Latest Update

ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်

Thursday, January 31, 2013

KIA နှင့် အစိုးရတို့ ဆက်လက် တိုက်ပွဲဖြစ်နေဆဲ



ရွှေဟင်္သာသတင်းဌာန ဇန်န၀ါရီလ (၃၁) ၂၀၁၃

ယမာန့်နေ့ ညနေ () နာရီ အချိန်တွင် အစိုးရ၏ အမှတ် () စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် လက်အောက်ခံတပ်ဖွဲ့နှင့် KIA တပ်မဟာ () လက်အောက်ခံ တပ်ရင်း() တပ်ခွဲ အဖွဲ့နှင့် ဖါးကန့်မြို့နယ် ဂွေခါကျေးရွာ အနီးတွင် မိနစ်(၃၀)ခန့်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အစိုးရ တပ်များ နောက်ဆုတ် ပေးခဲ့ရသည်ဟု KIA တပ်ရင်း () တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး အင်ခွန်ဇော်တွဲက ဆိုပါသည်။ 

အစိုးရတပ်က အမြဲတမ်း လိုက်တိုက်နေတာ့ ရှောင်လေ လာရှုပ်လေဖြစ်နေတဲ့ အတွက်ကြောင့် ကျနော်တို့ဖက်က သီး မခံနိုင်တော့လို့ တပွဲခံ ချလိုက်တာပါ။ ဒီတော့ ဒီပွဲမှာ အထိနာ သွားပုံရပါတယ်။ အဝေးဆုံးကို နောက်ဆုတ်သွားလိုက်တာပါဘဲ။ဟုဆိုပါသည်။ 

ဤတိုက်ပွဲသည် KIA တပ်ရင်း () လက်အောက်ခံ ညောင်ထောက်စခန်းမှ တပ်ခွဲ () တပ်ဖွဲ့နှင့် စစ်ကြောင်း ()ကြောင်း ဖြင့် အင်း (၄၀၀) ခန့်ရှိသော ကယားပြည်နယ် အခြေစိုက် အစိုးရ၏ အမှတ်()စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ ၇) တပ်ဖွဲ့များ အနက်မှ အင်အား(၁၀၀) ခန့် ရှိသည့် စစ်ကြောင်းတို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။ 

KIA တပ်မဟာ () တပ်ဖွဲ့သည် တနိုင်းလွင်ပြင်ကို အခြေစိုက်သော တပ်မဟာဖြစ်ပြီး အင်အား တထောင်ကျော်ရှိ သည် ဟု အကဲခတ်များက ဆိုပါသည်။ ဤတပ်မဟာ နယ်မြေထဲသို့ အစိုးရ စကခ() တပ်ဖွဲ့များ အပါဝင် ကချင်ပြည်နယ်ဒေ သခံတပ်အင်အား (၂၀၀၀) ခန့်က ယခုလန်ဆန်းကတည်းက လိုက်လံပြီး စစ်ဆင်နေသည်ဟု KIA ဖက်မှဆိုပါသည်။ 

အလားတူ KIA တပ်မဟာ() ဧရိယာဖက်သို့ ယနေ့ မနက် ၉ နာရီခန့်တွင် အစိုးရစစ်ကား အစီး ၅၀ ခန့်သည် ရိက္ခာ များနှင့် ရဲဘော်များအပြည့်တင်ဆောင်ပြီး မြစ်ကြီးနားမြို့မှ မြစ်ဆုံဘက်သို့ တက်သွားခဲ့သည်ဟု ဒေသခံများကဆိုပါ သည်။ ဤတပ်ဖွဲ့များသည် KIAတပ်မဟာ () ကို စစ်ဆင်ရာတွင် စစ်ကူဖြည့်တင်းဖွယ်ရှိသည်ဟု KIA ဖက်မှတွက် ဆထားပါသည်။

ထို့အပြင် KIA ဌာနချုပ်ဖြစ်သော လိုင်ဇာအနီးရှိ ခါယာတောင်၊ ဖွန်ပျဉ်ဘွမ်တောင်နှင့် ဘွမ်ရယ်တောင်ရှိ KIA တပ်မ ဟာ () ဌာနချုပ်တို့ကို စစ်ဆင်ရန်ဒေါ့ဖုန်ယန်းမှ စစ်ကူများ ပေးပို့နေသည်ဟု ၄င်းစစ်မျက်နှာဖက်ရှိ ABSDF တပ်ဖွဲ့မှ ရှေ့တန်းစစ်ဆင်မှုကွပ်ကဲရေးတပ်မှူးတဦးက ဆိုပါသည်။
အစိုးရသည် KIA အားတပ်ရင်းပေါင်း(၁၀၀)နှင့် (၁၃၀)ကြားရှိသည့် အင်းအား(တသောင်းခွဲခန့်)သုံးပြီးစစ်ဆင်နေသည် ဟု KIAကဆိုပါသည်။ ဤအထဲ၌ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်ဖွဲ့များ၊ မရှေ့မြောက်တိုင်း၊ အနောက်မြောက်တိုင်း အပြင် တပ်မ ၁၀၁ ၊ တပ်မ ၉၉၊ တပ်မ ၈၈ ၊ တပ်မ ၆၆ ၊ တပ်မ ၃၃၊ စကခ ၂ ၊ စကခ ၃  ၊ စကခ() နှင့် စကခ ၂၁ စသည့် တပ်များပါဝင်ပြီး အထူးတပ်များလည်း အများအပြားပါဝင်ခဲ့သည်ဟု နယ်စပ်စစ်ရေး အကဲခတ် တဦးက ဆိုပါ သည်။

ထို့အပြင် မြေပြင်ပစ် အမြောက်တပ်ရင်းများအပါဝင် ရေတပ်ဖွဲ့ ဌာနချုပ်၊ အခြားတိုင်းတပ်များနှင့် စကခဌာနချုပ်များမှ လည်း စစ်ကူများ ထပ်မံ ပေးပို့လျက်ရှိသည်ဟု KIA ဖက်က ဆိုပါသည်။ 

KIAသည် အစိုးရနှင့်ဆွေးနွေးနိုင်ရန် ၀ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSA) ၏ ကြားဝင်ကမကထလုပ်ပေးမှုကို လက်ခံခဲ့သည်ဟု သတင်းများက ဆိုပါသည်။ (UWSA)၌ လေယာဉ်ပစ်ဒုံးများ၊ သံချပ်ကာကားများ ရှိနေသဖြင့် KIA နှင့် နီးစပ်သွားမည်ကို အစိုးရဖက်မှ စိုးရိမ်ဖွယ်ရှိနေပါသည်။ ဤလုပ်ရပ်သည်လည်း အစိုးရအား စစ်ရေး အရ ခြိမ်းခြောက်ရာ မြောက်သည်ဟု ယူဆကြပါသည်။ 
ဤကဲ့သို့ စစ်ရေးဒဏ်ခံခဲ့ရသော KIA နှင့် (UWSA) တို့ နီးစပ်မှုကို အစိုးရမှလိုလားဖွယ်မရှိနိုင်ပေ။ သို့သော်လည်း နီး စပ်မှုဖြစ်လာရန် အခြေအနေက ဖြစ်လာနေပါသည်။ (UWSA)သည် ပါတီဖွဲ့ပြီး ရွေးကောက်ပွဲဖြင့် လွှတ်တော်ဝင် ရေး နှင့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေး ဆိုသည့် ဖိအားကို နဂိုကတည်းက ခံထားရသည့် အဖွဲ့ဖြစ်ပါသည်။
ဤသို့ကြောင့် (UWSA)သည် ၄င်းတို့၏ ပန်းဆန်းဌာနချုပ်၌ နှစ်ဖက်ဆွေးနွေးကြရန် ပန်းကြားခြင်းဖြင့် KIA နှင့် အစိုးရ တို့၏ စစ်ရေးကိစ္စ၌ ပါဝင်လာခြင်းဖြစ်ဖွယ်ရှိနေကြောင်း အကဲခတ်များက ဆိုပါသည်။

0 comments:

Facebook Fan Page