Latest Update

ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်

Monday, January 14, 2013

လဂျားယန် စစ်မြေပြင်၌ အစိုးရ စစ်ရဟတ်ယာဉ် တစင်း ပစ်ချခံရ

(ရွှေဟင်္သာ သတင်းဌာန)

ဗန်းမော် လိုင်ဇာ လမ်းကြောင်းရှိ အစိုးရ စစ်ဆင်ရေး စစ်ကြောင်း များကို စစ်ရဟတ် ယာဉ်ဖြင့် စစ်လက်နက် ပစ္စည်းနှင့် စစ်အင်အား ပို့လာသော စစ်ရဟတ်ယာဉ် Mi 35 ကို KIA ဘားအောင် စခန်းက ပစ်ချခဲ့သည်ဟု KIA ရှေ့တန်း တပ်မှူး တဦးက ဆိုပါသည်။   

အစိုးရ တပ်များသည် ဇန္နာဝါရီ (၉) ရက်နေ့ KIA တပ်ရင်း(၂၄) စစ်ဆင် ရေးတွင် အထိနာ ခဲ့ပြီး (၁၀) ရက်နေ့၌ လူနာများ ပို့ပေး နေရ သဖြင့် စစ်ဆင် ရေးကို တရက်တာ ရပ်နား ခဲ့ပါသည်။ သို့သော် ဇန်န၀ါရီ (၁၁) ရက်နေ့တွင် KIA တပ်များသည် ခါရာ တောင်နှင့် ဒေါ့ဖုန်းယန် စခန်း ဖက်တွင် ပြင်းထန်စွာ ပြန်လည် စစ်ဆင် ခဲ့ပါသည်။
http://www.facebook.com/photo.php?v=452436088142837
 

ဤစစ်ဆင်ရးတွင်လည်း အစိုးရ တပ်များ အကျ အဆုံး များခဲ့သည်ဟု KIA ဖက်မှ ဆိုပါသည်၊ ဤသို့ကြောင့် အစိုးရတပ် များသည် လူအင်အား၊ ရိက္ခာနှင့် လက်နက် ခဲယမ်း မီးကျောက်များ၊ ဖြည့်တင်း နိုင်ရန် ရဟတ် ယာဉ်များကို အသုံးပြု ခဲ့ရ ပါသည်။ 

ဤကဲ့သို့ ခေါက်တုန့်ခေါက်ပြန် အင်အားဖြည့်ပျံသန်းနေစဉ်  ညနေပိုင်း (၃း၀၀) နာရီအချိန်ခန့်တွင် KIA တပ်ဖွဲ့ ၏ ပစ်ခတ်ခြင်းကို ခံခဲ့ ရခြင်း ဖြစ်ပါသည်။   

စစ်ရဟတ်ယာဉ် Mi 35ပစ်ခံရသဖြင့် လေသူရဲ ဦးဖြစ်သည့် ၄၇မှ ဗိုလ်ကြီး ကျော်ထွန်းနောင်၊ ၄၁မှ ဗိုလ်မှူး ဖြိုးငြိမ်း တို့ ကျဆုံးခဲ့ရသည်ဟု KIA ဖက်မှပါသည်။ အစိုးရ၏ မြ၀တီမီဒီယာကမူ အခင်းဖစ်ပွား မှုကို စောစီးစွာ ၀န်ခံ ခဲ့ပါသည်။ 

သို့သော် KIA ၏ ပစ်ခတ် မှုကြောင့် ပျက်ကျခြင်း မဟုတ်ဘဲ စက်ချို့ ယွင်းခြင်းကြောင့်ဖစ်ပီး အခြားလတပ် များက အချိန်မှီ ကယ်တင် ခဲ့သည်ဟု တင်ပြ ထားပါသည်။  

 ပစ်ခတ် ခံရ ခြင်းကြောင့် ပျက်ကျ သွားသည့် စစ်ရဟတ်ယာဉ် (ဓါတ်ပုံ - kachinnet.net)

ဤကဲ့သို့ စစ်ရဟတ်ယာဉ် အတိုက် အခိုက် ခံရ သဖြင့် တပ်အင်အားဖည့်ဆည်မှုများ ထိခိုက်ဖွယ် ရှိလာ နိုင်ပါသည်။ ဤသို့ ကြောင့် ဇန္နာဝါရီ (၁၂) ရက်နေ့တွင် ထိုးစစ် ဆင်မှုများ အလွန်း နည်းပါးနခဲ့ ပါသည်။ အဆိုပါ Mi 35 စစ်ရဟတ် ယာဉ်သည် ရုရှားလုပ် ရဟတ်ယာဉ်ဖစ်သည်ဟု KIA ဖက်က ဆိုပါသည်။
 

ကချင် စစ်ပွဲ ရပ်ဆိုင်းရးအပေါ် သမ္မတမှပတ်သားသော အမိန့် ထုတ်ပြန် ခဲ့ခြင်း မရှိပေ။ အမိန့်ပေး ထားခဲ့ ခြင်းနှင့်လွှတ် တော်သို့ နှစ်သစ် သ၀ဏ်လွှာ ပေးပို့ခဲ့ခြင်းသာ မီဒီယာ၌ ဖေါ်ပြ နေခဲ့ ပါသည်။ သို့သော် (၈၈) ကျောင်းသားများ၊ တရုတ် ပြည်ရှိ ကချင် လူထု များနှင့် ပြည်ပရောက် တိုင်းရင်းသား အဖွဲ့ အစည်း များကသာ ကချင် စစ်ပွဲ ရပ်ဆိုင်းရေး ဆန္ဒပြ တောင်းဆို နေခဲ့ ပါသည်။ 

အစိုးရ၏ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကမူ ပြည်တွင်း ငြိမ်းရေး ရရှိရန် ၄င်း အလိုချင် ဆုံးဟု မြ၀တီ မီဒီ ယာ၌ ထုတ်ဖေါ် ပြောကြား ခဲ့ပါသည်။

0 comments:

Facebook Fan Page