Latest Update

ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်

Thursday, February 7, 2013

ကချင် စစ်ပြေး ဒုက္ခသည် ဘ၀နှင့် အစိုးရ သဘောထား



ရွှေဟင်္သာသတင်းဌာန ဖေဖော်ဝါရီလ (၇) ၂၀၁၃

အစိုးရ၏ ကချင် စစ်ပြေး ဒုက္ခသည်များအား ကူညီရန် ထုတ်ပြန်ချက်အပေါ် စစ်ပြေး ဒုက္ခသည် ကော်မီတီများက မကြေမနပ် ဖြစ်နေကြသည်ဟု ဖါးကန့်ဒေသ ဒုက္ခသည် ကော်မီတီဝင် တဦးက ဆိုပါသည်။
 
တနှစ်ကျော်ကြာရှိပြီးလေ၊ ကချင် စစ်ပြေး ဒုက္ခသည် တွေရဲ့ ပြသနာက အစိုးရရဲ့ ကူညီစောင့်ရှောက်မှုဆိုလို့  လုံးဝမရှိ ခဲ့ဘူးလေ။ တချို့ လာလှူတဲ့ အဖွဲ့တွေကိုတောင် ၀င်ခွင့် မပေးတာလည်း ရှိတယ်။ သက်သက် ညစ်ထားတဲ့ပုံစံပေါ့။ အခုမှ  ဖေဖေါ်ဝါရီ () ရက်နေ့ နောက်ပိုင်းကျမှ ကူညီဖို့ ထုတ်ပြန်တာကတော့ တရားလွန်ပါတယ်။ ဒီဒုက္ခသည် ဘ၀ရောက်အောင် အစိုးရ တပ်တွေကဘဲ တမင် ဖန်တီးထားတာလေ။ အခုမှ အသံကောင်း ဟစ်ပြနေတာကတော့ လွန်လွန်းပါတယ်ဟု ဆိုပါသည်။
 
အစိုးရသည် စစ်ရေး ပဋိပက္ခကြောင့် နေရပ်စွန့်ခွာ သူများအား လူသားချင်း စာနာ ထောက်ထားသော အားဖြင့် နေအိမ် ပြန်လည် တည်ဆောက်ခြင်းမှအစ အကူအညီပေးရန် စီစဉ်နေသည်ဟု ယမန်နေ့က ထုတ်ပြန်ထားခြင်း ဖြစ်ပါသည်။

ဒုက္ခသည်များမှာမူ အစိုးရ တပ်ဖွဲ့များသည် လူထုအပေါ် လု့အခွင့်အရေး ချိုးဖေါက်မှုများစွာ ရှိသည့်အတွက် စုံးစမ်းသင့်ကြောင်း နိုင်ငံတကာ အဖွဲ့များအား မေတ္တာ ရပ်ခံလိုကြကြောင်း ဆိုပါသည်။ အစိုးရ တပ်ဖွဲ့များသည် ရွာထဲသို့ လက်နက် ကြီးများ ပစ်သွင်းခြင်း၊ အကြောင်းမဲ့ ပစ်သတ်ခြင်း၊ နှိပ်စပ်ညှင်းပမ်းခြင်းကြောင့် လူထုများသည် မိမိကျေးရွာ၌ မနေရဲ ကြတော့ဘဲ စစ်ပြေးများ ဖြစ်လာခဲ့သည်ဟု ဒုက္ခသည် ကော်မီတီများက ဆိုပါသည်။

ထို့အပြင် ဒုက္ခသည်အတွက် လာရောက် လှူဒါန်းသော အလှူရှင်များကိုလည်း အကန့်အသတ်ဖြင့်သာ ၀င်ခွင့်ပေးခဲ့ ကြောင်း၊ ကျေးရွာများကိုလည်း အစိုးရ တပ်များကသာ မီးရှို့ခဲ့ကြောင်း၊ ပစ်သတ်မှုများသည်လည်း အစိုးရတပ်ဖွဲ့များ ကသာ လုပ်လေ့ရှိကြောင်း၊ ဤလုပ်ရပ်များသည် KIO အား အကြပ်ကိုင်ရန် ဖန်တီးနေခြင်းသာ ဖြစ်သည်ဟု မိမိတို့ နားလည်ကြောင်း ဒုက္ခသည် ကော်မီတီများက ဆိုပါသည်။ 

ဒုက္ခသည် ကော်မီတီများ ထင်သည့်အတိုင်းပင် KIO နှင့် အစိုးရတို့ ဖေဖေါ်ဝါရီလ () ရက်နေ့ တရုတ်နိုင်ငံ ရွှေလီမြို့၌ စစ်ရှိန်လျှော့ပေါ့ရန် တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် ဒုက္ခသည်များအား အကူအညီပေးရန် အစိုးရမှ ထုတ်ပြန်လာခြင်းဖြစ် ပေသည်။
ကချင် ဒုက္ခသည် စခန်းတွင် အပိုင်းနှစ်ပိုင်းရှိပါသည်။ မြို့ပေါ်သို့ ထွက်ပြေးသွားကြသော ဒုက္ခသည်များနှင့် KIA ထိမ်း ချုပ်နယ်မြေရှိ ဒုက္ခသည် စခန်းတို့ ဖြစ်ပါသည်။ ကချင်ပြည်နယ် ဖါးကန့်ဒေသ၌ ဒုက္ခသည်စခန်း (၃၉)ခု၊ မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်တွင် စခန်းပေါင်း တရာခန့်နှင့် KIA ထိမ်းချုပ် နယ်မြေ၌ စခန်းပေါင်း (၃၀) ခန့် ရှိကြောင်း ဒုက္ခသည်ကော်  မီတီများ၏ စာရင်းအရ သိရပါသည်။ လူဦးရေအားဖြင့် အစိုးရထိမ်းချုပ်သော နယ်မြေ၌ဒုက္ခသည် () သောင်းခန့်ရှိပြီး၊ KIO ထိမ်းချုပ်သော နယ်မြေ၌ ဒုက္ခသည် () သောင်းခန့် ရှိကြောင်း ခန့်မှန်းထားကြပါသည်။  


အစိုးရတပ်များသည် KIO အား အနိုင်တိုက်ရာတွင် လူထုအား ဒုက္ခသည် ဘ၀ ရောက်ရှိစေခြင်းဖြင့် စိတ်ဓါတ်ရေးရာ ထိ ခိုက်စေရန် ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်သည်ဟု စစ်ရေး အကဲခတ်များက ဆိုပါသည်။ အလားတူ အစိုးရသည် စစ်ရေး ပြင်းထန်သည့် အချိန်၌ ဒုက္ခသည်အား လုံးဝ အကူအညီ မပေးဘဲ စေ့စပ်ဆွေးနွေးချိန် အပြီး ယခုလို ကာလမျိုး၌ အကူ အညီပေးမည်ဟု ထုတ်ပြန်လာခြင်းသည်လည်း နိုင်ငံရေး အမြတ်ထုတ်ရန် သက်သက်ဖြစ်ပြီး လက်တွေ့ အကူအညီပေးမည် မဟုတ်ဟု ဒုက္ခသည် ကော်မီတီ များက သုံးသပ်ခဲ့ကြပါသည်။ 

ဤကဲ့သို့ ဒုက္ခသည်များအား ကူညီမည်ဟု ထုတ်ပြန်နေချိန်၌ ကချင်ပြည်နယ် ဖါးကန့်ဒေသ၌ ပေါ်တာများ ဖမ်းဆီးနေ ဆဲဖြစ်ပါသည်။ ယမန်နေ့ နေ့လည်ပိုင်းတွင် လုံခင်းရှိ ဆန်ခါဂိတ်တွင် လူ(၄၀) ခန့် ဖမ်းဆီးခဲ့သည်ဟု KIA တပ်ရင်း()မှ ဆိုပါသည်။ ဤအထဲ၌ အမျိုးသမီး (၁၅) ဦးပါ သွားသည်ဟု မျက်မြင်များက ဆိုပါသည်။ ထို့အပြင် ယနေ့(၁၂) နာရီခန့်တွင် လည်း လုံခင်းမှ () မိုင်ခန့် ဝေးသည့် မဇွပ်ပန်ရွာသား အသက်(၂၀)ကျော် အမျိုးသား () ဦးကို ဖမ်းဆီး ခဲ့သည်ဟု ဆိုပါ သည်။

အစိုးရသည် ဒုက္ခသည်များအား အကူအညီပေးမည်ဟု ထုတ်ပြန်နေသ်ာလည်း၊ လက်တွေ့တွင် ကျောက်စိမ်းမှော်မှလူ များအား မောင်းထုတ်ခြင်း၊ ခရီးသွားများကို ပေါ်တာအဖြစ် ဖမ်းဆီးခြင်း၊ စစ်ဆင်ရေး လှုပ်ရှားမှုများ ရှိနေသေးခြင်း ကြောင့် ဒုက္ခသည်များ နေရပ်ပြန်ရေး မဖြစ်နိုင်သေးကြောင်း ဒုက္ခသည် ကော်မီတီများက ဆိုပါသည်။

0 comments:

Facebook Fan Page