ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်

Monday, February 11, 2013

မြန်မာတပ် ခမရ တိုင်းဌာနချုပ် လက်အောက်ခံ လူမ်ကမ်ပြည်သူ့စစ်စခန်းကို တအာင်းတပ်ဖွဲ့က ၀င်ရောက်စီးနင်းသိမ်းယူ



၉ ရက် ဖေဖော်ဝါရီလ ၂၀၁၃ ခုနှစ်
ကွတ်ခိုင်မြို့နယ် လူမ်ကမ်ရွာ အခြေစိုက် လူမ်ကမ်ပြည်သူ့စစ်စခန်းကို ကွတ်ခိုင်မြို့နယ် အခြေစိုက် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် T.N.L.A တပ်ရင်း (၁၁၂) က ၉ ရက် ဖေဖော်ဝါရီလ ၂၀၁၃ ခုနှစ် နံနက် ၈ နာရီအချိန်တွင် ၀င်ရောက်စီးနင်းသိမ်းယူ လိုက်ပါသည်။

ထိုကဲ့သို့ ၀င်ရောက်စီးနင်းရာတွင် ကီချမ်း စက်သေနတ် (၂) လက်၊ M 22 (၂) လက်၊ M 21 (၄) လက်၊ ကျည်ဆံ (၅၀၀) ကျော်၊ လက်ပစ်ဗုံး (၃) လုံးနှင့် အထိုင်ဖုန်း (၁) လုံး သိမ်းဆည်းရမိပြီး၊ စခန်းတွင် တာဝန်ယူနေသော ပြည်သူ့စစ် တပ်ဖွဲ့ (၄) ဦးကို ဖမ်းဆီးထားပါသည်။ လူမ်ကမ်စခန်းကို ၀င်ရောက် စီးနင်း သည့်အချိန်တွင် ခေါင်းဆောင်ဖြစ်သူ ဦးကြာထွန်းမှာ အခြားကိစ္စတခုဖြင့် ခရီးထွက်နေသဖြင့် လက်ရဖမ်းဆီးမိခြင်း မရှိပါ။

တအာင်းဒေသတခွင်လုံးတွင် တပ်ဖြန့်လှုပ်ရှားနေသည့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် T.N.L.A အနေဖြင့် တအာင်းဒေသတွင် မြန်မာစစ်တပ်ဦးဆောင်မှုဖြင့် စုစည်းထားသည့် ပြည်သူ့စစ်များကို တအာင်းတပ်မတော်နှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် နည်းအမျိုးမျိုးဖြင့် စည်းရုံးသိမ်းသွင်း လျှက်ရှိပါသည်။ ပူးပေါင်းဆောင်ရွက်ရန်လက်မခံသော ပြည်သူ့စစ်များကို ဖိအားပေး စီးနင်းသိမ်းယူသွားမည် ဖြစ်သည်ဟု တပ်မှူးတဦးက အတည်ပြုပြောဆိုပါသည်။

ဦးကြာထွန်း ခေါင်းဆောင်သည့် လူမ်ကမ်ပြည်သူ့စစ်သည် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလတွင် ရမခ တိုင်းမှူး ၏ လမ်းညွန်မှုဖြင့် ယခင် PSLA ပလောင်ခေါင်းဆောင်များနှင့် တိုင်ပင်ညှိနှိုင်းကာ ဖွဲ့စည်းထားသည့် ပြည်သူ့စစ် ဖြစ်သည်။ ရမခ တိုင်းမှူးပေးအပ်သည့် လက်နက် (၂၀) ဖြင့် စတင်စုစည်းခဲ့ပြီး အစပိုင်းတွင် အင်အား သုံးဆယ်ကျော် စုစည်းနိုင်ခဲ့သည်။

တအာင်းဒေသတွင် မန်တုံဌာနေပြည်သူ့စစ်၊ ပန်ဆေးပြည်သူ့စစ်၊ ဦးတီခွန်မြတ် ပြည်သူ့စစ်နှင့် အခြားတရုတ် စီးပွားရေးလုပ်ငန်းရှင်များစုဖွဲ့ထားသည့် ပြည်သူ့စစ်အဖွဲ့ငယ်များ စသဖြင့် မြန်မာစစ်တပ် ရမခ တိုင်းဌာနချုပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များစွာ လှုပ်ရှားလျှက်ရှိသည်။ ထိုပြည်သူ့စစ်များသည် သစ်လုပ်ငန်း၊ သတ္တု တူးဖော်ရေး လုပ်ငန်းတို့အပြင် ဘိန်းစိုက်ပျိုးခြင်း၊ မူးယစ်ဆေးဝါးရောင်းခြင်းနှင့် မှောင်ခို လုပ်ငန်းအမျိုးမျိုး လုပ်ကိုင်ကာ ဒေသခံ မိဘပြည်သူများအပေါ် ဗိုလ်ကျစိုးမိုးနေကြောင်းသိရှိရပါသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
တံပ်အွရ်ပ်ုန်လောတ်ကပီုန်တအာင်း - PSLF

0 comments:

Facebook Fan Page