားလှယ် အဖွဲ့ဝင် ၁၁ ဦးနှင့် ပြည်ထောင်စု လုံခြုံရေး ၀န် ကြီး ဦးအောင်မင်း ခေါင်းဆောင်သော အဖွဲ့ဝင် (၁၉)ဦး တို့ တွေ့ဆုံ ဆွေးနွေး ခဲ့ပါသည်။ 

ဆွေးနွေးပွဲအသိသက်သေမျာအဖြစ် တရုတ်အစိုးရ ကိုယ်စားလှယ်များ၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့၏ ကိုယ်စားလှယ်များ ပါဝင်သလို  RCSS-SSA ရှမ်းပြည် တောင်ပိုင်း တပ်မတော်နှင့် မိုင်းလားအဖွဲ့ NDAA ကိုယ်စားလှယ်များ တက်ရောက် ခဲ့ပါသည်။
1:08 PM Posted by Phophtaw 0

Facebook Fan Page