Latest Update

ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်

Wednesday, January 16, 2013

တကမ္ဘာလုံး အပစ်ရပ်ဖို့ တိုက်တွန်း နေသည့်ကြားက လဂျားယန် တိုက်ပွဲမှာ ပြင်းထန်ဆဲ



ရွှေဟင်္သာသတင်းဌာန ဇန်န၀ါရီလ ၁၆ ၂၀၁၃ 

ယနေ့ မွန်းလွဲပိုင်း () နာရီခွဲ အချိန်တွင် ခါရာဘွမ်ရှိ KIA စခန်းကိုလေယာ()ကြိမ် ပျံသန်းပြီး ဗုံးများ၊ ဒုံးများဖြင့် ပစ် ခတ် တိုက်ခိုက် ခဲ့သည်ဟု ခါရာဘွမ် စခန်း အနီးရှိ ABSDF ကျောင်းသား ခေါင်းဆောင် တဦးက ဆိုပါသည်။ 

 တိုက်လေယာဉ် ၂ စီးတွဲနဲ့  () ခေါက်ပေါ့ ခါရာဘွမ်ကို ဗုံးဝင်ကြဲခဲ့တာပြီးတော့ လိုင်ဇာ ဌာနချုပ် အနောက်ဘက် တောင်ကုန်း တစ်ဝိုက်ကိုလည်း ရော့ကက်နဲ့ ပစ်သွား ပါသေးတယ်။ အခု ပြောနေတဲ့ အချိန်မှာကိုက ဆက်ချနေတုန်းဘဲ အခုလို ဗုံးကျဲ တာကတော့ မနေက ခါရာဘွမ် မြေပြင်တိုက်ပွဲမှာ သူတို့ထိနာပါတယ်။ ဒါကြောင့် ဒီနေ့ လေကြောင်းနဲ့ပင်းပြင်း ထန်ထန် ထပ်ပြီး တိုက်ခိုက် နေတာဖြစ်မယ်ဟုဆိုပါသည်။ 

အစိုးရ တပ်ဖွဲ့များသည် ဗန်းမော်-လိုင်ဇာ လမ်းကြောင်းပေါ်ရှိ ခါရာဘွမ် စခန်းကို မနေ့ မနက်ပိုင်းမှ စပြီး တပ်ရင်း ၃ ရင်း ဖြင့်စစ်မျက်နှာ နှစ်ဖက်ဖွင့်ကာ တိုက်ခိုက်ခဲ့ပါသည်။ ထိုတိုက်ပွဲ၌ အကျအဆုံး များသဖြင့် မြေပြင် တပ်ဖွဲ့များသည် ဖိုက် တာဂျက် လေယာဉ်၂ စီး နှင့်အတူ ယနေနေ့လည်ပိုင်းတွင် ပြင်းပြင်း ထန်ထန် တိုကိုက် သွားခဲ့ခြင်း ဖြစ်ပါသည်
အစိုးရ တပ်ဖွဲ့များသည် အထိအခိုက် အကျအဆုံး များနေသဖြင့် စစ်ကူပေးရန် ဘွမ်ရယ်ဘွမ်ဘက်မှ အင်အား (၃၀၀)ခန့်  နှင့် ထပ်မံ စစ်ဆင်လာရာ KIA တပ်များနှင့် ညနေအချိန်ထိ တိုက်ပွဲပြင်းထန် နေဆဲဖြစ်ပါသည်။   

 

   
နောက်တန်းရှိ အစိုးရ တပ်ဖွဲ့ဝင်များ မိသားစုများ၏ ဆုတောင်းသံ (ဘုရားတွင်ပွဲတည်ပြီး ဆုတောင်းနေသည့်ပုံ

အစိုးရ လက်နက်ကြီး တပ်ဖွဲ့သည် လိုင်ဇာမြို့ကို ပစ်ခတ် နေဆဲဖြစ်ပါသည်။ ဤသို့ကြောင့် ရွာသားများအား ဘေးကင်းရာသို့ ရွှေ့ပြောင်း ထားရကြောင်း KIA ဖက်က ဆိုပါသည်။ အလားတူ တရုတ် အာဏာပိုင်များကလည်း ကချင် ဒုက္ခသည်များအတွက် လုံခြုံရေး ရှိမည့် နေရာများ၌ စီစဉ် ပေးထားသည်ဟု ဆိုပါသည်။  

ကချင် စစ်ပွဲများ ရပ်တန့်ပေးရန်၊ UN အမေရိကန်၊ ဗြိတိသျှနိုင်ငံ အပါဝင် နိုင်ငံကြီး အချို့နှင့် ပြည်တွင်း အင်အားစုများက တောင်းဆိုနေသော်လည်း အစိုးရသည် စစ်ဆင်ရေးကို ထပ်မံ တိုးမြှင့် လာခဲ့ပါသည်။ 

အစိုးရ စစ်ဆင်ရေးများသည် ပိုမိုပြင်းထန်သလောက် အကျအဆုံးများစွာနှင့် ရှေ့မတိုးနိုင်သေးချေ။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဗိုလ်ချုပ် ထွန်းထွန်းနောင်၏ အမိန့်အရ လဂျားယန်စစ်မျက်နှာမှ စစ်ဆင်ရေးများကို တိုးမြှင့်သွားရန် ရှိ သည်ဟု KIA က ဆိုပါသည်။
အစိုးရသည် အတိုက်အခံ မီဒီယာများကိုပါ တိုက်ခိုက်ခဲ့ပြီး ၄င်းတို့ မီဒီယာများဖြင့် KIA မကောင်းကြောင်းများကို အစီ စဉ်ရှိရှိ တိုက်ခိုက် လာပါသည်။ နည်းပရိယာယ်များကိုလည်း အဆင့်မြှင့်ထားသည့် အနေဖြင့် ၄င်းတို့၏ ခရိုနီမီ ဒီယာများကိုပါ  ဟန်ဆောင်ပြီး တိုက်ခိုက်ပြလာခဲ့သည်ဟု လေ့လာသူများက ပြောပါသည်။ 

အဆိုပါ အစိုးရ ခရိုနီ မီဒီယာများသည် အစိုးရ ခရိုနီမီဒီယာဖြစ်ကြောင်း ထင်ရှားလာသည့်အတွက် ပြန်လည်ဖုံးကွယ်ရန် ဟန်ပြင်အနေဖြင့် တိုက်ခိုက်ပြလာခြင်းဖြစ်သည်ဟု ဝေဖန်နေကြပါသည်။

0 comments:

Facebook Fan Page