ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်

Monday, February 25, 2013

အစိုးရတပ်ဖွဲ့မှ အရပ်သားများကို အကြောင်းမဲ့ သတ်ဖြတ်မှုရှိဟု တပ်ရင်း (၆) ကဆို



ရွှေဟသာင်္သတင်းဌာန၊ ဖေဖော်ဝါရီလ (၂၅) ရက်နေ့

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ကချင် လွတ်မြောက်ရေး တပ်မတော် KIA တပ်ဖွဲ့နှင့် အစိုးရ တပ်ဖွဲ့ တို့အကြား ဖြစ်ပွား သော တလခွဲကြာ ပိပက္ခ အတွင်း၌ အစိုးရ တပ်ဖွဲ့ဘက်မှ ပြည်သူလူထု (၄၀) ကျော် သတ်ဖြတ်ခဲ့သည်ဟု တပ်ရင်း (၆) တပ်ရင်းမှုး ဒုတိယ ဗိုလ်မှူးကြီး အင်ခွန်ဇော်ဒွဲက ပြောပါသည်။

“တိုက်ပွဲကတော့ ဇန္နာဝါရီလ (၁၃) ရက်နေ့မှာ စဖြစ်ပွားခဲ့တယ်။ ကျနော်တို့က ပြည်သူလူထုကို ငြဲ့ညာသော အားဖြင့် တချို့နေရာတွေ ရှောင်ပေးခဲ့ရတာ ရှိသလို တချို့နေရာကျတော့ ပြန်တိုက်ခိုက် တာတော့ ရှိပါတယ်။ သူတို့ကတော့ ထုံစံ အတိုင်းဘဲ ပြည်သူတွေကို ဖမ်းဆီတယ်၊ ညှင်ပမ်းနှိပ်စက်မှုတွေ ဆက်လုပ်နေတယ်။ အခုဆို ပြည်သူတွေ အယောက် (၄၀) ခန့် သတ်ဖြတ်လိုက်ပြီး ဖြစ်တယ်။” ဟု ဆိုပါသည်။

ဇန္နာဝါရီလ (၁၈) ရက်နေ့တွင် အစိုးရ တပ်ဖွဲ့တို့သည် KIA တပ်ရင်း (၆) တပ်စခန်းကို ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့ ပါသည်။ ဇန္နာဝါရီလ (၁၉) ရက်နေ့တွင် အစိုးရဘက်မှ သဘောထားများ ထုတ်ပြန်ခဲ့သည်။ ဤသို့ကြောင်း ထိုကံစီ KIA တပ်ရင်း (၆) တပ်စခန်း အတွင်းသို့ အစိုးရတပ်ဖွဲ့တို့က ဝင်ရောက် တပ်စွဲထားခြင်း မပြုခဲ့သေးပါ။

ထိုစခန်းသည် ဖေဖော်ဝါရီလ (၁၅) ရက်နေ့ နောက်ပိုင်းတွင်း အစိုးရ တပ်ဖွဲ့တို့သည် ဝင်ရောက်လာခဲ့ပြီး KIA လက်ကျန် ပစ္စည်းများကို ဝင်ရောက် သယ်ယူခြင်းများ ပြုလုပ်ခဲ့သည်ဟု ဒုတိယ ဗိုလ်မှူးကြီးက ဆိုပါသည်။ ပြီးခဲ့သည့် ဇန္နာဝါရီလ ကုန်ပိုင်းတွင် တကြိမ် ပြည်သူလူထုကို မူတည် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး နောက်ဆက်တွဲ လုပ်ရပ်များ ဖြစ်ကြောင်း ဆိုပါသည်။

“ စကခ (၇) မှုးကိုယ်တိုင် လာပြီး သိမ်းဆည်တာတို့ လုပ်သွားခဲ့တယ်။ ကျနော်တို့ လက်ကျန် ပစ္စည်းတွေ အနီးရှိ ကျေး ရွာ ပစ္စည်းတွေ ကား (၃၆) စီးဖြင့် သယ်ဆောင်သွားတယ်လို့ သိရှိရပါတယ်။ အဲဒီနေရာဟာ တရားဝင် ကျနော်တို့ နေရာ ဖြစ်ပါတယ်။ အစိုးရ အလံ လာရောက်စိုက်ထူ သွားတယ်လို့ ကြားရပါတယ်။” ဟု ဆိုပါသည်။

ဂွေခါဒေသ (ကံစီ၊ လုံးခင်း) သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် အစိုးရ တပ်ဖွဲ့တို့က KIA တပ်ဖွဲ့များ လာ ရောက် ပစ်ခတ်ခြင်း၊ မိုင်းခွဲခြင်း ပြုလုပ်ပါက ယင်းဒေသရှိ ပြည်သူလူထုများသည် အကုန်းလုံး ပစ်သတ်ရမည်ဟု နှုတ် အမိန့်ဖြင့် ကျေးရွာ အုပ်ချုပ်မှုးများအား ပြောကြား ထားသည်ဟု ရွာသား တစ်ဦးက ဆိုပါသည်။

ဤသို့ကြောင့် KIA တပ်ဖွဲ့ဝင်များသည် တိုက်ပွဲများ မဖြစ်ရန် စောင့်ထိန်းခဲ့ရသည်။ ယင်းသို့ကြောင့် အစိုးရတပ်ဖွဲ့ဘက်မှ ထင်တိုင်းကျဲနေခဲ့ရသည်။ တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံ ရှာဖွေခြင်း ပြုလုပ်ခဲ့သည်။

ဖားကန့်မြို့နယ်အတွင်း ခရီးသွားပြည်သူများ ကိုလည်း တကိုယ်လုံး စစ်ဆေးမှုများ၊ ပါလာသည့် ပစ္စည်း၊ နာရီ၊ ဖုန်း၊ ရွှေငွေများကို သိမ်းဆီးကြပါသည်။ အထူးသဖြင့် ကချင် လူမျိုးဖြစ်ပါက အချိန်ဆွဲ ထိန်းသိမ်းခြင်း၊ အကြောင်းမဲ့ စွပ်စွဲခြင်း စစ်ဆေးခြင်း များ၊ ပိုမို လုပ်ဆောင်လေ့ရှိသည်ဟု အစစ်ဆေးခံရသည့် ရွာသား တဦးက ဆိုပါသည်။

ကံစီ ကျေးရွာဒေသသည် ၁၉၉၄ ခုနှစ် KIO/KIA အဖွဲ့နှင့် အစိုးရ အဖွဲ့ အပစ်အခတ် ရပ်စဲပြီး နောက်ပိုင်း KIA ဘက်မှာ လာရောက် တပ်စွဲ ခဲ့သည်။ ထိုနေရာသည် အယင်းက မည်သည့် တပ်ဖွဲ့မှ တပ်စွဲထားခြင်း မရှိခဲ့ပါ။
နောက်ပိုင်းမှ အစိုးရ တပ်ဖွဲ့တို့က KIA တပ်ဖွဲ့များ တပ်စွဲထားသော နေရာများသည် လိုက်လံ တပ်စွဲခြင်းများ ပြုလုပ်လာခဲ့ သည်ဟု KIA ဘက်မှ ဆိုပါသည်။ 

အစိုးရ တပ်ဖွဲ့တို့သည် ရောက်ရှိသည့် နေရာတိုင်းတွင် ကချင်ပြည်သူများကို မထင်ရင် မထင်သလို လိုက်လံသတ်ဖြတ် လေ့ရှိခဲ့သည်ဟု KIA ဘက်က ဆိုပါသည်။ 

ဤသို့ကြောင့် အစိုးရ တပ်ဖွဲ့တို့က အစိုးရအဖွဲ့မှ ထုတ်ပြန်ချက်များကို လိုက်နာခြင်း မရှိဘဲ နယ်မြေ စိုးမိုးရေးအတွက် စစ်ကြောင်းဖြင့် တပ်ဖြန့် လှုပ်ရှားနေပါက တိုက်ပွဲများ ပြန်လည်း ဖြစ်ပွားနိုင်ကြောင်း တပ်ရင်းမှူးက ဆိုပါသည်။

0 comments:

Facebook Fan Page