Latest Update

ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်

Friday, March 1, 2013

ပြေလည်စ ဖြစ်လာသော ကချင်စစ်ပြေး ဒုက္ခသည် ပြသနာ




အဲာပိုန် မတ်လ (၁) ရက်နေ့၊ ရွှေဟသာင်္သတင်းဌာန

ကချင်ပြည်နယ် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) နယ်မြေမှ စစ်ဘေးရှောင် ဒုက္ခသည်များ အတွက် အကူအညီများ ပေးဆောင်ရန် အကူအညီပေးရေး ကိုယ်စားလှယ်များ လိုင်ဇာ ဌာနချုပ်ကို တဖွဲဖွဲ ရောက်ရှိနေကြပြီး ဖြစ်ကြောင်း ဒုက္ခသည် စခန်း တာဝန်ခံ ဦးဒွဲပီဆာက ဆိုပါသည်။ 

“ ဒီလိုပါ ICRC ရယ်၊ ကိုနေမျိုးဇင်တို့ ငြိမ်းချမ်းရေး အဖွဲ့၊ ပြီးတော့ နောက်ထပ် ရောက်ဖို့ ရှိနေသေးတယ်။ အခု မိုးညှင်းကို ရောက်နေပြီး။ ဒီတော့ မနေ့ တနေ့ကဘဲ ICRC အကူအညီ ပေးရေး အဖွဲ့က လာရောက် သွားပါတယ်။ သူတို့အဖွဲ့ဆိုရင် ဒီမှာ ရှိတဲ့ဒုက္ခသည် ပေါင်း ၂၀၀၀၀ လောက်ကို ထပ်မံအကူအညီပေးဖို့ ကြိုးစားသွားမယ်လို့ ပြောကြားသွားတာ ရှိပါတယ်။” ဟု  ဆိုပါသည်။ 

ကမ္ဘာ့ကြက်ခြေနီ အဖွဲ့ ICRC အဖွဲ့သည် လိုင်ဇာမြို့ အနီးရှိသော ဂျေရ ဒုက္ခသည် စခန်းနှင့် ခနွမ်ယန် ဒုက္ခသည် စခန်းများမှ ဒုက္ခသည်များကို သွားရောက်ကြည့်ရှု့ကြပြီး လိုင်ဇာ ပြည်သူ့ ဆေးရုံးကို ဆေးပစ္စည်းများ လှုးဒါန်ခဲ့ပါသည်။ ICRC သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ဗန်မော်-လဂျားယန်- လိုင်ဇာ လမ်းပိုင်းမှ လာရောက် ခဲ့သော်လည်း အစိုးရ တပ်ဖွဲ့များ ဖြတ်ကျော်ခွင့် မပေးသောကြောင့် လှည့်ပြန် ခဲ့ရသည်။ သို့သော် ကမ္ဘာ့ ကြက်ခြေနီ အဖွဲများသည် ဗန်းမော် -လွယ် ဂျယ်-ဘက်မှတဆင့် လိုင်ဇာသို့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ရောက်ရှိသွားခဲ့သည်။

ICRC နည်းတူ မြန်မာ့ လူမှုဘ၀ ဖွံ့ဖြိုး တိုးတက်ရေး ကွန်ယက် အဖွဲ့မှ ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင် ဦးဆောင်သည့် အင် အား (၃၂) ဦးသည်လည်း ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင် လိုင်ဇာမြို့သို့ရောက်ရှိပြီး ဒုက္ခသည်များကို သွားရောက် အကူ အညီ ပေးခွင့် ရရှိခဲ့သည်။

ထို့အပြင် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အတွင်းသို့ ယနေ့ ရောက်ရှိနေကြသော ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ရန် ကုန်မြို့မှ လမ်းလျှောက်လာကြသည့် အဖွဲ့တို့သည် မိုးညှင်း စစ်ဘေးရှောင် ဒုက္ခသည်များအတွက် ကျပ် သိန်း ၁၀၀ ခန့် လှု ဒါန်းခဲ့ကြောင်း ဒေသခံ တဦးက ဆိုပါသည်။

ကချင် စစ်ပြေး ဒုက္ခသည်များအား ကူညီရေးသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့က တရုတ်ပြည် ရွှေလီမြို့တွင် ကျင်း ပခဲ့ သောKIA နှင့် အစိုးရတို့၏ စစ်ပြေငြိမ်းရေး ဆွေးနွေးပွဲ ရရှိပြီးနောက်ပိုင်း ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် အစိုးရဘက်မှ ကူညီ ခွင့်ပြုကြောင်း ထုတ်ပြန် ကြေညာ ခဲ့ပါသည်။

ဤသို့ကြောင့် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ခရစ်ယန် ဂိုဏ်းပေါင်းစုံ အဖွဲ့မှ ကချင်ပြည်နယ် ဖားကန့်ဒေသရှိ ဒုက္ခ သည် များအတွက် ကား (၁၀) စီးဖြင့် လှုဖွယ် ပစ္စည်းများ သွားရောက် အကူအညီ ပေးရာတွင် အစိုးရ တပ်ဖွဲ့များမှ တားဆီး ခဲ့ပါ သည်။
သို့သော် ဖေဖော်ဝါရီလ (၅) ရက်နေ့ နောက်ပိုင်းတွင်မှ အကူအညီမှုများ စတင် လက်ခံ ရရှိလာခဲ့သည်ဟု ဒေသခံ စစ်ပြေး များက ဆိုပါသည်။  ဤသို့ဖြင့် ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် အဆိုပါ ခရစ်ယာန် ဂိုဏ်ပေါင်းစုံ အဖွဲ့သည် ကား (၆) စီးဖြင့် ကံစီရွာ အနီးရှိ ကံစီခိုတွင် ရှိနေသော စစ်ပြေး ဒုက္ခသည်များအား ကူညီခွင့်ရရှိခဲ့သည်ဟု အကူအညီ ပေးရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာဘောက်တူဂျာက ဆိုပါသည်။ 


ဒုက္ခသည်အတွက် အခက်အခဲဖြစ်မှာစိုးသည့်အတွက် တိုက်ပွဲမဖြစ်ရန် ရှောင်ရှားခဲ့သည့်KIA တပ်မတော်(ဓါတ်ပုံ KIA)

ကချင်ပြည်နယ် ဖါးကန့်ဒေသရှိ KIA တပ်ရင်း(၆)သည်လည်း စစ်ပြေးဒုက္ခသည်များအား အကူအညီပေးရာတွင် အဟန့်အ တားဖြစ်လာမည်ကို စိုးရိမ်သဖြင့် အစိုးရတပ်ဖွဲ့များ၏ ထိုစစ်ကို တိုက်ပွဲများမဖြစ်ပွားရန် ရှောင်နိုင်သမျှ ရှောင်ပေးခဲ့သည်ဟု တပ်ရင်းမှူး ဒုတိယ ဗိုလ်မှုးကြီး အင်ခွန်ဇော်ဒွဲ ကဆိုပါသည်။ 

အစိုးရသည် KIA နှင့် အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်ခဲ့သည့် ၂၀
၁၁ ခုနှစ် ဇွန်လနောက်ပိုင်းတွင် ဒုက္ခသည်များအတွက် စားနပ်ရိက္ခာများပေးပို့ခွင့်ပြုရန် KIA ၏ကမ်းလှမ်းမှုကို  ငြင်းဆန်လာခဲ့ပါသည်။

၂၀၁၂ ခုနှစ် မေလတွင် ကုလသမဂ္ဂ အကူအညီပေးရေးအဖွဲ့သည် KIO ထိန်းချုပ်နယ်မြေများရှိ ဒုက္ခသည်စခန်းများသို့ အကူအညီများပေးရန် ကြိုးစားရာတွင် အစိုးရမှလုံခြုံရေး အကြောင်းပြချက်ဖြင့် မကြာခဏ ကန့်သတ်ခဲ့သည်ဟု KIO ဖွဲ့စည်းထားသည့် ဒုက္ခသည်ကယ်ဆယ်ရေး ကော်မတီ IRRC က ဆိုသည်။

KIA သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲထားရာမှ အစိုးရ၏ နယ်ခြားစောင့်တပ်အစီစဉ်ကို လက်မခံသည့်အတွက်၂၀၁၁ ခုနှစ် ဇွန်လတွင်  အစိုးရ၏စစ်ဆင်တိုက်ခိုက်ခြင်းကို ခံခဲ့ရပါသည်။ ဤအချိန်မှစပြီး ၂၀၁၃ခုနှစ် ဖေဖေါ်ဝါရီ (၄)ရက်နေ့မှ
နှစ်ဖက်စစ်ပြေငြိမ်းရေး နားလည်မှု ရခဲ့သည်ဟု ဆိုရမည်ဖြစ်ပါသည်။ သို့သော် တိုက်ပွဲများကြိုကြားရှိနေသေးသည်ဟု KIA ဖက်မှဆိုပါသည်။ 

ဤနှစ်နှစ်နီးပါးကာလအတွင်း ကချင်စစ်ပြေးဒုက္ခသည်ပေါင်း တသိန်းခန့်ရှိခဲ့သည်ဟု လွတ်လပ်သော ဒုက္ခသည်ကော်မီတီ အဖွဲ့များက ခန့်မှန်းခဲ့ပါသည်။ ဤအထဲ အစိုးရအုပ်ချုပ်ရေးဒေသတွင် ဒုက္ခသည် (၆)သောင်းခန့်ရှိပြီး၊ KIA ထိမ်းချုပ်ဒေသ (၄)သောင်းမျှရှိခဲ့ကြောင်း ဆိုပါသည်။


0 comments:

Facebook Fan Page