Latest Update

ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်

Wednesday, January 16, 2013

ကချင်အရေး ကိစ္စအပေါ် ထားရှိသော အမေရိကန် အစိုးရ၏ သဘောထား



 ရွှေဟင်္သာသတင်းဌာန ဇန်န၀ါရီလ ၁၆ ၂၀၁၃

ယမန်နေ့က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ရဲ့ နေ့စဉ် သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာနိုင်ငံ အကြောင်း ထည့်သွင်း ရှင်းလင်း သွားခဲ့ပါတယ်။ ဗစ်တိုရီးယားနူလန်ရဲ့ ရှင်းလင်းပြောကြားချက်တွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်-

မေး - အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ခင်ဗျား ရဲ့ ထင်မြင်ယူဆချက်တွေ သိရှိလိုပါတယ်။ ဒီကချင်ဆန့်ကျင်သူတွေရဲ့ မြို့ကို ဗုံးထိမှန်တဲ့အခါ အရပ်သားတေါ သေဆုံးခဲ့ ရပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့် အရေး တည်ဆောက်ရေးကြိုးပမ်းအားထုတ်မှုတွေမှာ ဝိုင်းဝန်း ရင်းနှီးမြုပ်နှံကြဖို့ ပေးထားတဲ့အတွက် ဒီကိစ္စ(ကချင်ပြည်နယ်ကိစ္စ)ဟာ မြန်မာနိုင်ငံအတွက် စိုးရိမ်စရာအနေအထား ရောက်နေပြီလား။

မစ္စနူလန် - "ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဒီကိစ္စနဲ့ပတ်သက်လို့ နှစ်ခါလောက် ကျွန်မတို့ ဆွေးနွေးခဲ့ကြပါတယ်။ ကချင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ မြင့်တက်လာတာကြောင့် ကျွန်မတို့ အကျပ်တွေ့ခဲ့ရ ပါတယ်။ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းဖို့၊ တစ်ဖက်နဲ့တစ်ဖက် တွေ့ ဆုံ ဆွေးနွေးရေးကို ရောက်ရှိဖို့ မြန်မာနိုင်ငံအစိုးရနှင့်ရော၊ KIO နဲ့ပါ ကျွန်မတို့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။ သိတဲ့အတိုင်းပဲ အခြားခွဲထွက်ရေး နယ်မြေဒေသအများအပြားမှာ သဘောထားကွဲလွဲမှုတွေကို ဒိုင်ယာလော့နဲ့ ဆွေးနွေးဖို့၊ နိုင်ငံရေးအရဖြေရှင်းဖို့ မြန်မာအစိုးရ ဆောင်ရွက်နေတာတွေက အောင်မြင်နေပါတယ်။ ကချင်ပြည်နယ်မှာလည်း ဒီလိုမျိုး ဖြစ်လာဖို့ ကျွန်မတို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။"

"
ပြီးတော့ သိတဲ့အတိုင်း ကျွန်မတို့အနေနဲ့ တိုင်းရင်းသားလူနည်းစုနယ်မြေ တွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အခြားကိစ္စတွေ ဖြစ်ပေါ်နေတာနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ အခိုင်အမာ ထုတ်ဖော်ပြောကြားထားပြီး ဖြစ်ပါတယ်။ ပြီးတော့လည်း ကုလသမဂ္ဂအေဂျင်စီတွေအနေနဲ့ အရပ်သားပြည်သူတွေကို လိုအပ်တဲ့ ထောက်ပံ့ကူညီမှုတွေ ပေးအပ်ရာမှာ အဟန့်အတား မပြုလုပ်ဘဲ ခွင့်ပြုပေးဖို့ စတဲ့အရာတွေကိုလည်း မြန်မာနိုင်ငံအစိုးရကို ဆက်လက်ပြီး တိုက်တွန်းသွားမှာပါ။"

မေး - ပြီးခဲ့တဲ့သီတင်းပတ်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့မှာ ကချင်အမေ ရိကန်တွေ ဖွဲ့စည်းထားတဲ့ Kachin Alliance ပြည်သူတွေ ဆန္ဒပြခဲ့ကြပါတယ်။ ပြီးတော့ သူတို့ဟာ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ဆန်ရှင်နဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံရဲ့ မူဝါဒကို ပြန်လည်စဉ်းစား သုံးသပ်ဖို့ သမ္မတအိုဘားမားဆီကိုလည်း စာရေးသားပေးပို့ခဲ့ကြပါတယ်။ အိမ်ဖြူတော် ဒါမှမဟုတ် နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ဆန်ရှင်တွေ ရုပ်သိမ်းပေးရေး ဆုံးဖြတ်ချက်တွေကို ပြန်လည် စဉ်းစားသုံးသပ်နေပြီလား သိချင်ပါတယ်။

မစ္စနူလန် -"ကျွန်မအနေနဲ့ အမေရိကန်မူဝါဒ(မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်မူဝါဒ) အပြောင်းအလဲ တစ်စုံတစ်ရာ ထုတ်ပြန်ကြေညာဖို့ မရှိပါဘူး။ ကျွန်မတို့ အနေနဲ့ ဆန်ရှင် ဖယ်ရှားပေးခဲ့တုန်းက ဆက်လက်ဖြစ်ပေါ်လာမယ့် တိုးတက်မှုတွေပေါ် မူတည်နေမယ့် အခြေအနေတွေကို ရှင်းရှင်းလင်းလင်း ပြောကြားထားပြီး ဖြစ်တယ်ဆိုတာကိုလည်း သိပြီးသား ဖြစ်မှာပါ။ ကျွန်မ ရှင်းပြခဲ့တဲ့အတိုင်း ကချင်ပြည်နယ်အတွင်းက အကြမ်းဖက်မှုတွေဟာ ကျွန်မတို့ အခု ဆောင်ရွက်နေတဲ့ ကိစ္စရပ်တစ်ခု ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ ဒီပဋိပက္ခမှာ ပါဝင်တဲ့ နှစ်ဖက် စလုံးကို ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြဖို့ တိုက်တွန်းနိုင်ဖို့ ကြိုးစားဆောင်ရွက်နေပါတယ်။"

မေး - ဒါဟာ မြန်မာအစိုးရရဲ့ နောက်ပြန်ဆုတ်တဲ့ ခြေလှမ်းတစ်ရပ်လို့ ယူဆနိုင်ပါသလား။

မစ္စနူလန် - "ထပ်ပြောရရင် ကချင်ပြည်နယ်မှာ တိုက်ခိုက်မှုတွေ ဖြစ်လိုက်- ရပ်လိုက် ရှိနေတာ နှစ်တွေအများကြီး ကြာခဲ့ပါပြီ။ အခြားလူနည်းစု နယ်မြေတွေမှာ မြန်မာအစိုးရနဲ့ အခြား တိုင်းရင်းသားအဖွဲ့အစည်းတွေ စီးပွားရေးနဲ့ နိုင်ငံရေးကွဲလွဲမှုတွေကို ဆက်လက်ဖြေရှင်း ဆောင်ရွက်ကြဖို့ ဒိုင်ယာလော့တွေ ရရှိနေပြီ ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ တွေ့ မြင်လို တာကတော့ ဒီလို အခြားအဖွဲ့အစည်းတွေနဲ့ ရရှိနေတဲ့ ပုံစံနမူနာမျိုးကို ကချင်ပြည်နယ်မှာ ဖြစ်ပေါ်လာဖို့ပဲ ဖြစ်ပါတယ်။ ဒါဟာ ကချင်ပြည်နယ်မှာ ကျွန်မတို့ မြင်တွေ့လိုတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့အတွက် နှစ်ဖက်စလုံးကို ကျွန်မတို့ တိုက်တွန်းနေပါတယ်။"


Victoria Nuland
Spokesperson
Daily Press Briefing
Washington, DC
January 14, 2013

0 comments:

Facebook Fan Page