Latest Update

ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်

Wednesday, February 13, 2013

အစိုးရ တပ်ဖွဲ့မှ KIA တပ်ဖွဲ့အား နောက်ယောင်ခံ နှောင့်ယှက်နေ



အဲာပိုန် ဖေဖော်ဝါရီလ (၁၃) ရက်နေ့၊ ရွှေဟသာင်္သတင်းဌာန

ကချင် လွတ်လပ်ရေး တပ်မတော် KIA လှုပ်ရှား နယ်မြေဖြစ်သော ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် အစိုးရ တပ်ဖွဲ့ မှ နယ် မြေစိုးမိုးရေး အတွက် စစ်ရေး လှုပ်ရှားမှုများ ဆက်လက် လုပ်ဆောင်နေသောကြောင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနိုင်သည် ဟု တပ်ရင်း (၆) ရင်းမှူး ဒုတိယ ဗိုလ်မှုးကြီး အင်ခွန်ဇော်ဒွဲက ဆိုပါသည်။

“ကျနော်တို့ နဲ့ အစိုးရ အဖွဲ့တွေ တရုတ်မှာ ဆွေးနွေးခဲ့ပြီးတဲ့နောက်ပိုင်း တနေ့က (၁၁) ရက်နေ့မှာလည်း အစိုးရတပ်နဲ့ ကျ နော်တို့ တပ်ရင်း (၆) တပ်ဖွဲ့တွေ တွေ့ဆုံမိတ်ဆက်ခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရ တပ်ဖွဲ့ဘက်က နယ်မြေ စိုးမိုးရေး အတွက် ဆိုပြီး စစ်ရေးလှုပ်ရှားမှုတွေ ဆက်လုပ်နေတယ်။ ကျနော်တို့ ရှိတဲ့ နေရာအထိ ရောက်လာတတ်တယ် ဆိုတော့ အခန့်မသင့်ရင် တိုက်ပွဲတွေ ပြန်ဖြစ်လာမဲ့ အနေအထားရှိနိုင်တယ်ဗျ။ ” ဟု ဆိုပါသည်။

အစိုးရ တပ်ဖွဲ့တို့သည် ဖားကန့်မြို့နယ်ထဲသို့ ပြီးခဲ့သည့် ဇန္နာဝါရီလ (၁၅) ရက်နေ့၌ စစ်ကြောင်း (၃) ကြောင်းဖြင့် တိုးချဲ့ လှုပ် ရှားနေရာမှ ယခု စစ်ဗျူဟာ (၄) ခုအထိ တိုးချဲ့ ချထားလာခဲ့ပြီး နယ်မြေစိုးမိုးရေး ရည်ရွက်ချက်ဖြင့် တပ်မမှုးကိုယ်တိုင်း ဦး ဆောင်နေသည်ဟု KIA ဘက်မှဆိုပါသည်။

ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ဖားကန့်မြို့နယ် ခါမော်ကြီးကုန်း၌  KIA တပ်ရင်း (၆) လက်အောက်ခံ၊ တပ်ခွဲ (၅)၊ တပ်ခွဲ (၉) ပူးပေါင်း တပ်ဖွဲ့တို့နှင့် နယ်မြေစိုးမိုးရန်အတွက် ရောက်ရှိလာသည့် အစိုးရ တပ်ဖွဲ့တို့သည် (၃) နာရီခန့် တိုက်ပွဲ ဖြစ်ပွား ခဲ့ပါသည်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းရာကျေးရွာ အနီးရှိ ဂွေခါနယ်မြေ၌ အခြေချထားသည့် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ ၇)မှ အင်အား (၁၀၀) ကျော်ရှိသည့် အစိုးရ တပ်ဖွဲ့တို့သည် ဖေဖော် ဝါရီလ၃ ရက်နေ့တွင် လူမရှိသည့် KIA တပ်ခွဲ (၉) စခန်းကို လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်ကာ သိမ်းပိုက် လိုက်ပါသည်။ 

ဤကဲ့သို့ တိုက်ပွဲဖြစ်ပွား ခဲ့ပြီးနောက် kIA တပ်ရင်း (၆) မှတပ်ခွဲ (၅)နှင့် တပ်ခွဲ(၉) ပူးပေါင်း တပ်ဖွဲ့တို့သည် ဆက်လက် တိုက်ပွဲ မဖြစ်ပွား စေရန် ရည်ရွယ်၍ ထိုနေရာမှ ထွက်ခွာ ခဲ့ကြပြီး ဂျရားယန်ရွာ ဘက်သို့ လာရောက် တပ်စွဲ လိုက်ပါသည်။ သို့သော် အစိုးရ တပ်များသည် ၄င်းတပ်များနောက်သို့  ထပ်ချပ်မကွာ နောက်ယောင်ခံ လိုက်နေသဖြင့် အခန့်မသင့်က တိုက်ပွဲများ ဖြစ်လာနိုင်သဖြင့် အစိုးရတပ်များ ရှောင်ရှား ပေးသင့်သည်ဟု KIA ဖက်မှ အဆိုပြုနေပါသည်။ 


နယ်မြေ စိုးမိုးရေး စစ်ကြောင်း (၁) မှ အစိုးရ တပ်ဖွဲ့တို့သည် ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် KIA တပ်ဖွဲ့ရှိရာ ဂျရားယန်ရွာ အထိ နောက်ယောင်ခံ လိုက်လာခဲ့ပါသည်။ ဤကဲ့သို့ နောက်ယောင်ခံ လိုက်နေသဖြင့် KIA ခေါင်းဆောင်တို့သည် ပြီးခဲ့ သည့် ဖေဖော်ဝါရီ (၄) ရက်နေ့က ကျင်းပခဲ့သော  တရုတ်ပြည်၊ ရွှေလီမြို့၏ တွေ့ဆုံမှုကို အကြောင်းပြုပြီး အစိုးရတပ်ဖွဲ့အား တွေပဆုံရန် ဆုံးဖြတ်ခဲ့ပါသည်။ ဤသို့ကြောင့် KIA တပ်ခွဲမှုး ဗိုလ်ကြီးလဒွဲ ခေါင်းဆောင်သော အဖွဲ့က ဂျရားယန်သို့ ရောက်ရှိနေသော အစိုးရတပ်ဖွဲ့ကို တွေ့ဆုံ နှုတ်ဆက်ခဲ့ရသည့်ဟု တပ်ရင်း(၆)မှုး ကဆိုပါသည်။

ဤကဲ့သို့ အစိုးရ တပ်ဖွဲ့၏ နောက်ယောင်ခံ လှုပ်ရှားနေမှုကြောင့် ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် တနိုင်းမြို့နယ် အခြေစိုက် KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၁၄) တပ်စခန်းတနေကို ဆုတ်ခွာ ပေးခဲ့ရသည်။ အစိုးရတပ်ဖွဲ့၏ နယ်မြေစိုးမိုးရေး လှုပ်ရှားမှုသည် KIA ရှိသည့် နေရာကို ၀င်ရောက်ပြီး တိုက်ပွဲဖေါ်ရမည့် အနေအထားကို ရောက်ရှိစေလိုသည့်အသွင် ကိုဆောင်စေသည့် လုပ်ရပ်သာဖြစ်ကြောင်း KIA ဘက်မှဆိုပါသည်။

ဤနည်းဖြင့် အစိုးရမှ စစ်အင်အားတိုးချဲ့ပြီး နောက်ယောင်ခံ စစ်ဆင်ရေးများ ဆက်လုပ်နေပါက များမကြာမီ တွင်KIA နှင့် တိုက်ပွဲ ပြန်ဖြစ်ပွားနိုင်မည့်ဟု တပ်ရင်း(၆)မှုး ဒုတိယ ဗိုလ်မှုးကြီး အင်ခွန်ဇော်ဒွဲက ကဆိုပါသည်။

0 comments:

Facebook Fan Page