ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်

Friday, January 18, 2013

လဂျားယန် စစ်မျက်နှာကို လူလှိုင်းဖြင့် စစ်ဆင်



လဂျားယန် စစ်မျက်နှာကို လူလှိုင်းဖြငစစ်ဆင်
 
ရွှေဟင်္သာသတင်းဌာန၊ ဇန်နာဝါရီလ (၁၈) ရက်နေ့

မနက် () နာရီမှ ညနေ () ခန့်အထိ ဗန်းမော်-လိုင်ဇာ လမ်းကြောင်းပေါ်မှ လဂျားယန် စစ်ဆင်ရေးကို လူလှိုင်းဖြင့် အစိုရတပ်ဖွဲ့မှစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း လဂျားယန်စစ်ဆင်ရေး စစ်မျက်နှာမှ ဦးစီးကွပ်ကဲနေသူ KIA အရာရှိတဦးကဆို ပါသည်။
ဒီလိုပါဗျ။ ညကတည်းက သူတို့ဆိုင်ထားတာ။ မနက် () နာရီလည်းရောက်ရော စပြီးတိုက်လိုက်တာ ခေါင်းကို ဘီး ဖီးသလို ခပ်စိပ်စိပ်ပေါ့။ ဘဲအုပ် မောင်းသလိုမျိုး။ လူတွေကို တန်းစီပြီးကို တက်တိုက်လာတာပေါ့။ လက်နက်ကြီးတွေ ရော လေယာဉ်တွေရော တနေ့လုံး မနားတမ်းကို ပစ်တာပါဘဲ။ အဲဒါနဲ့ ညနေ () နာရီလောက်မှ ကျဲသွားတာ။ အဲဒီတော့ တန်းစီပြီးတက်လာ က တည်းကဆိုတော့ သေတာထိတာတွေက အတုံးအရုံး ပါဘဲဗျ။ တွေ့နေရတယ်။ နောက်ဆုံးကျ တော့ ကျနော်လို့လူတွေ က မပစ်နိုင်တော့တဲ့အထိ ဖြစ်လာတယ်ဗျ။ အဲတာကြောင့် ပွိုင့် (၇၇၁) ပတ်ဝန်းကျင်နဲ့ လဂျား ယန်ကို ကျနော်တို့က () ဖါလုံလောက် ဆုတ်ပေးလိုက်တယ်။ဟုဆိုပါသည်။
ယနေ့ စစ်ဆင်ရေးသည် တောင်ကုန်းအမှတ် (၇၇၁) တဝိုက်ရှိ KIA တပ်ရင်း (၂၃) တပ်ဖွဲ့နှင့် လဂျားယန် ကျောင်းသား စခန်းအား စစ်ဆင်နေခြင်း ဖြစ်ပါသည်။ စစ်ဆင်မှုသည် (၁၀) ဖါလုံသာရှိသည့် စစ်မျက်နှာကို လူအင်အား () ထောင် ခန့်နှင့် တိုက်ခိုက်ခဲ့သဖြင့် ရာနှင့်ချီပြီး ထိခိုက်ဒါဏ်ရာ ရဖွယ်ရှိသည်ဟု KIA ဖက်က ဆိုပါသည်။
မြေပြင်တပ်များ ထိခိုက်မှု များပြားသဖြင့် ညနေပိုင်းတွင် လေယာဉ်ဖြင့် ပြင်းထန်စွာ ဒုံး၊ ဗုံးများတလစပ် တိုက်ခိုက်ခဲ့ ပါ သည်။ ပွိုင့် (၇၇၁) ဖြစ်သည့် KIA တပ်ရင်း (၂၃) စခန်းသည် ဒီဇင်ဘာ (၃၀) ရက်နေ့ကတည်းက အစိုးရတပ်ဖွဲ့များ သိမ်းဆည်းထားသော စခန်းဖြစ်ပါသည်။ သို့သော် သိမ်းဆီးထားသည်ဟု ဆိုသော်လည်း KIA ကနောက်ဆုတ်ပေး ထားတာဖြစ်ပြီး စခန်းပတ်ပတ်လည်ကို ပြန်လည်ဝိုင်းထားသည့် စခန်း ဖြစ်ပါသည်။

ပွိုင့် (၇၇၁)စခန်းပတ်လည်အား လေယာဉ်ဖြင့် အကြိမ်ကြိမ်ပစ်ခတ်ခဲ့
ယနေ့တိုက်ပွဲသည် ဤစခန်း ပတ်ဝန်းကျင်ကို ရှင်းလင်းရန် လူအင်အား (၂၀၀၀) နှင့် ထပ်မံ စစ်ဆင်နေခြင်း ဖြစ်ပါသည်။ ဤနေရာ တဝိုက်သည် ဒီဇင်ဘာလ (၁၄) ရက်နေ့ကတည်းက တိုက်ပွဲဖြစ်လာခဲ့သည့် နေရာ ဖြစ်ပါသည်။ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် လေကြောင်းအကူဖြင့် သိမ်းပိုက်ခဲ့ပါသည်။
ဤတိုက်ပွဲနှင့်အတူ လဂျားယန်ရှိ ကျောင်းသားနှင့် KIA ပူးတွဲစခန်းကိုလည်း ပြင်းထန်စွာ စစ်ဆင်ခဲ့ပါသည်။ ဤစခန်း ရှိ တပ်ဖွဲ့များသည် အစိုးရ၏ စစ်ကူများကို ဖြတ်တိုက်ရာတွင် ထိရောက်သော စခန်းဖြစ်ပါသည်။ ဤသို့ကြောင့် KIA တပ် ရင်း (၂၃) ဖြစ်သော ပွိုင့် (၇၇၁) နှင့် တပါးတည်း စစ်ဆင်ခြင်း ဖြစ်ဖွယ်ရှိပါသည်။
 မနေ့ကလဲ ၇၇၁ အနားမှာရှိတဲ့ KIA တပ်စွဲထားတဲ့ နေရာကိုပြင်းထန်စွာ ဝင်တိုက်တယ်။ ညနေပိုင်လောက်မှာ ကျနော်တို့ဘက်က ဆုတ်ပေးလိုက်ရတယ်။ ညက ဆိုရင် မိုးလဲ သံတတားကို လက်နက်ကြီးနဲ့ သူတို့လှမ်းပြီး ပစ်ခတ်ဖျက်ဆီး လိုက်သေးတယ်။ KIA က ဖျက်တယ်လို့ ပြောအုံးမှာဘဲ။ဟုဆိုပါသည်။
ဤသို့ကြောင့် ယနေ့တွင်တိုက်ပွဲ () နေရာဖြစ်ပွားခဲ့ပါသည်။  ဒေါ့ဖုန်းယန်မြို့နယ် ခါ့လာဘွမ်အပါဝင် ပွိုင့် ၇၇၁ နှင့် လဂျားယန်ဟူ၍ (၃) နေရာဖြစ်ပွားခဲ့သည်။



0 comments:

Facebook Fan Page