Latest Update

ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်

Monday, February 4, 2013

တိုက်ပွဲ ဖြစ်နေသည့် ကြားမှ KIA နှင့် အစိုးရတို့၏ အလွတ်သဘော ဆွေးနွေးပွဲ



အဲာပိုန်  ဖေဖော်ဝါရီလ (၄) ရက်နေ့၊ ရွှေဟသာင်္သတင်းဌာန

အစိုးရ တပ်ဖွဲ့များသည် ဖားကန့်မြို့နယ်ရှိ KIA  တပ်ရင်း (၆) တပ်ခွဲ (၉)၏ ညောင်ထောက်စခန်းကို ယမာန်နေ့ ၁၀ နာရီခွဲ အချိန်တွင် ဝင်ရောက် သိမ်းပိုက်လိုက်ကြောင်း KIA တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး အင်ခွန်ဇော်တွဲက ပြောပါသည်။

“ ကျနော်တို့ တပ်ခွဲ (၉) စခန်းကို သွားရောက် မီးရှို့လိုက်တာပါ။ ဒီနေ့လည်း ဖားကန့်ကနေ ညောင်ထောက်စခန်းဘက်ကို လက်နက်ကြီးနဲ့ လှမ်းပစ်ခတ်နေတုန်း ပါဘဲ။ ဒီစခန်းကနေ ကျနော်တို့လူတွေ ပြီးခဲ့တဲ့ သောကြာနေ့ကတည်းက စွန့်ခဲ့ပြီးသား ဘယ်သူမှ မရှိဘူးလေ။  အဲဒါကို အစိုးရ တပ်က လက်နက်ကြီးငယ်တွေနဲ့ မနေ့ကအပြင်းအထန် ပစ်တယ်။ ပြီးတော့ဝင်သိမ်း ပြီးမီးရှို့လိုက်တာပါဘဲ” ဟု ဆိုပါသည်။ 

ဖားကန့်မြို့နယ် ဆိုင်းရာကျေးရွာ အနီးရှိ ဂွေခါနယ်မြေ၌ အခြေချထားသည့် အစိုးရတပ်ဖွဲ့တို့သည် ယမာန်နေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် လူမရှိသည့် KIA တပ်ခွဲ (၉) စခန်းကို လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ် ခတ် နေခဲ့ပါသည်။ 

ဤစခန်းကို စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ ၇)မှ အင်အား (၁၀၀) ကျော်ရှိသည့် အစိုးရ တပ်ဖွဲ့တို့က ၀င်ရောက်သိမ်း ပိုက်ခြင်းဖြစ်ပါသည်။ ဤတပ်ဖွဲ့သည် ပြီးခဲ့တဲ့ သောကြာနေ့တွင် KIA တပ်ဖွဲ့နှင့် ခါးမော်ကြီးကုန်း (၃)နာရီကြာ ပြင်းထန်စွာ တိုက်ပွဲဖြစ်ခဲ့ပြီး နောက်ဆုတ် သွားခဲ့ရသော တပ်ဖွဲ့ဖြစ်ပါသည်။ 

ယနေ့တွင်လည်း ဖားကန့် ဗျူဟာကုန်းမှ လက်နက်ကြီးများသည် ညောင်ထောက်စခန်းဘက်သို့ ပစ်ခတ်လျက်ရှိပါသည်။ အ စိုးရတပ်များသည် KIA တပ်ရင်း(၆) စခန်းများကို အင်အား(၄၀၀)ခန့်ရှိသော စစ်ကြောင်း(၃)ကြောင်းဖြင့် နှစ်ပတ်ကျော်ကြာ စစ်ဆင်နေခဲ့ပါသည်။ 

အစိုးရတပ်များသည် ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် (KIA) တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၆) စခန်း ဟောင်းအား သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်းမှစပြီး ဖားကန့်ဒေသတွင် တိုက်ပွဲများ ဆက်လကဖြစ်ပွားလာခဲ့ပါသည်။

ဤကဲ့သို့တိုက်ပွဲများဖြစ်ပွားနေသော်လည်း ယနေ့မနက်ပိုင်း(၈)နာရီတွင် KIA ငြိမ်းချမ်းရေးအဖွဲ့နှင့် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့တို့သည် တရုတ်အစိုးရ၏အစီစဉ်ဖြင့် တရုတ်ပြည် ရွှေလီမြို့ရှိ ကျင်းချိန် (Jind Cheng) ဟိုတယ်၌ တွေ့ဆုံဆွေး နွေး လျက် ရှိကြောင်း ပြောရေးဆိုခွင့်ရှိသူ ဦး လာနန်းက မီဒီယာဆက်သွယ်မေးမြန်းတခုတွင် ပြောကြားသွားခဲ့ပါသည်။ 

ဤဆွေးနွေးပွဲတွင် စစ်ရေးအရှိန် လျော့ပါးအောင် နှစ်ဖက်တွေ့ဆုံ ဆွေးနွေး နေခြင်းဖြစ်နိုင်ကြောင်း ညီညွတ်သော တိုင်း ရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) သတင်းရပ်ကွက်ကဆိုပါသည်။ ဟင်းတွေဆုံမှုတွင် KIA ဖက်မှKIO ဗဟို ဦးဆောင်ကော်မတီဝင် ဦးဆွမ်လွတ်ဂမ်ဦးဆောင်ပြီးဗိုလ်ချုပ်ဂွမ်မော်နှင် ဒုတိယတန်း အရာရှိများ တက်ရောက်ခဲ့ပါသည်။

တရုတ် ကိုယ်စားလှယ်များမှာ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနနှင့် ကာကွယ်ရေး ၀န်ကြီး ဌာနမှ တာဝန်ရှိသူများအပြင် ယူ နန်ပြည်နယ်မှ တာဝန်ရှိသူများပါ တက်ရောက်ခဲ့ကြောင်း စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောကဆိုပါသည်။ အစိုးရ ကိုယ်စားလှယ်များကိုမူ ဦးအောင်မင်းကခေါင်းဆောင်ပြီး၊ ဦးအုန်းမြင့်နှင့် ဦးလှမောင်ရွှေတို့ကတက်ရောက်ခဲ့သည်ဟု ဆိုပါသည်။ 

ထို့အပြင် ကြားခံလူများအဖြစ် ကေအင်န်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး။ ကေအင်န်ယူ အထွေထွေ အတွင်း ရေးမှူး ဖဒိုကွယ်ထူးဝင်းနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ခေါင်းဆောင်တချိုည်း ဆွေးနွေးပွဲတွင် ပါဝင် ခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးပွဲသည် အပြုသဘောဆန်ပြီး တိုးတက်မှုများစွာ ရရှိခဲ့သည်ဟု သိရပြီး နှစ်ဖက်ပူးတွဲ ထုတ်ပြန်ချက် တစ်စောင်ကို ထုတ်ပြန်လိုက်ပါတယ်။ ဖေဖော်ဝါရီလ မကုန်မီ KIA နှင့် အစိုးရအကြား နိုင်ငံရေး တွေ့ဆုံဆွေးနွေး သွားကြရန် နှစ်ဖက် သဘောတူ ထားပါသည်။






0 comments:

Facebook Fan Page