Latest Update

ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်

Wednesday, January 16, 2013

KIA တပ်ရင်း (၂၃) ပွိုင့် (၇၇၁) ၌ တိုက်ပွဲပြင်းထန်




 ရွှေဟင်္သာသတင်းဌာန ဇန်န၀ါရီလ ၁၆ ၂၀၁၃ အဲာပိုန်

KIA တပ်ရင်း(၂၃) ဖြစ်သော ပွိုင့် (၇၇၁) စခန်းမှ အစိုးရ တပ်များသည် ၄င်းစခန်း ပတ်ဝန်းကျင်ကို ရှင်းလင်းရန် မနေ့က ထိုးစစ်ဆင် ခဲ့ရာ အကျအဆုံး များစွာ ရှိခဲ့သည်ဟု ကျောင်းသား တပ်မတော် ဒုတိယ စစ်ရေး တာဝန်ခံ ဗိုလ်မှူး ကိုပေါက်က ဆိုပါသည်။

 “ ခါရာဘွမ် ကို သူတို့ စစ်ထိုးဆင်နေတာ ၅ ရက် ရှိပြီး။ မနေ့က မနက် ၇ နာရီခွဲမှာ ဆိုရင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်တယ်။  လေယာဉ်နဲ့ လာပစ်တယ်။ ၂ နာရီခွဲမှာ တကြိမ်၊ ၃ နာရီ မိနစ် ၄၀ အချိန်မှာ တကြိမ် လေယာဉ် ၂ စင်းနဲ့ လာပစ်ခဲ့တယ်။ ဒီနေ့လဲ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်။ ၂ နာရီ ၁၅ မိနစ်မှာ လေယာဉ်နဲ့ လာပစ်ပြန်တယ်။” ဟု ဆိုပါသည်။

အကျအဆုံး များစွာ ရှိသော်လည်း ယနေ့ မနက် ၇ နာရီခန့်တွင် ထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်ပြန်ပါသည်။ အစိုးရ၏ ထိုးစစ် ဆင် တပ်ဖွဲ့များအား KIA နှင့် ကျောင်းသား တပ်မတော်တို့က ဖြတ်တောက် တိုက်ခိုက်သဖြင့်  အစိုးရ တပ်ဖွဲ့များ ရှေ့မ တိုးနိုင်သေးဟု ဆိုပါသည်။  ဤသို့ကြောင့် တိုက်လေယာဉ် ၂ စင်း၂ နာရီ ၁၅ မိနစ် အချိန်တွင် လာရောက် ဗုံးကျဲခြင်း ၊ စက်သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခြင်းနှင့် မြေပြင်ပစ် ဒုံးများ အသုံးပြု ပစ်ခတ် တိုက်ခိုက် လာခဲ့သည်။

ယခု တိုက်ပွဲဖြစ်ပွားသည့် နေရာသည်  လိုင်ဇာ၏ အနောက်ဘက် ရှိပြီး ၅ မိုင်ခန့် အကွာတွင် ရှိပါသည်။ ဤနေရာသည် KIA တပ်ရင်း (၂၃) နှင့် (၂၄)အတွက် အဓိက ကျသည့် အရှေ့ကာ ကင်းစခန်း တခုလည်းဖြစ်နေပါသည်။ လိုင်ဇာကို စိုးမိုးနိုင်ရန် ဤနေရာ ရရှိရေးသည်  အစိုးရ တပ်ဖွဲ့များအတွက် လွန်စွာအရေးကြီး ပါသည်။ ဤသို့ကြောင့် (၁၇) ရက် တိုင်တိုင် မြေပြင်နှင့် ဝေဟင်ကို အသုံးချပြီး စစ်ဆင်နေခြင်းဖြစ်ပါသည်။

“ လာပစ်တဲ့ လေယာဉ်က ၆ စင်း ၊ တခါလာတာ ၂ စင်းတွဲ ၊ ၃ ခေါက် လာပစ်သွားတယ်ဗျ။ စက်သေနတ်နဲ့လဲ ပစ်တယ်။ နောက်ပြီး ဗုံကျဲချတယ်။ မြေပြင်ပစ် ဒုံးတွေနဲ့လဲ ပစ်တယ်။ အပြင်းအထန်ပါဘဲ။ အခု ၅ နာရီခွဲမှာ ဒီ \ဘွမ်ရီဘွမ် ၇၇၁ ဘက် မှာလဲ ပစ်ခတ်နေတုန်း” ဟု ဗိုလ်မှူးက ဆိုပါသည်။

အစိုးရ ပြန်ကြားရေး ၀န်ကြီး ဌာန ဒုတိယ ၀န်ကြီး ဦးရဲထွဋ်ကမူ ယခု ရက်ပိုင်းအတွင်း ဖြစ်ပွားနေသော စစ်ပွဲများသည် လဂျားယန် စခန်း ပတ်ဝန်းကျင်ရှိ တောင်ကုန်းများကို ရှင်းလင်း သိမ်းပိုက်ခြင်းသာ ဖြစ်ပြီး လိုင်ဇာကို ထိုးစစ်ဆင်နေခြင်း မဟုတ်ကြောင်း ဇန်န၀ါရီလ ၁၆ ရက်နေ့ထုတ် 7 Days News ဂျာနယ် အင်တာဗျူးတွင် ပြောကြား ခဲ့ပါသည်။ 


 KIA သည် ဘွမ်ရီဘွမ် ပွိုင့် ၇၇၁စခန်းကို လက်လွှတ် ထားရသော်လည်း စခန်း ပတ်ပတ်လည်ကို ၀ိုင်းရံထားခြင်း ဖြစ်ပါသည်။ ဤသို့ကြောင့် ဘွမ်ရီဘွမ် စခန်းရှိ အစိုးရ တပ်များ ထွက်ပေါက်မရှိသဖြင့် ပိတ်မိနေသည်မှာ (၃) ပတ်ခန့် ရှိနေပြီးဖြစ်သည်။ တချိန်ထဲ ၄င်းအနီးရှိ KIA တပ်ရင်း (၂၄) ကိုပါ အစိုးရ တပ်ဖွဲ့များက ကြည်းလေ နှစ်မျိုး စလုံး ပြင်းထန်စွာ စစ်ဆင် ခဲ့သော်လည်း အကျအဆုံး များစွာနှင့် စစ်ဆင်ရေး ရပ်တန့် ထားရပါသည်။

ဤအခြေအနေမှ KIA တပ်များသည် ပြီးခဲ့သည့် အပတ်ကစပြိး လဂျားယန် စစ်မျက်နှာကို တန်ပြန် စစ်ဆင်ခဲ့ရာ အစိုးရလေ ကြောင်းမှ အကူအညီ ပေးခဲ့ရသဖြင့် ရဟတ်ယာဉ်တစင်း ပစ်ချခြင်း ခံရခြင်းဖြစ်ပါသည်။  ဤအခြေအနေကြောင့် အစိုးရ တပ်များသည် တန်ပြန် စစ်ဆင်သဖြင့် ယခုကဲ့သို့ တိုက်ပွဲများ ထပ်မံ ပြင်းထန် လာပြန်ပါသည်။
ဤအပတ် ထပ်မံ စစ်ဆင်ရေးတွင် အစိုးရ လက်နက်ကြီး တပ်ဖွဲ့သည် လိုင်ဇာကို ဦးတည်ပြီး တိုက်ခိုက် လာခဲ့ပါသည်။ အရပ်သားများ ထိခိုက် သေဆုံးမှုများ ဖြစ်လာသည့် အတွက် တရုတ် အစိုးရကပါ ကချင်စစ်ပြေး ဒုက္ခသည်များကို တရုတ်နိုင်ငံ ဖက် နေရာချ လာခဲ့ရခြင်းဖြစ်ပါသည်။
အစိုးရ၏ (၇)မိုင် (၀ါ) လိုင်ဇာ စစ်ဆင်ရေးသည် မြောက်ပိုင်းတိုင်း တိုင်းမှူး၏ ဒီဇင်ဘာ (၂၅)ရက်နေ့ ရာဇာသံပြီး နောက်ပိုင်း အထူး စစ်ဆင်ရေးဖြင့် တိုက်ခိုက် လာခဲ့သော်လည်း ယနေ့အထိ ရှေ့တိုးနိုင်ခြင်း မရှိသေးသလို ထိခိုက် သေဆုံးမှု များစွာနှင့် စစ်ကူ အခက်အခဲနှင့်ပါ ရင်ဆိုင်နေရသည်ဟု ဆိုပါသည်။

0 comments:

Facebook Fan Page