Latest Update

ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်

Wednesday, February 20, 2013

မြန်မာ့ ဓါတ်ငွေ့ မရ ပါက ထိုင်း လျှပ်စစ် ကဏ္ဍ ကြီးစွာ ထိခိုက်မှု ရှိနိုင်


နိုင်လဝီချမ်း ၊ ဖေဖော်ဝါရီ (၂၀) ရက်နေ့ ၊ ရွှေဟင်္သာ သတင်းဌာန


ရတနာနှင့် ရဲတံခွန် လုပ်ကွက်ရှိ ဓါတ်ငွေ့ ပိုက်လိုင်းများ နှစ်စဉ် ပြန်လည် ဆန်းစစ် ပြင်ဆင်သည့် အချိန် နီးကပ် လာပြီ ဖြစ်ကာ ၄င်းကြောင့် ထိုင်းနိုင်ငံသို့ ဓါတ်ငွေ့ တင်ပို့မှု ခေတ္တ ရပ်ဆိုင်း ရမည် ဖြစ်ကာ လျှပ်စစ် ဓါတ်အား ထုတ်လုပ် ရေးနှင့် စွမ်းအင် ကဏ္ဍ တို့၌ သက်ရောက်မှု ရှိလာ နိုင်သည့် အပေါ် ကြိုတင် ပြင်ဆင် ထားရန် အတွက် ထိုင်း အတိုက် အခံ ဖွေ့ထိုင်း ပါတီ ဒု ခေါင်းဆောင် အလွန်ကန် ဘွန်မှု(ဒ်) မှ ထိုင်းလွှတ်တော်တွင်း မေးခွန်း တစ်ရပ် အဖြစ် မေးမြန်းကာ ဆွေးနွေး ခဲ့ပါသည်။

“ပိုက်လိုင်းတွေ နှစ်စဉ် ကြံ့ခိုင်မှု အတွက် ပြန်လည် ဆန်းစစ် ပြင်ဆင်ဖို့ အချိန် နီးကပ် နေပြီ ဖြစ်တာနဲ့ ဒါကြောင့် ကျွှန်တော်တို့ ထိုင်းနိုင်ငံ အနေနဲ့ ဒီဓါတ်ငွေ့ အပေါ် အမှီပြုပြီး လျှပ်စစ် ထုတ်ရတဲ့ ကဏ္ဍ တွေမှာ အချိန်မှီ ပြင်ဆင် ထားရန် အတွက် တင်ပြ၍ မေးမြန်း ဆွေးနွေး လိုကြောင်း” ဟု လွှတ်တော်၌ တင်ပြ ခဲ့ပါသည်။

ထိုင်းနိုင်ငံ၏ လျှပ်စစ် ဓါတ်အားသည် မြန်မာ နိုင်ငံမှ တင်ပို့သည့် သဘာဝ ဓါတ်ငွေ့ အပေါ် များစွာ မှီခိုမှု ပြုနေရ ပါသည်။ ထိုင်းနိုင်ငံ အနေဖြင့် တစ်ရက်လျှင် လျှပ်စစ် ဓါတ်အား ပမာဏ ၂၆၅၀၀ သန်း မီဂါဝပ် အသုံးပြုမှု ရှိနေပြီး အကယ်၍ မြန်မာ့ ဓါတ်ငွေ့ တင်ပို့မှု ပြတ်တောက် ပါက တစ်ရက်လျှင် ၁၁၀၀ သန်း မီဂါဝပ် ပမာဏ သာ ထုတ်လုပ် နိုင်မည် ဖြစ်သည်။

ထိုတင်ပြ ဆွေးနွေးချက်ကို ထိုင်းလျှပ်စစ် ဝန်ကြီးဌာနမှ ဝန်ကြီး နိုင်ဖွန်ဇဲက် ရာဒ်တဖွန် ဇဲလ်ဖိုင်ဇျာန်မှ
“ ဘယ်လို လုပ်ဆောင် ရမယ် ဆိုတဲ့ အပိုင်း ကိုတော့ မြန်မာပြည် သွားတုန်းက နေပြည်တော်မှာ ဝန်ကြီး ဌာနတွေနဲ့ တွေ့တုန်းက ကျွှန်တော် တင်ပြ ဆွေးနွေး ခဲ့တာ ရှိပါတယ်၊ ဖေဖော်ဝါရီ နောက်ဆုံး ပတ်မှာ ပြင်ဆင် ဆောင်ရွက်မှု လုပ်ငန်းတွေ စတင် ဆောင်ရွက်ဖို့ ရှိပါတယ်” ဟု ပြန်လည် ဖြေကြား ခဲ့သည်။

သို့သော်လည်း ထိုင်းလျှပ်စစ် ဝန်ကြီး မြန်မာပြည်သို့ သွားရောက် ခဲ့သည့် ခရီး စဉ်သည် ပုဂ္ဂိုလ်ရေး ခရီး စဉ်သာ ဖြစ်ပြီး ဓါတ်ငွေ့ ကုမ္ပဏီ များမှ တာဝန်ရှိသူ များနှင့် တွေ့ဆုံ ဆွေးနွေး နိုင်ခဲ့ခြင်း မရှိခဲ့ကာ အမြန်ဆုံး တရားဝင် ကိုယ်စားလှယ် အဖွဲ့ စေလွှတ်ကာ ၄င်း ကိစ္စ ရပ်အား မြန်မာ သက်ဆိုင်ရာ များနှင့် တွေ့ဆုံ ဆွေးနွေး သင့်ကြောင်းနှင့် ယခု၌မူ မတ်လ (၁၃) ရက် အထိသာ ကြိုတင် ပြင်ဆင်ချိန် ရှိသောကြောင့် အချိန် နည်းပါး လွန်းသည်ဟု အတိုက် အခံ ဖွေ့ထိုင်း ပါတီ ဒု ခေါင်းဆောင် အလွန်ကန် ဘွန်မှု(ဒ်) မှ ထောက်ပြ ဆွေးနွေး ခဲ့ပါသည်။

 ဘန်ကောက် မြို့လယ်၏ လျှပ်စစ်မီး ရောင်စုံ နှင့် ညအလှ မြင်ကွင်းအား တွေ့ရစဉ်

ထို့ပြင် ၄င်းကိစ္စရပ်နှင့် စပ်လျဉ်း၍ ကိုယ်စားလှယ် အဖွဲ့ မြန်မာပြည်သို့ မသွား ရောက်မီ ထိုင်း ဝန်ကြီးချုပ် မစ္စစ် ယိင်လာဒ် ရှင်နာဝါဒ်မှ မြန်မာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ထံသို့ ဆက်သွယ် ပြောကြားကာ လိုအပ် သည်များ ကိုလည်း ဦးစွာ စီစဉ် လုပ်ဆောင် ပေးသင့် ကြောင်းကိုလည်း ၄င်းမှ ထောက်ပြ ခဲ့သည်။

ကိုယ်စားလှယ် အဖွဲ့ မြန်မာ ပြည်သို့ သွားရောက်ပါက ဓါတ်ငွေ့ ကုမ္ပဏီနှင့် စောင့်ကြည့်ရေး လုပ်ငန်းစဉ်များ ပူးတွဲ လုပ်ဆောင် နိုင်ရေး၊ ကြံ့ခိုင်မှု ပြင်ဆင်ရေး လုပ်ငန်း စဉ်ကို ဧပြီ (၆) ရက် ထိသို့ အချိန် ဆိုင်းပေး ရေးနှင့် ကြံ့ခိုင်မှု ပြင်ဆင်ရေး လုပ်ငန်းစဉ်၌ ထိုင်းပညာရှင် လုပ်သားများ ပါဝင် လုပ်ဆောင် နိုင်ရေး တင်ပြ ဆွေးနွေး ရန်လည်း အကြံပြု တင်ပြခဲ့သည်။

မြန်မာနိုင်ငံ အနေနှင့် ၂၀၀၈ ခုနှစ်၌ တစ်ကြိမ်၊ ၂၀၁၂ ခုနှစ်၌ တစ်ကြိမ် နှစ်ကြိမ်တိုင် အလားတူ ကြံ့ခိုင်မှု ပြန်လည် ပြင်ဆင်ရေး ပြုလုပ် ခဲ့သဖြင့် ထိုင်း စွမ်းအင်နှင့် လျှပ်စစ် ကဏ္ဍ အပေါ် သက်ရောက် မှု ရှိခဲ့ခြင်း သာဓက များကြောင့် ယခုခဲ့သို့ တင်ပြ ဆွေးနွေးခြင်း ဖြစ်သည် ဟုလည်း ဆိုပါသည်။ ထို့ပြင် မြန်မာ နိုင်ငံ၌ ကြံ့ခိုင်မှု ပြန်လည် ဆန်းစစ် ပြင်ဆင်သည့် အချိန်သည် ထိုင်းနိုင်ငံ၌ လျှပ်စစ် ဓါတ်အား အမြောက် အများ အသုံးပြု ရသည့် အချိန်ကာလလည်း ဖြစ်သည်။

မြန်မာ့ဓါတ်ငွေ့ တင်ပို့မှုကို ခေတ္တ ရပ်ဆိုင်း ရမည် ဆိုပါကလည်း ပိတ်ထားသည့် လျှပ်စစ် စက်ရုံအချို့ အားပြန်လည် လည်ပတ် စေကာ အရန် လျှပ်စစ် အင်အား ထုတ်ယူ နိုင်ရန် အတွက် ထားရှိ သင့်ကြောင်းလည်း ထောက်ပြ ခဲ့သည်။
ထိုင်းနိုင်ငံ အတွင်း ၌လည်း ဖေဖော် ဝါရီလ နောက်ဆုံး ပတ်မှ စ၍ တစ်နိုင်ငံ လုံး၌ လျှပ်စစ် ဓါတ်အား သုံးစွဲမှု ချွှေတာ သုံးစွဲ ရန်နှင့် လိုအပ်သည့် ပမာဏသာ သုံးစွဲ ကြရန်လည်း နှိုးဆော်ချက် ထုတ်ပြန် ထားပြီး ဖြစ်ကြောင်း သိရသည်။

Ref – ASTV အွန်လိုင်း ၊ ဖေဖော်ဝါရီ (၁၈) ရက်နေ့ ထုတ် သတင်း ။

0 comments:

Facebook Fan Page