Latest Update

ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်

Friday, January 18, 2013

လဂျားယန် စစ်မျက်နှာကို လူလှိုင်းဖြင့် စစ်ဆင်



ရွှေဟင်္သာသတင်းဌာန ဇန်န၀ါရီလ ၁၈ ၂၀၁၃

မနက် () နာရီမှ ညနေ () ခန့် အထိ ဗန်းမော်-လိုင်ဇာ လမ်းကြောင်းပေါ်မှ လဂျားယန် စစ်ဆင်ရေးကို လူလှိုင်းဖြင့် အစိုးရ တပ်ဖွဲ့မှ စစ်ဆင် တိုက်ခိုက် ခဲ့ကြောင်း လဂျားယန် စစ်ဆင်ရေး စစ်မျက်နှာမှ ဦးစီး ကွပ်ကဲနေသူ KIA အရာရှိ တဦးက ဆိုပါသည်။ 

ဒီလိုပါဗျ။ ညကတည်းက သူတို့ ဆိုင်ထားတာ။ မနက်() နာရီလည်း ရောက်ရော စပြီး တိုက်လိုက်တာ ခေါင်းကို ဘီး ဖီးသလို ခပ်စိပ်စိပ်ပေါ့။ ဘဲအုပ်မောင်းသလိုမျိုး။ လူတွေကိုတန်းစီပြီးကို တက်တိုက် လာတာပေါ့။ 

  လက်နက်ကြီးတွေ ရော လေယာဉ်တွေရော တနေ့လုံး မနားတမ်းကို ပစ်တာပါဘဲ။ အဲဒါနဲ့ ညနေ () နာရီလောက်မှ ကျဲသွားတာ။ အဲဒီတော့ တန်းစီပြီးတက်လာ က တည်းကဆိုတော့ သေတာထိတာတွေက အတုံးအရုံး ပါဘဲဗျ။ တွေ့နေရတယ်။ နောက်ဆုံးကျတော့ ကျနော်လို့လူတွေက မပစ်နိုင်တော့တဲ့ အထိ ဖြစ်လာတယ်ဗျ။ အဲတာကြောင့် ပွိုင့် (၇၇၁) ပတ်ဝန်းကျင်နဲ့ လဂျားယန်ကို ကျနော်တို့က () ဖါလုံလောက် ဆုတ်ပေးလိုက်တယ်။ဟု ဆိုပါသည်။ 
 
ယနေ့ စစ်ဆင်ရေးသည် တောင်ကုန်းအမှတ် (၇၇၁) တဝိုက်ရှိ KIA တပ်ရင်း (၂၃) တပ်ဖွဲ့နှင့် လဂျားယန် ကျောင်းသား စခန်းအား စစ်ဆင်နေခြင်း ဖြစ်ပါသည်။ စစ်ဆင်မှုသည် (၁၀) ဖါလုံသာ ရှိသည့် စစ်မျက်နှာကို လူအင်အား () ထောင် ခန့်နှင့် တိုက်ခိုက် ခဲ့သဖြင့် ရာနှင့်ချီပြီး ထိခိုက် ဒါဏ်ရာရဖွယ် ရှိသည်ဟု KIA ဖက်က ဆိုပါသည်။ 
 
မြေပြင် တပ်များ ထိခိုက်မှုများပြားသဖြင့် ညနေပိုင်းတွင် လေယာဉ်ဖြင့် ပြင်းထန်စွာ ဒုံး၊ ဗုံးများ တလစပ် တိုက်ခိုက်ခဲ့ ပါ သည်။ ပွိုင့် (၇၇၁) ဖြစ်သည့် KIA တပ်ရင်း (၂၃) စခန်းသည် ဒီဇင်ဘာ (၃၀) ရက်နေ့ ကတည်းက အစိုးရ တပ်ဖွဲ့များ သိမ်းဆည်း ထားသော စခန်းဖြစ်ပါသည်။ သို့သော် သိမ်းဆီး ထားသည်ဟု ဆိုသော်လည်း KIA က နောက်ဆုတ်ပေး ထားတာ ဖြစ်ပြီး စခန်း ပတ်ပတ်လည်ကို ပြန်လည် ၀ိုင်းထားသည့် စခန်းဖြစ်ပါသည်။ 



                                       
ပွိုင့် (၇၇၁) စခန်း ပတ်လည်အား လေယာဉ်ဖြင့် အကြိမ်ကြိမ် ပစ်ခတ်ခဲ့ 

ယနေ့ တိုက်ပွဲသည် ဤစခန်း ပတ်ဝန်းကျင်ကို ရှင်းလင်းရန် လူအင်အား (၂၀၀၀) နှင့် ထပ်မံ စစ်ဆင်နေခြင်း ဖြစ်ပါသည်။ ဤနေရာ တဝိုက်သည် ဒီဇင်ဘာလ (၁၄) ရက်နေ့ကတည်းက တိုက်ပွဲဖြစ်လာခဲ့သည့် နေရာဖြစ်ပါသည်။ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် လေကြောင်း အကူဖြင့် သိမ်းပိုက် ခဲ့ပါသည်။ 

ဤတိုက်ပွဲနှင့် အတူ လဂျားယန်ရှိ ကျောင်းသားနှင့် KIA ပူးတွဲ စခန်းကိုလည်း ပြင်းထန်စွာ စစ်ဆင် ခဲ့ပါသည်။ ဤစခန်းရှိ တပ်ဖွဲ့များသည် အစိုးရ၏ စစ်ကူများကို ဖြတ်တိုက်ရာတွင် ထိရောက်သော စခန်းဖြစ်ပါသည်။ ဤသို့ကြောင့် KIA တပ်ရင်း (၂၃) ဖြစ်သော ပွိုင့် (၇၇၁) နှင့် တပါးတည်း စစ်ဆင်ခြင်း ဖြစ်ဖွယ် ရှိပါသည်။ 

 မနေ့ကလဲ ၇၇၁ အနားမှာ ရှိတဲ့ KIA တပ်စွဲထားတဲ့ နေရာကို ပြင်းထန်စွာ ဝင်တိုက်တယ်။ ညနေပိုင်လောက်မှာ ကျနော်တို့ဘက်က ဆုတ်ပေးလိုက်ရတယ်။ ညက ဆိုရင်မိုးလဲ သံတတားကို လက်နက်ကြီးနဲ့ သူတို့လှမ်းပြီး ပစ်ခတ် ဖျက်ဆီး လိုက်သေးတယ်။ KIA က ဖျက်တယ်လို့ ပြောအုံးမှာဘဲ။ဟု ဆိုပါသည်။ 

ဤသို့ကြောင့် ယနေ့တွင်တိုက်ပွဲ () နေရာ ဖြစ်ပွား ခဲ့ပါသည်။  ဒေါ့ဖုန်းယန်မြို့နယ် ခါ့လာဘွမ် အပါဝင် ပွိုင့် ၇၇၁ နှင့် လဂျားယန်ဟူ၍ (၃) နေရာဖြစ်ပွားခဲ့သည်။

0 comments:

Facebook Fan Page