Latest Update

ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်

Tuesday, January 22, 2013

ရဲဘော်များကို စိတ်ကြွဆေး ကျွေးပြီး အစိုးရ စစ်ဆင်နေ





ရွှေဟင်္သာသတင်းဌာန ဇန်န၀ါရီလ (၂၂) ၂၀၁၃


ဇန္နာဝါရီလ (၁၉) ရက်နေ့မှ ဆက်တိုက် စစ်ဆင်နေသော အစိုးရ တပ်ဖွဲ့တွင် ရဲဘော်များကို စိတ်ကြွဆေး ကျွေးပြီး တိုက်ခိုက်စေသည်ဟု ဖမ်းမိသည့် သုံ့ပန်း တဦးမှ သိရကြောင်း KIA ရှေ့တန်း တပ်မှူးက ဆိုပါသည်။ 

တက်လာတဲ့ ရဲဘော်တွေက သေနတ်ကိုသာ ကိုင်ထားတာ ဘဲရှိတယ်။ သေနတ် မပစ်ဘဲနဲ့ ဒီအတိုင်း လျှောက်တက် လာတာ။ သူတို့ရှေ့မှာ သူ့လူတွေသေတာ သိရက်နဲ့ အေးအေးဆေးဆေးဘဲ အကာအကွယ်မရှိဘဲ တလှမ်းချင်းကို တက်လာတာပါ။ ဒါနဲ့ ကျနော်တို့ မပစ်တော့ဘဲ လွှတ်တင်လိုက်တော့ ဖမ်းလိုက်တယ်။ ဒါလည်းပြုံးပြုံး လေးဘဲဗျ။ နောက်နေ့မနက် ဆေးရှိန်ကုန်တော့မှ သူသတိရတော့ ကျနော်တို့ မေးကြည့်တယ်။ သူဘာမှ မသိဘူးလို့ဖြေတယ်။ တက်ခိုင်းလိုက်တာဘဲ သူသိတယ်။ဟု ဆိုပါသည်။ 

တပ်မ (၁၀၁) သည် ဇန္နာဝါရီလ (၁၉) ရက်နေ့မှ (၂၁) ရက်နေ့အထိ ခါရာတောင်ကြောနှင့် လာဂတ်တောင်ကို စစ်ဆင် နေရသော တပ်ဖွဲ့များ ဖြစ်ပါသည်။ ဤတပ်ဖွဲ့များသည် ထိခိုက် ကျဆုံးမှုများသဖြင့် တပ်ပျက်သည့် တပ်ရင်းများ ရှိလာခဲ့ ပါသည်။ စစ်ဆင်ရာတွင်လည်း ထိခိုက် ကျဆုံးမှုများသဖြင့် အမိန့် မနာခံတော့သည့် အခြေအနေကြောင့် စိတ်ကြွဆေးကို သုံးပြီး စစ်ဆင်ခိုင်းနေခြင်း ဖြစ်ပါသည်။  


                                           KIA ရှေ့တန်းတပ်ဖွဲ့များ 

ဤစစ်ဆင်ရေး နည်းဖြင့် တိုက်ခိုက် လာရာ ပွိုင့် (၇၇၁) ကုန်း၏ (၁၉) ရက်နေ့ တိုက်ပွဲတွင် KiA တပ်ဖွဲ့များသည်၊ ၂ဖါလုံ ဆုတ်ပေး ခဲ့ရပါသည်။ KIA တပ်ဖွဲ့များသည် အစိုရတပ်မှ အပစ်မဲ့သည့် အောက်ခြေ ရဲဘော်များ၏ ထိခိုက် သေကြေမှုကို မပစ်ခတ် နိုင်တော့သည့် အဆုံး ဆုတ်ပေး ခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။ 

ဒီဇင်ဘာလ ကုန်ပိုင်းမှ စတင်၍ လဂျားယန်ဒေသ ထိုးစစ်ဆင်ရာတွင် ပါဝင်လာသော ပခုက္ကူအခြေစိုက် တပ်မ(၁၀၁) လက်အောက်ခံ တပ်ရင်းများသည် ထိခိုက်မှု အများဆုံး ဖြစ်ပြီး တပ်ဖွဲ့စည်းပုံ ပျက်သွားခဲ့ကြောင်း KIAမှဆိုပါသည်။  ၁၀ ရက်ကြာ တိုက်ပွဲတွင် ကျဆုံးသူ ၂၀၀ ကျော်၊ ဒဏ်ရာရသူ ၁၀၀ ကျော်နှင့် ထွက်ပြေး ပျေက်ဆုံးသူ ၂၀၀ ကျော်ရှိ ကြောင်း ဆိုပါသည်။ ခလရ (၂၅၂)၊ (၂၅၈) တပ်ရင်းမှူး နှစ်ဦးသည်လည်း ဒဏ်ရာ ပြင်းထန်စွာ ရရှိကာ ခလရ(၂၅၈) တပ်ရင်းသည် တပ်ပျက်ခဲ့ပါသည်။ တပ်မ (၁၀၁) လက်အောက်ခံ ခလရ(၂၅၁)၊ (၂၅၂)၊ (၂၅၃)၊ (၂၅၄)၊ (၂၅၅)၊ (၂၅၆)၊ (၂၅၇)၊ (၂၅၈)၊ (၂၅၉)၊ တပ်ရင်းများ လဂျားယန် ထိုးစစ်တွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။ 

တပ်မ (၁၀၁) တပ်ဖွဲ့စည်းပုံ ပျက်ခဲ့သဖြင့် ဇန္နာဝါရီ (၂၂) ရက်နေ့ ယနေ့ စစ်ဆင်ရေးတွင် တပ်မ (၆၆) တပ်ဖွဲ့များနှင့် တပ်မ(၈၈) အရန် တပ်ရင်း အသုံးပြု ခဲ့ရသည်ဟု KIA ရှေ့တန်း အရာရှိ တဦးက ဆိုပါသည်။

0 comments:

Facebook Fan Page