Latest Update

ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်

Saturday, January 26, 2013

အမေရိကန်ကြေညာချက် မြန်မာကန့်ကွက်




 ရွှေဟင်္သာသတင်းဌာန ဇန်န၀ါရီလ (၂၆) ၂၀၁၃

အမေရိကန် သံရုံး၏ သတင်းထုတ်ပြန်ချက်အား နိုင်ငံတော်အစိုးရမှ ပြင်းထန်စွာ ကန့်ကွက်ပယ်ချပြီး အသုံးအနှုံးများ အတွက် သတိပေး
==========================================
အမေရိကန် သံရုံးမှ ကေအိုင်အေ၏ အကြမ်းဖက် လုပ်ရပ်များကို ဖော်ပြခြင်း မရှိသည့် သတင်းဖော်ပြချက်များ အတွက် နိုင်ငံတကာမှ အထင်အမြင် လွဲမှားမှုများ ဖြစ်စေနိုင်သဖြင့် ထိုရေးသားဖော်ပြမှုများကို ပြင်းထန်စွာ ကန့်ကွက် ပယ်ချလိုက်သည်ဟု နိုင်ငံခြားရေး ၀န်ကြီး ဌာနမှ သတင်း ထုတ်ပြန်လိုက်သည်။

ထို့အပြင် အမေရိကန် သမ္မတ အိုဘားမားကိုယ်တိုင် မြန်မာဟု သုံးနှုံးခဲ့သော်လည်း အမေရိကန် သံရုံးမှ Burma, Burmese government, Burmese military စသဖြင့် နိုင်ငံတကာ လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်နှင့် ညီညွှတ်မှု မရှိသည့် အသုံးအနှုံး များကိုလည်း ပြင်းထန်စွာကန့်ကွက်ကြောင်း၊ နောင်တွင် မပြုလုပ်ရန် မျှော်လင့်ကြောင်း သတိပေး ထုတ်ပြန်ခဲ့သည်။

0 comments:

Facebook Fan Page