KIA နှင့် အစိုးရတွေ့ဆုံဆွေးနွေးနေ
ရွှေဟင်္သာသတင်းဌာန
ကချင်
လွတ်မြောက်ရေး
အဖွဲ့ (KIO)နှင့် အစိုးရ
အဖွဲ့တို့သည် တရုတ်နိုင်ငံ
ရွှေလီမြို့ရှိ Jing Cheng ဟိုတယ်တွင်
ယနေ့ နံနက် ၉နာရီတွင် စတင် တွေ့ဆုံဆွေးနွေး ခဲ့ကြသည်ဟု KIA အရာရှိတဦက
ပြောပါသည်။
ယင်းဆွေးနွေးပွဲတွင် ဦးဆွမ် လွတ်ဂမ် ဦးဆောင်သည့် KIO
ကိုယ်စားလှယ်
အဖွဲ့ဝင် ၁၁ ဦးနှင့် ပြည်ထောင်စု လုံခြုံရေး
ဝန် ကြီး ဦးအောင်မင်း ခေါင်းဆောင်သော အဖွဲ့ဝင် (၁၉)ဦး တို့ တွေ့ဆုံ ဆွေးနွေး
ခဲ့ပါသည်။
ဆွေးနွေးပွဲ၏ အသိသက်သေများ အဖြစ် တရုတ်အစိုးရ ကိုယ်စားလှယ်များ၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ
(UNFC) အဖွဲ့၏
ကိုယ်စားလှယ်များ ပါဝင်သလို RCSS-SSA
ရှမ်းပြည်
တောင်ပိုင်း တပ်မတော်နှင့် မိုင်းလားအဖွဲ့ NDAA ၏ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ပါသည်။
0 comments:
Post a Comment