ပန်ကန်တိုက်ပွဲတွင် အစိုးရ တပ်ဖွဲ့ဝင် (၂)ဦးသေ (၃)ဦးဒဏ်ရာရ
ရွှေဟင်္သာသတင်းဌာန ဇန်န၀ါရီလ ၁၆ ၂၀၁၃
တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်-TNLA တပ်ရင်း(၁၁၂)နှင့်
မန်တုံ အခြေစိုက် ခလရ တပ်ရင်း(၁၃၀)၊ နမ္မတူ အခြေစိုက် ခမရ တပ်ရင်း (၃၂၄) ပါဝင်သည် တအာင်း ဒေသသို့ ထိုးစစ်ဆင် လာသော မြန်မာ တပ်ဖွဲ့ တို့သည် ဇန်န၀ါရီလ -၁၅
ရက် မနက် ၁၀ နာရီမှ ၁၁ နာရီ အထိ မန်တုံမြို့နယ် ပန်ကန်ကျေးရွာ အနီးတွင်
တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
ထိုတိုက်ပွဲတွင်
အစိုးရ တပ်မတော်မှ ၂-ဦး
ကျဆုံးသည့် အပြင် တပ်သား (၃)
ဦးလည်း ဒဏ်ရာ
အပြင်းအထန် ရရှိသွားပါသည်။
TNLA-တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ အဖွဲ့ဝင် တစ်ဦးလည်း တအာင်း
အမျိုးသား လွတ်မြောက်ရေး အတွက် အသက်ပေးလှူ သွားခဲ့သည်။
PSLF/TNLA
သတင်းနှင့်ပြန်ကြားရေးဌာန
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး
မေးမြန်းလိုပါက ။
။ ၁၅၅ ၀၈၈၄ ၄၆၅၂
ဖြင့် ဆက်သွယ်နိုင်သည်။
0 comments:
Post a Comment