Latest Update

ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်

Wednesday, June 26, 2013

Time မဂ္ဂဇင်းအား ပြည်တွင်း၌ ပိတ်ပင်ကြောင်း ကြေညာ



 ရွှေဟင်္သာသတင်းဌာန  

၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့ထုတ် တိုင်းမ် မဂ္ဂဇင်း ၊ အတွဲ (၁၈၂)၊ အမှတ် (၁) ပါ The Face of Buddhist Terror ဆောင်းပါးကို ပြည်တွင်းမှာ ပိတ်ပင်လိုက်ပါတယ်၊ 

အရေးပေါ်ကာလ စီမံခန့်ခွဲရေး ကော်မတီ
ကြေညာချက်အမှတ် ၁/၂၀၁၃
၁၃၇၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်
(
၂၀၁၃ ခုနှစ်၊ ဇွန်လ ၂၅ ရက်)

၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့ထုတ် တိုင်းမ် မဂ္ဂဇင်း၊ အတွဲ(၁၈၂)၊ အမှတ်(၁)
နှင့်စပ်လျဉ်း၍ ကြေညာခြင်း

၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့ထုတ် တိုင်းမ် မဂ္ဂဇင်း ၊ အတွဲ (၁၈၂)၊ အမှတ် (၁) တွင် သံဃာတော် ဦးဝီရသူအား မျက်နှာဖုံးတင်၍ The Face of Buddhist Terror ဆောင်းပါးကို ဖော်ပြခဲ့သည်။

တိုင်းမ်မဂ္ဂဇင်း၏ ဖော်ပြချက်သည် ဗုဒ္ဓဘာသာ သာသာနာအပေါ် အထင်အမြင် လွဲမှားစေပြီး နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဘာသာပေါင်းစုံတို့ အကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်နေခြင်းကိုလည်း ထိခိုက်စေနိုင်ကြောင်း တွေ့ ရှိရပါသည်။ 

ထို့ ကြောင့် အရေးပေါ်ကာလ စီမံခန့် ခွဲရေး ဗဟိုကော်မတီ၏ လုပ်ငန်း တာဝန်နှင့် အညီ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ ထပ်မံ မဖြစ်ပွား စေရေးအတွက် ကာကွယ်နိုင်ရန် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့ ထုတ် တိုင်းမ် မဂ္ဂဇင်း ၊ အတွဲ(၁၈၂)၊ အမှတ်(၁)ပါ The Face of Buddhist Terror ဆောင်းပါးကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွင်း မူရင်းစာစောင်အတိုင်း ဖြစ်စေ၊ မိတ္တူ ပွား၍ ဖြစ်စေ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဖြန့် ချိခြင်း၊ လက်ဝယ်ထားရှိခြင်း မပြုလုပ်ရန် အများပြည်သူ အကျိုးငှာ ကြေညာလိုက်သည်။

အမိန့်အရ
အတွင်းရေးမှူး
အရေးပေါ်ကာလစီမံခန့်ခွဲရေးဗဟိုကော်မတီ

http://www.moi.gov.mm/announcement/25/06/2013/id-463

0 comments:

Facebook Fan Page