Latest Update

ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်

Wednesday, February 6, 2013

KIA တပ်ရင်း (၆) အား စစ်ဆင်ရန် အစိုးရတပ်ဖွဲ့များ ပြင်ဆင်



ရွှေဟင်္သာသတင်းဌာန ဖေဖော်ဝါရီလ (၆) ၂၀၁၃

ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၂)၊ တပ်ရင်း (၆) နယ်မြေဖြစ်သော ကချင်ပြည်နယ် ဖားကန့် ဒေသသို့ အစိုးရ တပ်ဖွဲ့ အင်အားများ ထပ်မံ တိုးချဲ့ ချထားခဲ့ကြောင်း တပ်ရင်း (၆) မှူး ဒုတိယ ဗိုလ်မှုးကြီး အင်ခွန်ဇော်တွဲက ဆိုပါသည်။
“ဒီနေ့ ညနေပိုင်းမှာ ဖားကန့်မြို့နယ် လုံးခင်း ကျေးရွာမှာ ရှိတဲ့ အစိုးရ တပ်ဖွဲ့တွေက ကျနော်တို့ တပ်ရင်း (၆)အနီးမှာ ရှိတဲ့ သူတို့ရဲ့ တပ်ဖွဲ့တွေကို လာရောက် အင်အားဖြည့်ထားတယ်လို့ သိရပါတယ်။ ဒီ ၃/၄ ရက်အတွင်းမှာ သူတို့ရဲ့ စစ်ရေး လှုပ်ရှား မှုတွေကို ကြည့်မယ်ဆိုရင် ဖါးကန့် ဒေသအတွက် အစိုးရဘက်က ချမှတ်ထားတဲ့ စစ်ဆင်ရေး စီမံချက်တွေ စတင်အကောင် အထည် ဖော်နေပြီးဆိုတာ ထင်ရှားစေပါတယ်။” ဟုဆိုပါသည်။

အစိုးရ တပ်ဖွဲ့များသည် တိုက်ပွဲဖေါ်ခြင်း နည်းဖြင့် KIA တပ်များ ရှိသည့် နေရာအား သိစေခြင်း၊ အရပ်သားများကို နှိပ်စက်ပြီး မခံမရပ်နိုင်သော KIA တပ်များက တိုက်ပွဲဖေါ်ခြင်းဖြင့် KIA နေရာအား သိစေခြင်း၊ ဤကဲ့သို့သွေးတိုးစမ်းပြီး နေရာသိရှိပြီး ပါက ၄င်းတို့တပ်ဖွဲ့ဖြင့် အနီးကပ်ဆိုင်ထားပြီးမှ စစ်ဆင်နိုင်ရန် လိုအပ်သောစစ်အင်အားကို ဖြည့်တင်းခဲ့သည့် နည်းစနစ်ကို ကျင့်သုံးသည်ဟု ဆိုပါသည်။ 

ဤအချက်ကို ထင်ရှားစေရန် ပြီးခဲ့သည့်ဇန္နာဝါရီလ (၃၁) ရက်နေ့ ခါမှော်ကြီးကုန်းရွာထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ် ရာ လူ(၄) ဦးသေဆုံးပြီး (၁၇) ဦး ဒဏ်ရာရရှိခဲ့ပါသည်။ ဤအခြေအနေကို အကူအညီပေးရန် ရောက်လာသော KIA တပ် ရင်း(၆)မှ တပ်ခွဲများနှင့် ဖေဖေါ်ဝါရီ(၁) ရင်နေ့တွင် (၃) နာရီကျော်ကြာ တိုက်ပွဲဖြစ်ခဲ့ပါသည်။ 


                                                            ဖါးကန့်ဒေသ
KIA တပ်မဟာ(၂) တပ်ဖွဲ့များသည် ၄င်းတို့စခန်းများကို စွန့်ပြီးနေရာပြောင်းရွှေ့ခဲ့ပါသည်။ နေရာအတည်တကျမသိသော အစိုးရတပ်များသည် တချက်ခုတ်နှစ်ချက်ဖြစ်သည့် အထက်ပါနည်းကိုသုံးပြီး KIA တပ်များရှိသည့်နေရာအား သွေးတိုးစမ်း နေခဲ့သည်ဟု စစ်ရေး အကဲခတ်များက ယူဆပါသည်။

အစိုးရ တပ်ဖွဲ့များသည် ဇန္နာဝါရီလ (၁၅) ရက်နေ့မှ စတင်ပြီး အင်အား ၄၀၀ ခန့်ရှိသည့် စစ်ကြောင်း (၃) ကြောင်းဖြင့် KIA တပ်ရင်း (၆) တပ်ဖွဲ့ကိုစစ်ဆင်နေခဲ့ပါသည်။ ဤသို့ဖြင့် ဇန္နာဝါရီ (၁၈) ရက်နေ့တွင် ကံစီကျေးရွာတဝိုက်ရှိ လူမရှိဘဲ စွန့်ပစ် ထားသည့် KIA တပ်ခွဲ (၃)စခန်းနှင့် တပ်ရင်းစခန်းဟောင်းတို့ကို လက်နက်ကြီးများပစ်ကူများဖြင့် တိုက်ပွဲများဖေါ်ကာ ၀င် ရောက်သိမ်းပိုက်ခဲ့ပါသည်။

ဇန္နာဝါရီလ ၁၉ ရက်နေ့တွင် ခုခံစစ်မှအပ ပစ်ခတ်မှုများ မပြုလုပ်ရန် အစိုးရဘက်မှ ထုတ်ပြန်ခဲ့ပါသည်။ ထိုထုတ်ပြန်ချက် အတိုင်း တိုက်ပွဲများမဖြစ်ပွားစေရန်  KIA ဘက်မှ လိုက်နာဆောင်ရွက်ခဲ့ဟုဆိုပါသည်။ သို့သော်အစိုးရတပ်ဖွဲ့များ၏ စစ် ရေးလှုပ်ရှားမှုများ ရပ်တန့်သွားခြင်းမရှိပေ။

“အစိုးရရဲ့ စစ်ဆင်ရေး စီမံချက်တွေ ရှိနေလို့ ထင်ပါတယ်။ စစ်ရေးလှုပ်ရှားမှုတွေက အရှိန်မလျှော့သွားပါဘူး။ တိုးပြီး လုပ် ရှားလာခဲ့တယ်။ အရပ်သားတွေလည်းကို ပစ်ခတ်တယ်။ ဒါကြောင့် ကျနော်တို့ဘက်က သီးခံမှု ကုန်သွားတော့ ဖေဖော်ဝါရီ လ (၁) ရက်နေ့မှာ ခါမော်ကြီးကုန်း မှာ တိုက်ပွဲဖြစ်ခဲ့တဲ့ အထိပါဘဲ။” ဟု တပ်ရင်းမှူးက ဆိုပါသည်။
အစိုးရတပ်ဖွဲ့များသည် KIA ဌာနချုပ်လိုင်ဇာ နယ်မြေ၌ တိုက်ခိုက်မှုများ ရပ်တန့်ထားပါသည်။ သို့သော်  ဖားကန့်မြို့နယ် နှင့် တပ်မဟာ(၄)ဘက် စစ်ဆင်ရေးလှုပ်ရှားမှုများ ဖြစ်လာနေသည်ဟု ဆိုပါသည်။ ထို့အပြင်ကျောက်စိမ်းမှော်၌ တပိုင်တနိုင် ကျောက်တူးသမားများကိုလည်း မောင်းထုတ်နေပါသည်။

မော်ဆီဇာ၊ ကဒေ၊ ကထန် လုပ်ကွက်များလုပ်ခွင့်ပိတ်သည့် အနေဖြင့် နိုင်ငံသား မှတ်ပုံတင်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ် စေ အားလုံးကိုပြန်ခိုင်းစေပါသည်။ သေနတ်များ ပစ်ခတ်ခြိမ်းခြောက် ပြီးမနေရဲအောင် လိုက်လံပစ်ခတ်ခဲ့ပါသည်။ တပ်အင် အားဖြည့်တင်းပြီး KIA ရှိသည့်နေရာအား စစ်ဆင်ရန် ပြင်ဆင်နေသည်ဟု KIA တပ်ရင်း(၆)မှူးက ဆိုပါသည်။

0 comments:

Facebook Fan Page