Latest Update

ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်

Monday, January 28, 2013

KIA ဒေသရှိ အစိုးရ တပ်ဖွဲ့ လှုပ်ရှားမှုများ




 ရွှေဟင်္သာသတင်ဌာန ဇန်န၀ါရီလ (၂၈) ၂၀၁၃


ယနေ့ နေ့လည်ပိုင်း (၁၁)နာရီခန့်တွင် လဂျားယန် ကျေးရွာနှင့် လိုင်ဇာ အ၀င်ဝကြားရှိ လ၀ါးယန် ကျေးရွာ အောက်ဖက်၌ လဂျားယန်မှ လှုပ်ရှား လာသော အစိုးရ တပ်ဖွဲ့နှင့် KIA တပ်ဖွဲ့တို့သည် (၁၅) မိနစ်ခန့် ပစ်ခတ်မှုဖြစ်ပွား ခဲ့သည်မှ တပါး ငြိမ်သက်နေသည်ဟု တိုက်ပွဲဖြစ်ပွား သည့်နေရာမှ KIA လ၀ါးယန်တပ်မှူးတဦးကဆိုပါသည်။ 

အစိုးရ တပ်များသည် (၂၆) ရက်နေ့ ညနေ () နာရီခန့်တွင် ခါယာတောင်ကျောကို သိမ်းပိုက်ခဲ့ပါသည်။ အထိအ ခိုက် အကျအဆုံး များလှသဖြင့် ယမာန်နေ့တွင် ခယာတောင်သို့ ရဟတ်ယာဉ်များဖြင့် လူအင်အား၊ ရိက္ခာနှင့် လက်နက် ခဲ ယမ်းမီးများ စစ်ကူပေးပို့ ခဲ့သည်ဟု ဆိုပါသည်။ 

ဤကဲ့သို့ ရဟတ်ယာဉ်များဖြင့် စစ်ကူများပေးပို့ခဲ့ရသလို ဒဏ်ရာရ လူနာများစွာလည်း သယ်ထုတ်ခဲ့ရသည်ဟု ဆိုပါ သည်။ ဤစစ်ကူများသည် KIA မှ ခါယာတောင်ပြန်လည် သိမ်းပိုက်နိုင်ခြင်း မရှိစေရန် အချိန်မှီ စစ်ကူပို့ပေးခြင်းဖြစ်ပြီး၊ လက်နက်ကြီး များလည်း ရွှေ့ပြောင်း နေဖွယ်ရှိသည်ဟု စစ်ရေးအကဲခတ်များက ဆိုပါသည်။ KIA ကမူလိုင်ဇာမြို့အထိ စစ်ဆင်ရန် ပြင်ဆင်ဖွယ် ဖြစ်သည်ဟု တွက်ဆထားပါသည်။
 
သို့သော် KIA တပ်ဖွဲ့များသည် ခါယာတောင် ပတ်ဝန်းကျင် အပါဝင် လိုင်လုံလီစော၊ လဂျားယန်၊ လုံလောနှင့် မိုင်ဂျာ ယန်ပတ်ဝန်းကျင်၌ လှုပ်ရှားနေဆဲဖြစ်ပါသည်။ ယနေ့နေ့လည်ပိုင်း တိုက်ပွဲသည်လည်း KIA တပ်များမရှိနိုင်ဟု ယူဆ ထားဟန်ရှိသည့် အစိုးရ တပ်ဖွဲ့များသည် အမှတ်တမဲ့အတိုက်ခံရသဖြင့် တုန့်ပြန်မှုမပေးနိုင်ဘဲ ပြန်လည်ထွက်ပြေးသွား ခဲ့ခြင်းဖြစ်သည်ဟု KIA တပ်မှူးကဆိုပါသည်။ 


ခါယာတောင် ကျသွားပြီး နောက်ပိုင်း ရှမ်းပြည် အခြေစိုက် KIA တပ်မဟာ (၄) လက်အောက်ခံတပ်ရင်း (၃၆) နယ်မြေဖြစ် သော ဘန်ဆိုင်းဒေသ ဒွမ်အော်ဘက်သို့ အစိုးရ တပ်ဖွဲ့များ စစ်ဆင်လာခဲ့သည်ဟု KIAကဆိုပါသည်။ ထိုစစ်ဆင်လာခဲ့ သော အစိုးရ ခလရ (၂၄၂) ကို ဇန်န၀ါရီ (၂၇) ရက်နေ့ မနက်ပိုင်း (၁၀း၀၀) နာရီခန့်တွင် KIA ဖက်မှ ဆီးကြို တိုက်ခိုက် ခဲ့ ရာ အစိုးရ တပ်ဘက်မှ (၃) ဦး ကျဆုံးကြောင်း ဆိုပါသည်။

ထို့နည်းတူ လိုင်ဇာဖက်ရှိ အရေးကြီး စိုးမိုးနယ်မြေဖြစ်သည့် ခယာတောင် ကျသွားပြီးနောက်ပိုင်း၌ ရှမ်းပြည်မြောက်ပိုင်း ရှိ အစိုးရ တပ်ဖွဲ့များသည်လည်း ပိုမို လှုပ်ရှားလာဖွယ် ရှိသည်ဟု TNLA ပလောင်တပ်မှူးတဦးက ဆိုပါသည်။
 
 ဖါးကန့်မြို့နယ်ရှိ KIA တပ်မဟာ () ဧရိယာတွင်မူ ထိုးစစ်ဆင်နေသောအစိုးရတပ်များသည်၊ အပြစ်မဲ့သည့် ရွာသား များအပေါ်သတ်ဖြတ်ခဲ့ကြောင်း၊ ဖါးကန့်မြို့နယ် ကံစီကျေးရွာအ နီး၌ဆိုင်ကယ် စီးလာသော ဦးဝင်းလူ(၃၀)နှစ်ကျော်နှင့် ဦးမောင်လား (၄၆) နှစ်တို့ ရွာသားနှစ်ဦးကို KIA တပ်သား အဖြစ် စွပ်စွဲပြီး ညနေ () နာရီခန့်တွင် ပစ်သတ်ခဲ့ရာတဦးသေ၊ တဦး ဒဏ်ရာ ရခဲ့သည်ဟု KIAဖက်မှဆိုပါသည်။ အလားတူဇန္နာ ၀ါရီလ (၂၆) ရက်နေ့တွင်လည်း ဒေသခံ ဦးပလောင်ကျင် ဖေါင်ရဲ့ဇနီးဒေါ်ကိုးဝင်းအား ဖါးကန့်မြို့နယ် ကံစီခေါကျေးရွာ အနီးရှိနမ်းကျင် ကျေးရွာ အရှေ့ဖက်၌ အကြောင်းမဲ့ပစ် သတ် ခဲ့သည်ဟု ဒေသခံ တဦးက ဆိုပါသည်။ 

 အမျိုးသမီးတဦး သိရက်သားနဲ့ ပစ်တာဘဲဗျ။ ပြီးတော့သူတို့က ရွာသားတွေကို ခြိမ်းခြောက်ထားတယ်။ ဒီသတင်း တွေမပေါက်ကြားဖို့၊ ပေါက်ကြားခဲ့ရင် ထပ်မံပစ်သတ်ဦးမယ်လို့ဆိုတယ် KIA တွေကတော့ ဒီပတ်ဝန်းကျင်နားမှာ မရှိ တော့ဘူး။ ပြောင်းကုန်ပြီး။ သူတို့ကKIA ကိုမတွေ့တော့ ရွာသားတွေကို လာရန်ရှာတာ သက်သက်ပါဘဲ။ တွေ့သမျှကို သိမ်း၊ဓါးမြတွေနဲ့အတူတူဘဲ။ဟု ဆိုပါသည်။
 
အစိုးရ တပ်ဖွဲ့များသည် KIAအားစစ်ရေးအပြင် မီဒီယာစစ်ဆင်ရေးပါ ပြုလုပ်ခဲ့ပါသည်။ ၄င်းတို့ သတ်ဖြတ်ထားသောရွာ သားများပုံကို ၀ါဒဖြန့်ပြီး KIA အပြစ်ဟု စွပ်စွဲခြင်း၊ ထိခိုက်ကျဆုံးမှုများနေသော အစိုးရတပ်များအတွက် အင်အားဖြစ်စေ ရန် တိုင်းပြည်အတွက် အသက်ပေးလှူခြင်းသည် မွန်မြတ်ကြောင်း၊ မိမိတို့ရထားတွဲများကို ဗုံးခွဲပြခြင်း၊ နိုင်ငံတကာက ကန့်ကွက်နေသည့် လေယာဉ်များဖြင့် ဗုံးကျဲနေမှုကို ဂုဏ်ယူပြခြင်း၊ စစ်တပ်မှကချင်ကျေးရွာများအား မီးရှို့ခြင်းကို ကာကွယ်ဝါဒဖြန့်နေကြသည်ဟု KIA ဖက်ကဆိုပါသည်။ 
 

                        
တနေ့အဖြေပေါ်လိမ့်မည် (ဘယ်သူသေသေငါတေမှာပြီးရော သူတွေအတွက်)

လိုင်ဇာ စစ်ဆင်ရေးတွင် KIA မှ ကျဆုံးမှု အနည်းဆုံးဖြစ်စေရန် စစ်ဆင်နိုင်ခဲ့ပြီး အင်အားပြုန်းတီးခြင်းမရှိဟု စစ်ရေး ကဲခတ်များက ဆိုပါသည်။ ထို့ပြင် လိုင်ဇာ စိုးမိုးကုန်း ကျသွားသော်လည်း KIAသည်နိုင်ငံရေး အရ တကမ္ဘာလုံးသို့ ဟိုးလေး တကျော်ဖြစ်အောင် ဖန်တီးနိုင်ခဲ့ပါသည်။ ဤသို့ကြောင့် လိုင်ဇာ ခံစစ်သေတိုက်ပွဲသည် KIA အတွက်နိုင်ငံရေး အရအောင် မြင်သည်ဟု အဆိုပါ စစ်ရေး အကဲခတ် များက သုံးသပ်နေကြပါသည်။
 
အစိုးရသည်၊ နိုင်ငံတကာ၏ ပစ်တင် ရှုတ်ချမှုကို ခံရသည့်အပြင် သမ္မတအပါဝင် တပ်ချုပ်၏ ဂတိစကားမတည်ပုံနှင့် လိမ်လည် လှည့်ဖျားမှုများကို တကမ္ဘာလုံးက သိသွားခဲ့သည့်အပြင် အကျအဆုံးများလွန်းသဖြင့် တပ်တွင်းစည်းလုံးညီ ညွတ်မှုကို ထိခိုက်စေခဲ့သည်ဟု ဆိုပါသည်။ ထို့အပြင် မြေပြင်စစ်စွမ်းရည်ကျဆင်းသဖြင့် လက်နက်ကြီးများ လိုသည် ထက်ပိုမိုအင်အားသုံးခဲ့ရသဖြင့် အရှုံးနှင့်သာ ရင်ဆိုင်ရသော တိုက်ပွဲများဖြစ်ပါသည်။
 
လိုင်ဇာစိုးမိုးကုန်းတိုက်ပွဲပြီးဆုံးသောအခါ အစိုးရသည် KIA နှင့် နိုင်ငံရေးဆွေးနွေးမှုများဖြစ်လာရန် ကမ်းလှမ်းလိမ့်မည် ဟုယူဆဖွယ်ရှိနေပါသည်။ အစိုးရလိုင်ဇာစစ်ဆင်ရေးသည် KIA ချေမှုန်းခြင်းထက် အစိုးရ၏ဂုဏ် သိက္ခာကိုဆည် ခြင်း ဖြစ်ပါသည်။ဤသို့ကြောင့် အစိုးရသည် ၄င်းတို့သိက္ခာအရ လိုင်ဇာကိုစစ်ဆင်ခဲ့သော်လည်း KIA တပ်များကိုထိမ်းချုပ် နိုင်ခြင်းမရှိပေ။ ဤကဲ့သို့ စစ်ရေးအရ မထိမ်းချုပ်နိုင်သဖြင့် နိုင်ငံရေးနည်းလမ်းဖြင့်သာ ဆက်လက်ထိမ်းသိမ်းသွားဖွယ် ရှိသည်ဟုယူဆစရာဖြစ်လာပါသည်။

 အစိုးရသည် တိုင်းရင်းသား တပ်များအား ချေမှုန်းခြင်းထက် ၄င်းတို့၏ (၂၀၀၈) ဥပဒေလက်ခံရေးနှင့် အင်အားချိုးနှိမ် ထားပြီး ပြုသမျှ နယ်ခြားစောင့် အသွင်ဖြစ်အောင် ဖန်တီးနေခြင်းသာဖြစ်ပါသည်။ သို့မှသာ အာဆီယံ ဥက္ကဌရာထူးရရှိ ရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲ အကြို ပြင်ဆင်ရေးအတွက် သိက္ခာရှိမည်ဖြစ်ပေသည်။ သို့သော် တိုင်းရင်းသားအဖွဲ့များ က လက်ခံလိမ့်မည် မဟုတ်ဟု ယူဆစရာ ရှိလာသည်ဟု စစ်ရေးအကဲခတ်များက ဆိုပါသည်။

KIA ကမူ ရည်မှန်းချက် တခုအထိ ရရှိရန် စစ်ရေးကို လျော့လိမ့်မည်မဟုတ်ဟု စစ်ရေး အကဲခတ်ခတ်များက ယူဆထားပြီး နိုင်ငံရေးဆွေးနွေးမှုကိုမူ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အားလွဲအပ် ထားပြီးဖြစ်ပါသည်။ 

0 comments:

Facebook Fan Page