Latest Update

ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်

Friday, March 1, 2013

KIA နှင့် အစိုးရတို့၏ ယုံကြည်မှု တည်ဆောက်ရေး အခြေအနေဆိုးရွားနေ




ရွှေဟသာင်္ သတင်းဌာန၊ မတ်လ (၁) ရက်နေ့

ကချင် လွတ်လပ်ရေး တပ်မတော် KIA စခန်းအား အစိုးရ တပ်ဖွဲ့များက ဖေဖော်ဝါရီလ ကုန်ပိုင်းအထိ ဆက်လက် တိုက်ခိုက်လျက် ရှိနေသဖြင့် ယုံကြည်မှု တည်ဆောက်ရန် အခြေအနေ ဆိုးရွား နေဆဲ ဖြစ်သည်ဟု KIA တပ်မှူး တဦးက ရွှေဟင်္သာ သတင်း ဌာနအား ပြောကြားခဲ့ပါသည်။

“ ဖားကန့်နှင့် လိုင်ဇာ တဝိုက်မှာ တိုက်ပွဲဖြစ်ပွားမှုတွေ မရှိပေမဲ့ တခြား တပ်မဟာ ဒေသတွေမှာတော့ တိုက်ပွဲတွေ ဖြစ်နေဆဲပါ။ မနေ့ကဆို တပ်မဟာ (၁) တပ်ရင်း (၁၀) ဘက်မှာ မိနစ်ပိုင်း တိုက်ပွဲတွေဖြစ်နေတယ်။ ဒီနေ့ဆိုရင် လော့ခေါင်ဖက်မှာ စစ်ဆင်နေတယ်လို့ KIA တပ်မှူး တစ်ဦးက ဆိုပါသည်။

ဤစစ်ဆင်ရေးတွင် ခလရ တပ်များ အပါဝင်  နယ်ခြား စောင့်တပ်များနှင့် ပြည်သူ့စစ်များ စုစုပေါင်း အင်အား (၇၀၀) ခန့် ရှိသော အစိုးရ တပ်များသည် လောခေါင်တောင်ကုန်းတွင် နေရာ ယူထားသည့် KIA တပ်ဖွဲ့တို့ကို ယနေ့ နံနက် ၁၀ နာရီကျော် စတင်ပြီး ထိုးစစ်ဆင် နေသည်ဟု KIA တပ်မှူးက ဆိုပါသည်။

ဤကဲ့သို့ စစ်ဆင်နိုင်ရန် အစိုးရ တပ်များသည် ဖေဖော်ဝါရီ လဆန်း ကတည်းက ကချင်ပြည်နယ် အလယ်ပိုင်း KIA တပ်မဟာ (၁)၊ တပ်ရင်း (၁) နေရာဖြစ်သည့် မေခမြစ် အရှေ့ဘက် ချီဖွေလော့ခေါင် ဒေသရှိ ၄င်းတို့ တပ်ဖွဲ့များ ထံသို ရဟတ်ယာဉ်များ အသုံးပြုကာ စစ်လက်နက် ရိက္ခာများ ဖြည့်တင်း ထားခဲ့ပါသည်။ တချိန်ထဲတွင် ဒေသခံများအား ပေါ် တာဆွဲပြီး ၄င်းတို့၏ ရှေတန်းစခန်းများ သို့လည်း ပိုဆောင် စေခဲ့သည်ဟု ဆိုပါသည်

ပြီးခဲ့သည့် ဖေဖေါ်ဝါရီ လဆန်း ပိုင်းလည်း အစိုးရ တပ်ဖွဲ့များသည် (၆၀) မမ လက်နက်ကြီး များဖြင့် လော့ခေါင်ခရိုင် မှော်ဂျော် ကျေးရွာထဲသို့ ပစ်ခတ်ခဲ့ပါသည်။ ဤသို့ကြောင့် ၄င်းကျေးရွာမှ ရွာသား ၁၀၀ ခန့်သည် ဘေးလွတ်ရာသို့ ခြေဦးတည့်ရာ ထွက်ပြေး ခဲ့ရကြောင်း ဆိုပါသည်။

ထို့အပြင် အစိုးရ ခလရ ၂၆၀၊ တပ်ဖွဲ့အပါဝင် ဦးစခုန်ဒိန်ယင်း BGF ပူးပေါင်း စစ်ဆင်ရေး တပ်ဖွဲ့တို့နှင့် KIA တပ်မဟာ (၁)၊ တပ်ရင်း (၁၀) တပ်ဖွဲ့တို့သည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် (၂) ကြိမ်တိုင် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွား ခဲ့ပါသည်။
အလားတူ ဖေဖေါ်ဝါရီလ (၂၅) ရက်နေ့ တွင်လည်း အစိုးရ ခလရ ၂၉၊ ခမရ ၂၆၀နှင့် BGF ၁၀၀၂ ပူးပေါင်း တပ်ဖွဲ့နှင့် ပင် နံက် ၁၀း၅၅ အချိန်မှ ညနေ  ၃း၃၀ နာရီ အထိ KIA တပ်မဟာ (၁) တပ်ဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွား ခဲ့ပါသည်။ 

ဤကဲ့သို့ အစိုးရ တပ်များ စစ်ဆင် နေသော်လည်း KIA သည် ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ UNFC အဖွဲ့ နှင့် အစိုးရအဖွဲ့တို့ နိုင်ငံရေး ဆွေးနွေးပွဲ အတွက် အကြို ညှိနှိုင်းပွဲ တစ်ခု ကျင်းပရန် ရှိခဲ့ပါသည်။ ထိုအစည်းအဝေး ဆွေးနွေးမှု ပြေလည်ရေးကို ရှေ့ရှုသော အားဖြင့် KIA သည် ထိုကာလ အစိုးရ တပ်များနှင့် ပစ်ခတ်မှုများ မဖြစ်ပွားရန် တတ်နိုင်သမျှ ရှောင်ရှားကြရန် ၄င်းတပ်ဖွဲ့များအား ညွှန်ကြားခဲ့ပါသည်။

တချိန်ထဲတွင် အစိုးရ တပ်ဖွဲ့များသည် KIA စစ်ဆင်ရေး အတွက် စစ်ပြင်ဆင်မှုများ ဆက်တိုက် လုပ်လာခဲ့ပါသည်။ ပြီးခဲ့သည့် ဖေဖ၀ါရီလ ၁၉ ရက်တွင် ရှမ်းပြည် အရှေ့မြောက်ပိုင်း KIA တပ်မဟာ (၄) နယ်မြေထဲသို့ အစိုးရတပ်များ အင်အား တိုးချဲ့လာကြောင်း ဒေသခံများက ပြောပါသည်။ 

ထို့အပြင် ဖေဖာဝါရီ ၂၁ ရက်နေ့ နံနက် ၁ဝး၃ဝ နာရီတွင်လည်း ရှမ်းပြည် မြောက်ပိုင်း နမ်းခမ်းဒေသတွင် အခြေစိုက်ည့် ခမရ ၅၆၈ သည် မန်းဝင်း ကျေးရွာဘက်သို့ ရောက်ရှိလာပြီး ကေအိုင်အေ တပ်များ လှုပ်ရှားနေတည့် လဂတ်ဘော် ကျေးရွာ ဖက်သို့ ဦးတည် လာနေကြောင်း KIA ဘက်က ဆိုပါသည်။ 

                                             KIA ဌာနချုပ် လိုင်ဇာမြို့

တချိန်ထဲတွင် ကချင်ပြည်နယ် မြစ်ကြီးနား ခရိုင်ရှိ ဝါဝင်းနှင့် ကွမ်ဘန့် ဘူးဂါးရုံးကျေးရွာ ဖက် တပ်စွဲထားတည့် တပ်မ ၉၉ လက်အောက်ခံ ခလရ ၇၉ သည်  အင်အား အမြောက်အများ ပြန်လည် ဖြည့်တင်းကာ ဖေဖာဝါရီ ၂၂ ရက်နေ့ မှစတင်ပြီး ကေအိုင်အေ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၅ လှုပ်ရှားရာ ဒေသ လှုပ်ရှား လာခဲ့ကြောင်း KIA ဖက်မှ ဆိုပါသည်။
 
ဖေဖော်ဝါရီလ ၂၄ ရက်နေ့နံနက် ၈ နာရီ အချိန်တွင် ရှမ်းပြည် နယ်မြောက်ပိုင်း KIA, တပ်မဟာ (၄)ဒေသ၊ တပ်ရင်း (၃၆) နယ်မြေဖြစ်သော ပန်ဆိုင်းမြို့နယ် ခလဲန်ကျေးရွာ အနီးတွင် KIA ပြည်သူ့စစ် MHH တပ်ခွဲ (၅) တပ်ဖွဲ့နှင့် အစိုးရတပ်ဖွဲ့ တို့ မိနစ်ပိုင်းမျှ တိုက်ပွဲဖြစ်ပွား ခဲ့ပါသည်။

ဤပစ်ခတ်မှုကြောင့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင်လည်း အင်အား (၂၀၀) ခန့်ရှိသည့် အစိုးရတပ်ဖွဲ့ ခလရ ၆၉၊ ခမရ ၂၄၂ တို့က KIA MHH ပြည်သူစစ် တပ်ခွဲ (၅) တပ်စခန်းကို နံနက် (၁၀) နာရီ အချိန်တွင် ရုတ်တရက် ဝင်ရောက်လာပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ နာရီဝက်ကြားတိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု တပ်ခွဲ (၅) အရာရှိ တစ်ဦးက ပြောပါသည်။
ထို့အတူ ဖေဖော်ဝါရီလ (၂၅) ရက်နေ့တွင် တပ်မဟာ (၅)ဧရိယာရှိ KIA ဗဟိုဌာနချုပ် နယ်မြေထဲသို့ ကားအစင်း ၃၀ ဖြင့် နံနက် ၉ နာရီခွဲ ချိန်တွင် လဂျားယန် အနီးရှိ မန်ဆိုင်းကျေးရွာတွင် ထပ်မံ တိုးချဲ့ ချထားကြောင်း ရှေ့တန်းရှိ KIA အရာရှိ များက ဆိုပါသည်။

၎င်းတပ်ဖွဲ့များသည် ကချင်ပြည်နယ် ဗန်းမော်မြို့ဘက်မှ လုံခြုံရေး ယူနေသော တပ်မ (၇၇) တပ်ဖွဲ့များ ဖြစ်ပြီး အင်အား ၄၀၀ ကျော်ခန့် ရှိနိုင်ကြောင်း KIA မှ ခန့်မှန်း ပြောဆိုပါသည်။

ဤသို့ကြောင့် အစိုးရ တပ်များ၏ စစ်ဆင်ရေး လှုပ်ရှားမှု အခြေအနေကို ကြည့်ခြင်း အားဖြင့် KIA နှင့် ပြီးခဲ့သည့် ဖေဖေါ်ဝါရီ (၄) ရက်နေ့ ကျင်းပခဲ့သည့် တရုတ်နိုင်ငံ ရွှေလီမြို့ ဆွေးနွေးပွဲမှ ရယူခဲ့သော စစ်ပြေငြိမ်းရေး နားလည်မှုသည်၊ ထိရောက်မှု မရှိကြောင်း စစ်ရေး အကဲခတ်များက ယူဆ နေကြပါသည်။ 

အစိုးရသည် KIA  နှင့် နိုင်ငံရေး ဆွေးနွေးပွဲ အမြန် ကျင်းပရန် လိုလားနေပါသည်။ ဤသို့ အမြန်ဖြစ်လာရန် စစ်ရေးနှင့် ဖိအား ပေးနေဆဲဟု KIA ဖက်က ယူဆဖွယ် ရှိပါသည်။ KIA ကမူ အစိုးရ၏ စစ်ရေးလှုပ်ရှားမှု ဖိအားကြောင့် ဆွေးနွေးပွဲရက်များ ရွှေ့ ဆိုင်းနေသည့် အလားအလာ ဖြစ်နေပါကြောင်း အကဲခတ်များက သုံးသပ် ခဲ့ပါသည်။





8:32 PM Posted by Phophtaw 0

ပြေလည်စ ဖြစ်လာသော ကချင်စစ်ပြေး ဒုက္ခသည် ပြသနာ




အဲာပိုန် မတ်လ (၁) ရက်နေ့၊ ရွှေဟသာင်္သတင်းဌာန

ကချင်ပြည်နယ် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) နယ်မြေမှ စစ်ဘေးရှောင် ဒုက္ခသည်များ အတွက် အကူအညီများ ပေးဆောင်ရန် အကူအညီပေးရေး ကိုယ်စားလှယ်များ လိုင်ဇာ ဌာနချုပ်ကို တဖွဲဖွဲ ရောက်ရှိနေကြပြီး ဖြစ်ကြောင်း ဒုက္ခသည် စခန်း တာဝန်ခံ ဦးဒွဲပီဆာက ဆိုပါသည်။ 

“ ဒီလိုပါ ICRC ရယ်၊ ကိုနေမျိုးဇင်တို့ ငြိမ်းချမ်းရေး အဖွဲ့၊ ပြီးတော့ နောက်ထပ် ရောက်ဖို့ ရှိနေသေးတယ်။ အခု မိုးညှင်းကို ရောက်နေပြီး။ ဒီတော့ မနေ့ တနေ့ကဘဲ ICRC အကူအညီ ပေးရေး အဖွဲ့က လာရောက် သွားပါတယ်။ သူတို့အဖွဲ့ဆိုရင် ဒီမှာ ရှိတဲ့ဒုက္ခသည် ပေါင်း ၂၀၀၀၀ လောက်ကို ထပ်မံအကူအညီပေးဖို့ ကြိုးစားသွားမယ်လို့ ပြောကြားသွားတာ ရှိပါတယ်။” ဟု  ဆိုပါသည်။ 

ကမ္ဘာ့ကြက်ခြေနီ အဖွဲ့ ICRC အဖွဲ့သည် လိုင်ဇာမြို့ အနီးရှိသော ဂျေရ ဒုက္ခသည် စခန်းနှင့် ခနွမ်ယန် ဒုက္ခသည် စခန်းများမှ ဒုက္ခသည်များကို သွားရောက်ကြည့်ရှု့ကြပြီး လိုင်ဇာ ပြည်သူ့ ဆေးရုံးကို ဆေးပစ္စည်းများ လှုးဒါန်ခဲ့ပါသည်။ ICRC သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ဗန်မော်-လဂျားယန်- လိုင်ဇာ လမ်းပိုင်းမှ လာရောက် ခဲ့သော်လည်း အစိုးရ တပ်ဖွဲ့များ ဖြတ်ကျော်ခွင့် မပေးသောကြောင့် လှည့်ပြန် ခဲ့ရသည်။ သို့သော် ကမ္ဘာ့ ကြက်ခြေနီ အဖွဲများသည် ဗန်းမော် -လွယ် ဂျယ်-ဘက်မှတဆင့် လိုင်ဇာသို့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ရောက်ရှိသွားခဲ့သည်။

ICRC နည်းတူ မြန်မာ့ လူမှုဘ၀ ဖွံ့ဖြိုး တိုးတက်ရေး ကွန်ယက် အဖွဲ့မှ ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင် ဦးဆောင်သည့် အင် အား (၃၂) ဦးသည်လည်း ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင် လိုင်ဇာမြို့သို့ရောက်ရှိပြီး ဒုက္ခသည်များကို သွားရောက် အကူ အညီ ပေးခွင့် ရရှိခဲ့သည်။

ထို့အပြင် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အတွင်းသို့ ယနေ့ ရောက်ရှိနေကြသော ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ရန် ကုန်မြို့မှ လမ်းလျှောက်လာကြသည့် အဖွဲ့တို့သည် မိုးညှင်း စစ်ဘေးရှောင် ဒုက္ခသည်များအတွက် ကျပ် သိန်း ၁၀၀ ခန့် လှု ဒါန်းခဲ့ကြောင်း ဒေသခံ တဦးက ဆိုပါသည်။

ကချင် စစ်ပြေး ဒုက္ခသည်များအား ကူညီရေးသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့က တရုတ်ပြည် ရွှေလီမြို့တွင် ကျင်း ပခဲ့ သောKIA နှင့် အစိုးရတို့၏ စစ်ပြေငြိမ်းရေး ဆွေးနွေးပွဲ ရရှိပြီးနောက်ပိုင်း ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် အစိုးရဘက်မှ ကူညီ ခွင့်ပြုကြောင်း ထုတ်ပြန် ကြေညာ ခဲ့ပါသည်။

ဤသို့ကြောင့် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ခရစ်ယန် ဂိုဏ်းပေါင်းစုံ အဖွဲ့မှ ကချင်ပြည်နယ် ဖားကန့်ဒေသရှိ ဒုက္ခ သည် များအတွက် ကား (၁၀) စီးဖြင့် လှုဖွယ် ပစ္စည်းများ သွားရောက် အကူအညီ ပေးရာတွင် အစိုးရ တပ်ဖွဲ့များမှ တားဆီး ခဲ့ပါ သည်။
သို့သော် ဖေဖော်ဝါရီလ (၅) ရက်နေ့ နောက်ပိုင်းတွင်မှ အကူအညီမှုများ စတင် လက်ခံ ရရှိလာခဲ့သည်ဟု ဒေသခံ စစ်ပြေး များက ဆိုပါသည်။  ဤသို့ဖြင့် ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် အဆိုပါ ခရစ်ယာန် ဂိုဏ်ပေါင်းစုံ အဖွဲ့သည် ကား (၆) စီးဖြင့် ကံစီရွာ အနီးရှိ ကံစီခိုတွင် ရှိနေသော စစ်ပြေး ဒုက္ခသည်များအား ကူညီခွင့်ရရှိခဲ့သည်ဟု အကူအညီ ပေးရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာဘောက်တူဂျာက ဆိုပါသည်။ 


ဒုက္ခသည်အတွက် အခက်အခဲဖြစ်မှာစိုးသည့်အတွက် တိုက်ပွဲမဖြစ်ရန် ရှောင်ရှားခဲ့သည့်KIA တပ်မတော်(ဓါတ်ပုံ KIA)

ကချင်ပြည်နယ် ဖါးကန့်ဒေသရှိ KIA တပ်ရင်း(၆)သည်လည်း စစ်ပြေးဒုက္ခသည်များအား အကူအညီပေးရာတွင် အဟန့်အ တားဖြစ်လာမည်ကို စိုးရိမ်သဖြင့် အစိုးရတပ်ဖွဲ့များ၏ ထိုစစ်ကို တိုက်ပွဲများမဖြစ်ပွားရန် ရှောင်နိုင်သမျှ ရှောင်ပေးခဲ့သည်ဟု တပ်ရင်းမှူး ဒုတိယ ဗိုလ်မှုးကြီး အင်ခွန်ဇော်ဒွဲ ကဆိုပါသည်။ 

အစိုးရသည် KIA နှင့် အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်ခဲ့သည့် ၂၀
၁၁ ခုနှစ် ဇွန်လနောက်ပိုင်းတွင် ဒုက္ခသည်များအတွက် စားနပ်ရိက္ခာများပေးပို့ခွင့်ပြုရန် KIA ၏ကမ်းလှမ်းမှုကို  ငြင်းဆန်လာခဲ့ပါသည်။

၂၀၁၂ ခုနှစ် မေလတွင် ကုလသမဂ္ဂ အကူအညီပေးရေးအဖွဲ့သည် KIO ထိန်းချုပ်နယ်မြေများရှိ ဒုက္ခသည်စခန်းများသို့ အကူအညီများပေးရန် ကြိုးစားရာတွင် အစိုးရမှလုံခြုံရေး အကြောင်းပြချက်ဖြင့် မကြာခဏ ကန့်သတ်ခဲ့သည်ဟု KIO ဖွဲ့စည်းထားသည့် ဒုက္ခသည်ကယ်ဆယ်ရေး ကော်မတီ IRRC က ဆိုသည်။

KIA သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲထားရာမှ အစိုးရ၏ နယ်ခြားစောင့်တပ်အစီစဉ်ကို လက်မခံသည့်အတွက်၂၀၁၁ ခုနှစ် ဇွန်လတွင်  အစိုးရ၏စစ်ဆင်တိုက်ခိုက်ခြင်းကို ခံခဲ့ရပါသည်။ ဤအချိန်မှစပြီး ၂၀၁၃ခုနှစ် ဖေဖေါ်ဝါရီ (၄)ရက်နေ့မှ
နှစ်ဖက်စစ်ပြေငြိမ်းရေး နားလည်မှု ရခဲ့သည်ဟု ဆိုရမည်ဖြစ်ပါသည်။ သို့သော် တိုက်ပွဲများကြိုကြားရှိနေသေးသည်ဟု KIA ဖက်မှဆိုပါသည်။ 

ဤနှစ်နှစ်နီးပါးကာလအတွင်း ကချင်စစ်ပြေးဒုက္ခသည်ပေါင်း တသိန်းခန့်ရှိခဲ့သည်ဟု လွတ်လပ်သော ဒုက္ခသည်ကော်မီတီ အဖွဲ့များက ခန့်မှန်းခဲ့ပါသည်။ ဤအထဲ အစိုးရအုပ်ချုပ်ရေးဒေသတွင် ဒုက္ခသည် (၆)သောင်းခန့်ရှိပြီး၊ KIA ထိမ်းချုပ်ဒေသ (၄)သောင်းမျှရှိခဲ့ကြောင်း ဆိုပါသည်။


6:01 PM Posted by Phophtaw 0

Facebook Fan Page