Latest Update

ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်

Monday, January 21, 2013

KIA စစ်ဆင်ရေးအပေါ် အစိုးရ၏ နောက်ဆုံး ညွှန်ကြားလွှာ



ရွှေဟင်္သာသတင်းဌာန ဇန်န၀ါရီလ ၂၁ ၂၀၁၃

အစိုးရသည် KIA ဌာနချုပ် လိုင်ဇာကို ဇန္နာဝါရီ (၂၁) ရက်နေ့ နောက်ဆုံးထားပြီး အပြီးသတ် စစ်ဆင်ရန် ညွှန်ကြားထား သည်ဟု သိရှိ ထားပါကြောင်း KIA အရာရှိ တဦးက ဆိုပါသည်။ 

အစိုးရ ဖက်က အမိန့်ပေး ထာတာက စခန်းသိမ်းတိုက်ပွဲကို ယနေ (၂၀) ရက်နေ့ ညမှ စ၍ ၂၄ နာရီအတွင်း အပြီးသတ် ထိုးစစ်ဆင်သွားဖို့ ညွှန်ကြားထားတာ ရှိတယ်လို့ သိရတယ်လေ။ သဘောကနိုင်ငံတကာကနေ ဖိအား အတော်ပေးခံ နေရပုံပါတယ်။ ပြီးတော့လိမ်တယ်လေ၊ တဖက်ကအပစ်ရပ်ပြီးလို့ ပြောနေတဲ့အချိန်မှာ တဖက်က အပြင်းအထန်ကို စစ်ဆင်နေတယ်ဆိုတဲ့ ပြင်ပမီဒီယာတွေကလည်း ပြောနေတော့ပေါ်ကုန်တာပေါ့။ ဒါကြောင့် နောက်ဆုံး ညွှန်ကြားတာဖြစ်   မယ်ဟုဆိုပါသည်။ 

လဂျားယန်ဒေသ ခယာဘွမ် (Hka Ya Bum)စခန်းကို ၂၄ နာရီအပြီး သိမ်းပိုက်ရန် ညွှန်ကြားခြင်း ဖြစ်ဖွယ် ရှိပါသည်။ယင်း ခယာဘွမ် ထိုးစစ်ကို အပြီးသတ်ရန် ဇန်န၀ါရီလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ကာ ထိုးစစ်ဆင် ခဲ့သော်လည်း အကျ အဆုံးများသဖြင့် ရည်မှန်းချက်ကို မရရှိဘဲ ဖြစ်နေပါသည်။ 

အစိုးရ၏ လဂျားယန် တပ်ဖွဲ့များသည် ဇန်န၀ါရီလ ၂၀ ရက် မနက် ၈ နာရီအချိန်တွင် ခယာဘွမ်၏ အရှေ့ဘက် ခြမ်းမှ လျှပ်တပြက် ၀င်ရောက် တိုက်ခိုက် သော်လည်း အကျအရှုံးများနှင့် ထပ်မံပြန်ဆုတ်ခဲ့ရပါသည်။ ဒါအပြင်နေ့လည် ၁၂ နာ ရီတွင်လည်း ခယာဘွမ်၏ အနောက်ဘက်နှင့် မြောက်ဖက်မှ ပတ်ပြီး ပြန်လည် ထိုးစစ်ဆင် ခဲ့ပြန်သော်လည်း ရည်မှန်းသ လိုမဖြစ်ဘဲ အချီးနှီးပင်ဖြစ်သွားခဲ့ပါသည်။ 

ညနေ ၆း၃ဝ တွင်လည်း လဂျားယန် တောင်ခြေ၌ ရှိသော လဝါယန်အနီးမှ အစိုးရ တပ်ဖွဲ့သည် လိုင်ဇာဖက်သို့ ထိုးဖေါက် ဖို့ကျိုးစားစဉ် မိုင်းကွင်းထဲသို့ ကျသွားသဖြင့် KIA တပ်ဖွဲ့များ၏ ချေမှုန်းခြင်းကို ခံခဲ့ရပါသည်။

ခယာဘွမ်ကို ၂၄ နာရီဖြင့် အပြီး သိမ်းပိုက်ရေး စီမံချက်သည် ဇန်န၀ါရီလ ၂၀ ရက်နေ့ ညပိုင်း တင်မည်ဖြစ်သည်။ ယင်း ၂၄ နာရီစီမံကိန်းတွင် ပန်ဝါဒေသ နယ်ခြား မှတ်တိုင် အမှတ်(၆) KIA တပ်စခန်းလည်း ပါဝင်ကြောင်း သိရှိရသည်။  


ဇန္နာဝါရီ (၂၁)ရက်နေ့ မနက်မှ စပြီး အစိုးရ လက်နက်ကြီး တပ်ဖွဲ့သည် စိန်လုံတောင်မှ မိုင်ဂျာယန်အနီးရှိ Maga Hket, Yaw Yung, Lagat Bum, Jan Mai, သို့ မြေကြီးတုန်အောင် ပစ်ခတ်နေပါသည်။ ထို့အတူ မိုင်ဂျာယန်နှင့် ခါယာတောင် ကျောကိုလည်း တောက်လျှောက် ပစ်ခတ်နေခဲ့ပါသည်။  

ဒီဇင်ဘာလ ကုန်ပိုင်းမှ စတင်ခဲ့သော လဂျားယန်ဒေသ ထိုးစစ်တွင် ပခုက္ကူ အခြေစိုက် တပ်မ (၁၀၁) လက်အောက်ခံ တပ်ရင်းများဖြစ်သည် ခလရ(၂၅၁)၊ (၂၅၂)၊ (၂၅၃)၊ (၂၅၄)၊ (၂၅၅)၊ (၂၅၆)၊ (၂၅၇)၊ (၂၅၈)၊ (၂၅၉)၊ တပ်ရင်းများ ပါဝင် ခဲ့ပါသည်။ ဤအထဲ၌ ခလရ (၂၅၂)၊ (၂၅၈)မှ တပ်ရင်းမှူး နှစ်ဦးသည်လည်း ပြင်ထန်စွာ ဒဏ်ရာရရှိခဲ့ပြီး  ခလရ(၂၅၈) သည် တပ်ပျက်သွားခဲ့သည်ဟု KIA ဖက်ကဆိုပါသည်။  

အစိုးရ၏ နောက်ဆုံး၂၄ နာရီ စစ်ဆင်ရေး ရည်မှန်းချက် အောင်မြင်ပါက သမ္မတ ဦးသိန်းစိန်းမှ တနိုင်ငံလုံးအပစ် အ ခတ်ရပ်စဲကြောင်း ကြေညာရန် ရှိသည်ဟု ဆိုပါသည်။

0 comments:

Facebook Fan Page