Latest Update

ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်

Sunday, January 20, 2013

ဗန်းမော်-လိုင်ဇာ လမ်းကြောင်းမှ ပူခွမ်တောင်၌ တိုက်ပွဲပြင်းထန်




ရွှေဟင်္သာသတင်းဌာန ဇန်န၀ါရီလ ၂၀ ၂၀၁၃


အစိုးရ တပ်ဖွဲ့များသည်၊ ခါရာတောင်ကုန်းကို သိမ်းပြီး ၄င်းနေရာနှင့် ဆက်စပ်နေသော ပူခွမ်ရှိ KIA တပ်စခန်းဘက်သို့ ပြင်း ထန်စွာ စစ်ဆင်ခဲ့ရာ အကျအဆုံး များစွာဖြင့် နောက်ဆုတ် ခဲ့ရသည်ဟု KIA ပြောခွင့်ရသူ ရှေ့တန်း အရာရှိ တဦးက ဆိုပါသည်။

“ အစိုးရဖက်က အင်းအား ၁၀၀ လောက်ရှိမယ်၊ မနက်ကတည်းက အဲဒီ ပူခွမ်တောင်ကို စစ်ဆင် လာတယ်လေ။ အပြင်း ထန် ဘဲ။ ကျနော်တို့ တပ်ရင်း ၂၃ ကလည်း စောင့်နေတာ အတော်ပါဘဲ။ ချေမှုန်းလိုက်တော့ အစိုးရဆီက လက်နက်ငယ် M1 နဲ့ M4 အလက် ၃၀၊ ပြီးတော့ အတွဲလိုက် စက်သေနပ် တလက်နဲ့ လက်ပစ်ဗုံးတွေ ကျဉ်ဆံတွေ အတော်များများကို ရလိုက်တယ်။” ဟု ဆိုပါသည်။  

ထို့အပြင် အရာရှိ ၄ လောင်းနှင့် အဆင့်လိုက် အရာတမ်းအပါဝင် တပ်သားများ၏ အလောင်းများစွာပြန့်ကျဲ နေသည်ကို သိမ်းဆည်း ရရှိခဲ့ပါသည်။ တိုက်ပွဲသည် နေ့လည်ပိုင်း ပြီးဆုံးသွားပြီး ကျဆုံးသွားသော အစိုးရတပ်မတော်သားများအား မီးသဂြိုဟ်နိုင်ရန် ကေအိုင်အေ တပ်ရင်း ၂၃ မှဆောက်ရွက်ပေးခဲ့ပါသည်။

ယမာန်နေ့ နေ့လည်လည်း ခါရာတောင်မှ ဆင်းလာသော အစိုးရတပ်များကို KIAတပ်များက ချေမှုန်းခဲ့ပါသည်။ ဤသို့ ကြောင့် စစ်ဆင်ရေးကို ထပ်မံ မြှင့်တင်သည့် အနေဖြင့် ယနေ့မနက်ပိုင်းတွင် ၁၀၅ မမလက်နက်ကြီး ချိတ်ဆွဲထားသော ၀န်ချီ စစ်ရဟတ်ယာဉ် နှစ်စီးသည် ဘွန်မရွယ်ဟုခေါ်ဆိုသော ပွိုင့် (၇၇၁) တွင်ထပ်မံအင်အားဖြည့်တင်းခဲ့ပါသည်။

အစိုးရ တပ်များသည် တောင်တန်း (၄) ခုမှ လက်နက်ကြီးများ အကူအညီဖြင့် ပူခွမ်တောင်ကို စစ်ဆင်လာခြင်းဖြစ်ပါသည်။ အစိုးရ တပ်များသည် ပူခွမ်တောင်ကို နံနက် (၉) နာရီ တကြိမ် နှင့် နေ့လည်ပိုင်း တနာရီတွင် တကြိမ် ထိုးစစ်ဆင်ခဲ့ပါသည်။ တချိန် ထဲတွင်အစိုးရ လက်နက်ကြီးများသည် လေဖက်လေးတန်မှ အလင်းဘွန် တောင်ကုန်းကို ဆက်လက် ပစ်ခတ်ခဲ့ပါသည်။ 

နေ့ တိုက်ပွဲတွင် တပ်မ ၁၀၁ မှတပ်ရင်း ၃ ရင်း တပ်မ ၈၈ မှ တပ်ရင်း ၄ ရင်း မြောက်ပိုင်းတိုင်းမှ တပ်ရင်း ၃ ရင်း စစ်ဆင် ရေးကွပ်ကဲမှု ဌာနချုပ် အမှတ် (၃)မှ ၁ ရင်း စုစုပေါင်း တပ်င်း ၁၁ ရင်းဖြင့် လူအင်အား ၆၀၀ ခန့် ထိုးစစ်ဆင်လာခဲ့ပါသည်။ ဇန္နာဝါရီလ (၁၈) ရက်နေ့ တိုက်ပွဲတွင်လည်း အကျအဆုံး များစွာဖြင့် စတေးပြီးမှ ခါရာတောင်ကျောကို သိမ်းပိုက်နိုင် ခြင်းဖြစ် ပါသည်။  

အစိုးရ ရှေ့ပြေး ကင်းထောက် လေယာဉ်တစင်းသည် ခါရာတောင်ကြောပေါ်တ၀ိုက်ကို မနက် ၉နာရီမိနစ် ၂၀ တွင် ကနဦး ပျံဝဲ ပြီးခါမှ တိုက်လေယာဉ်များက လာရောက် ဗုံးကျဲခဲ့သည်ဟု  ၄င်းတိုက်ပွဲ ရှိနေသော ABSDF (မြောက်ပိုင်းမှ) တာဝန်ရှိသူတဦးက ဆိုပါသည်။

အစိုးရသည် ဗန်းမော်-လိုင်ဇာ လမ်းကြောင်းရှိ လဂျားယန် စစ်ဆင်ရေးကို ၄င်းတို့ ရပ်စဲနေပြီးဖြစ်သည်ဟု ကြေညာချက် ထုတ် ပြန်ပြီး ဖြစ်ပါသည်။ ဤအချက်အပေါ် သမ္မတသည် ယနေ့ ရန်ကုန်တိုင်း လွှတ်တော်တွင် ကျင်းပ နေသည့် အဖွဲ့ပေါင်း ၈၆ဖွဲ့နှင့် တွေ့ဆုံပွဲလည်း ထပ်မံ အတည်ပြု ပြောကြားခဲ့ပါသည်။  
KIA ဖက်ကမူ အစိုးရအနေဖြင့် ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးရေးကို တကယ်လိုလားပါက စစ်ဆင်မှု အရှိန်လျှော့သင့်သည် ဟု ထောက်ပြနေပါသည်။

0 comments:

Facebook Fan Page