Latest Update

ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်

Thursday, January 17, 2013

အစိုးရနဲ့ ကေအိုင်အို တိုက်ပွဲတွေ ပြင်းထန် လာနေတာကို အမေရိကန် သံအမတ်ကြီး စိုးရိမ်



RFA BURMESE ဇန်န၀ါရီလ ၁၇ ၂၀၁၃

အစိုးရနဲ့ ကေအိုင်အို အကြား တိုက်ပွဲတွေ ပြင်းထန် လာနေတဲ့ အရင်းခံ အကြောင်းဟာ တဖက်နဲ့ တဖက် ယုံကြည်မှု အားနည်း နေတာကြောင့် ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell က ဇန်နဝါရီလ ၁၇ ရက်နေ့ ဒီကနေ့ ပြောလိုက် ပါတယ်။

မြန်မာ့ တပ်မတော်နဲ့ ကေအိုင်အို တပ်တွေ နှစ်ဖက် စလုံး တိုက်ပွဲတွေ အမြန်ဆုံး ရပ်ဆိုင်းကြဖို့ ကိုလည်း သံအမတ်ကြီးက တောင်းဆို လိုက်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၄ရက်နေ့က ကေအိုင်အို ဌာနချုပ် လိုင်ဇာမြို့မှာ လက်နက်ကြီး ကျည်ဆံ ကျရောက် ပေါက်ကွဲပြီး အရပ်သားတွေပါ သေဆုံး ခဲ့ရတာကို မိမိတို့ အမေရိကန် အစိုးရ အနေနဲ့ အထူး စိုးရိမ် ပူပန် နေကြောင်းလည်း ပြောလိုက်ပါတယ်။

မိမိတို့ အနေနဲ့ အရပ်သားတွေ ထိခိုက် သေဆုံးမှုဖြစ်မယ့် ဘယ်လို လုပ်ရပ်မျိုးကိုမဆို ဆန့်ကျင်ကြောင်းလည်း သံအမတ်ကြီး Derek Mitchell က ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၄ရက်နေ့က လိုင်ဇာမြို့မှာ လက်နက်ကြီး ကျည်ဆံ ကျရောက် ပေါက်ကွဲတာကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး တစ်ချို့ဒဏ်ရာရခဲ့ပါတယ်။

0 comments:

Facebook Fan Page