Latest Update

ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်

Tuesday, January 29, 2013

KIA အပေါ် တဖက်သတ် စွပ်စွဲချက်များ အစိုးရ ၀ါဒဖြန့်နေ



 ရွှေဟင်္သာသတင်းဌာန ဇန်န၀ါရီလ (၂၉) ၂၀၁၃

အဲာပိုန်



ကချင် လွတ်လပ်ရေး တပ်မတော် KIA အဖွဲ့က ဖားကန့်မြို့နယ်ရှိ ရတနာတောင်တန်း ကုမ္ပဏီအား ယမာန်နေ့တွင် မီးရှို့ဖျက် ဆီးခဲ့ကြောင်း အစိုးရ၏ပြန်ကြားရေး ဝန်ကြီးဌာနမှ စွတ်စွဲချက်အပေါ် မဟုတ်မှန်ကြောင်း တပ်ရင်းမှုးဒုတိယဗိုလ်မှုးကြီး အင် ခွန်ဇော်တွဲကဆိုပါသည်။

“ကျနော်တို့ကို စွပ်စွဲလို့ရအောင် သူတို့က ဖန်တီးတဲ့လုပ်ရပ်ဘဲဖြစ်မယ်။ ကျနော်တို့က ၁၉ ရက်နေ့ နောက်ပိုင်းမှာ သေနတ် သံတစ်ချက်မှ မဖောက်ရပါဘူး။ သူတို့တပ်ဖွဲ့က ကျနော်တို့တပ်ဖွဲ့တွေ လာတိုက်တော့မှ ပြန်လည်ပစ်ခတ်ခဲ့တာပါ။ အခုလဲ ကျနော်တို့ တပ်ခွဲ(၂) စခန်းရှိတဲ့ နေရာကို စစ်ကြောင်း(၂) ကြောင်းနဲ့ မနေ့ကတည်းက သူတို့က လိုက်ရှာနေတယ်။ ဒီလို အ ခြေအနေမှာ မိုင်းထောင်ဖို့ မီးရှို့ဖို့ ဆိုတာမပြောနဲ့ တိုက်ပွဲမဖြစ်ချင်လို့ ကျနော်တို့ တပ်ခွဲ (၂) က လိုက်ပြီး ရှောင်ပေးလိုက်သေး တယ်။” ဟုဆိုပါသည်။

တမင် ဖန်တီးသည့် နေရာတွင် လူသေခြင်း၊ ရထားပျက်စီးခြင်း၊ ကျေးရွာ၊ စက်ရုံစသဖြင့် မည်သည့်အရာကိုမဆို မီးရှို့ခြင်း၊ ဖျက်ဆီးခြင်းများကို  လုပ်ဆောင်ကြပါသည်။ အကြောင်းမှာ KIA အား အကြမ်းဖက် အဖွဲ့ဖြစ်ရန် တွန်းပို့စေလိုသော ရည် ရွယ်ချက်ပင်ဖြစ်သည်ဟု KIA ဖက်မှ ဆိုပါသည်။ သို့သော် အစိုးရ ပြောသမျှ၊ ၀ါဒဖြန့်သမျှသည် အများက လက်မခံကြောင်း ကို ယမန်နေ့က ထုတ်ပြန်သော  ကာကွယ်ရေး ၀န်ကြီး ဌာန၏ ကြေညာချက်က သက်သေပြနေသည်ဟု အကဲခတ်များက ဆိုပါသည်။

အစိုးရ တပ်ဖွဲ့များသည် ဇန္နာဝါရီလ (၁၅) ရက်နေ့ကပင် ဖားကန့်မြို့နယ်ရှိ KIA တပ်ရင် (၆)၊ လက်အောက်ခံတပ်ခွဲစခန်းများ ရှိသည့် နေရာများကို စစ်ကြောင်း (၃) ကြောင်းဖွဲ့ပြီး အင်အား (၄၀၀) ခန့်ဖြင့် လိုက်လံတိုက်ခိုက်နေခဲ့ပါသည်။
ဤအစီစဉ်ကြောင့် ဇန္နာဝါရီလ (၁၈) ရက်နေ့တွင် ဆန်ခါ၊ ကံစီ ကျေးရွာအနီးရှိ KIA တပ်ခွဲ (၃)စခန်းနှင့် တပ်ရင်း(၆)စခန်း ဟောင်းကို အစိုးရတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါသည်။ 

ပြီးခဲ့သည့် ဇန္နာဝါရီလ (၂၃) ရက်နေ့တွင်လည်း KIA တပ်ရင်း(၆)၏ တပ်ခွဲ (၉) စခန်းကို အစိုးရတပ်ဖွဲ့များက လာရောက်တိုက် ခိုက်ခဲ့သည့်အပြင် ယနေ့ေ န့လည်ပိုင်းတွင်လည်း တပ်ခွဲ (၂) စခန်းရှိရာသို့ လာရောက် တိုက်ခိုက်ခဲ့ပြန်ပါသည်။ KIA ဖက်မှာ မူ တိုက်ပွဲများ မဖြစ်စေလိုသောကြောင့် ရှောင်ပေးလိုက်သည်ဟု KIA တပ်ရင်း (၆) တပ်မှူးက ဆိုပါသည်။ 


                                                 
အစိုးရ တပ်ဖွဲ့မှ လ၀ါးယန်ကို မီးရှို့ထားပုံ

အလားတူ ရှမ်းပြည်မြောက်ပိုင်းရှိ KIA တပ်မဟာ (၄) ဧရိယာရှိ တအာင်းပြည် လွတ်လပ်ရေး တပ်ဦး(PSLF) နယ်မြေဖြစ် သော၊ မန်တုံမြို့နယ်၊ ကွတ်ခိုင်မြို့နယ်နှင့် နမ့်ဆန်မြို့နယ်တို့တွင် အစိုးရ စစ်ကြောင်းများ ထိုးစစ်ဆင်လျှက်ရှိကြောင်း၊ ဤ အတိုင်းဆိုလျှင် မကြားမီ တိုက်ပွဲကြီးများ ဖြစ်ပွားလာနိုင်ကြောင်း PSLF အတွင်းရေးမှူး တာဘုန်းကျော်က ဆိုပါသည်။

“ကွတ်ခိုင် ဘက်မှာစစ်ကြောင်း (၃) ကြောင်း၊ မန်တုံမှာ စစ်ကြောင်း (၃) ကြောင်းနဲ့ နမ်းဆန်ဘက်မှာ စစ်ကြောင်း (၅) ကြောင်းဖြင့် လှုပ်ရှားနေပါတယ်။ ဒီအတိုင်း ဆက်လှုပ်ရှားနေမယ် မရပ်ဘူးဆိုရင်တော့ ကျနော်တို့ဘက်ကလဲ နေလို့မရ တော့ဘူးလေး။” ဟု တာဘုန်းကျော်က ဆိုပါသည်။

ထို့အပြင် ယနေ့ မနက်ပိုင်းတွင် KIA ဌာနချုပ် လိုင်ဇာအနီးရှိ အစိုးရတပ်ဖွဲ့တို့သည် ခါ့ယာဘွမ်တောင်ခြေနှင့် ဘွမ်ရယ် တောင်ခြေတို့ အစိုးရတပ်ဖွဲ့များ အလန့်တကြား ပစ်ခတ်ခဲ့မှုရှိကြောင်း KIA လဝါယန် တပ်မှူးက ဆိုပါသည်။

“ ဒီနေ့ သူတို့ လှုပ်ရှားမှုတော့ မတွေ့ ရသေးဘူး။ ဒီ မနက်မှာတော့ အဲဒီ ခါ့ယာတောင်ခြေနဲ့ ဘွမ်ရယ် တောင်ခြေဘက်မှာ ဘာတွေ လန့်နေသလဲတော့ မသိဘူး တချိန်လုံး ပစ်ခတ်နေတဲ့ အသံတော့ ကြားနေရပါတယ်။ တိုက်ပွဲ ဖြစ်တာတော့ မ ဟုတ်ပါဘူး။ တိုက်ပွဲတွေကတော့ သူတို့ မလာဘူးဆိုရင် ကျနော်တို့နဲ့ တိုက်ပွဲဖြစ်စရာ အကြောင်းမရှိပါဘူး။” ဟု တပ်မှူးက ဆိုပါသည်။

အစိုးရ ကာကွယ်ရေး ၀န်ကြီး ဌာနသည် (၁၉) ရက်နေ့ကတည်းက ပစ်ခတ်မှု မပြုလုပ်ခဲ့ကြောင်း ယမာန်နေ့က ကြေညာချက် ထုတ်ပြန်ပြီး ဗြောင်လိမ်ခဲ့ပါသည်။ KIA ထိုးစစ်နှင့် ပတ်သက်ပြီး အစိုးရသမ္မတအပါဝင် ၊ ကာချုပ်နှင့် ပြောရေးဆိုခွင့်ရှိသူများ၊ ကြံ့ခိုင်ရေး လွှတ်တော် အမတ်များနှင့် ကာကွယ်ရေး ၀န်ကြီးဌာနများကပါ မြန်မာကိုရော ကမ္ဘာကိုပါ ဗြောင်လိမ်နေခဲ့ပါသည်။

ထို့အပြင် အစိုးရ အားပေးသော မီဒီယာများပါ လိမ်လည် ၀ါဒဖြန့်လျက်ရှိနေပါသည်။ အစိုးရတပ်ဖွဲ့များက တမင်ဖန်တီးထား သောဖေါက်ခွဲမှုများ၊ ပစ်သတ်မှုများ၊ အဓမ္မ သိမ်းဆီး နေမှုများအားလုံးကို KIA အား စွပ်စွဲထား ပါသည်။  

KIA သည် တိုင်းရင်းသား အခွင့်အရေးအတွက် ဖြစ်ပေါ်နေသော နိုင်ငံရေးပြသနာကို ဆွေးနွေးစေရန် တောင်းဆိုနေခြင်းဖြစ်ပါ သည်။ အစိုးရသည် အပစ်အခတ်ရပ်စဲရေးကို အရင်ရယူရန် လိုလားနေပါသည်။ 

KIA သည်အစိုးရ၏ လိုလားချက် အပေါ် သံ သယဖြစ်နေခဲ့ပါသည်။ ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့ပြီးဖြစ်သည်။ ထိုအချိန် အစိုးရ သည် နိုင်ငံရေးပြသနာကို ဆွေးနွေးမည်ဟု ဂတိပေးခဲ့သော်လည်း ၂၀၁၀ ရွေးကောက်ပွဲသို့ ရောက်လာသောအခါ အပစ်အ ခတ် ရပ်စဲထားသော တိုင်းရင်းသားအဖွဲ့များကို နယ်ခြားစောင့်တပ် လုပ်ခိုင်းစေခြင်းဖြင့် အပစ်အခတ်ရပ်စဲရေး ပျက်ပြားခဲ့ရ ပါ သည်။ 

ယခုလည်း ဤအတိုင်းပင်ဖြစ်ပါသည်။ ၂၀၀၈ အခြေခံဥပဒေအတိုင်း တိုင်းရင်းသား အဖွဲ့များကို ပါတီဖွဲ့ခိုင်းပြိး လွှတ်တော် ထဲဝင်ရေးကို ဖိအားပေးနေခဲ့ပါသည်။ ယခုတိုက်နေသော KIA စစ်ပွဲသည် ထိုဖိအား၏ အကျိုးဆက်ဖြစ်ပါသည်။  ဤသို့ ကြောင့် သမ္မတအပါဝင် အစိုးရအဖွဲ့အားလုံးမှ လိမ်လည်လှည့်ဖျားပြီး အပစ်ရပ်ခိုင်း နေသည့်အတွက် KIA မှလက်မခံနိုင် ခြင်းပင် ဖြစ်သည်ဟု စစ်ရေးအကဲခတ်များက ဆိုပါသည်။

0 comments:

Facebook Fan Page