Latest Update

ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်

Monday, January 21, 2013

ဦးရဲထွတ်၏ ပြောကြားချက်သည် မဟုတ်မှန်ဟု KIA ပြောကြား



 အဲာပိုန် ဇန်န၀ါရီလ ၂၁ ၂၀၁၃

ကချင်ပြည်နယ်၊ ဖါးကန့်မြို့နယ် ကာမိုင်း ရဲစခန်းအား KIA တပ်မဟာ ()မှ တပ်ရင်း()တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ သည်ဟု သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွတ်၏ ပြောကြားချက်သည် မဟုတ်မှန်ကြောင်း တပ်ရင်း () တပ်ရင်းမှူး ဖြစ်သူ ဒုတိယ ဗိုလ်မှူးကြီး ဇော်တွဲက ငြင်းဆို ခဲ့ပါသည်။

ကျနော်ရဲ့ လက်အောက်က တပ်ဖွဲ့တွေကိုတော့ အမိန့် ပေးထားတာ မရှိပါဘူး ကာမိုင်းရဲစခန်းကိုဝင်တိုက်တာ။ ကျနော် တို့ကတော့ လောလောဆယ် တိုက်ခိုက်မှုတွေ ရပ်ထားပါလို့ အထက်က အမိန့်ပေးထားတော့ ကျနော်တို့ မတိုက်သေး ပါဘူး။ စောင့်ကြည့်နေတယ်။ အခုလည်း အစိုးရရဲ့ တပ်ဖွဲ့နဲ့ တဖါလုံအကွာမှာဘဲ ကျနော်တို့ရှိပါတယ်။ မတိုက်သေးပါ ဘူးဟုဆိုပါသည်။

ဦးရဲထွတ်သည် DVB အင်တာဗျူး တခုတွင် ၄င်းတို့သည် KIA အပေါ်အပစ်ရပ်ကြောင်း (၁၉) ရက်နေ့တွင် သတင်းထုတ် ပြန်ပြီးနောက် အပစ်ရပ် နေခဲ့ကြောင်း၊ ဤအချိန်မျိုး၌ KIA တပ်ရင်း () မှ ကားမိုင်း ရဲစခန်းကို လာတိုက် ခဲ့သဖြင့် တန်ပြန် တိုက်ခိုက် ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။


အစိုးရ၏ အမှတ် () စစ်ဆင်ရေး ကွပ်ကဲမှုစစ်ဌာနချုပ် (စကခ() ကယားပြည်)မှ ခမရ (၄၂၄) (၄၂၅) (၄၂၆) တပ် ရင်း () ရင်းသည် KIA တပ်မဟာ() တပ်ရင်း()စခန်းမှ တပ်ခွဲ() စခန်း()ခုဖြစ်သည့် ကံစီနှင့် ဆိုင်းရာ စခန်း များအား ပြီးခဲ့သည့် အပတ်က သိမ်းဆည်း ခဲ့ပါသည်။

ယခုလည်းအစိုးရ စကခ() တပ်ဖွဲ့များသည် KIA တပ်ရင်း () တပ်ဖွဲ့အား စစ်ဆင်ရန် တဖါလုံ အကွာ၌ ရှိနေကြသည်ဟု တပ်ရင်း () တပ်ရင်းမှူးက ဆိုပါသည်။ ထို့အပြင် စစ်ဆင်ရန် လိုအပ်သော စစ်ပစ္စည်းများကို ရဟတ် ၂စင်းဖြင့် ယနေ့နေ့ လည်ပိုင်းတွင် ထပ်မံ ပို့ပေးခဲ့သည်ဟု ဆိုပါသည်။

ဦးရဲထွတ်ပြောတာက ဟိုးအရင်တုန်းက ကိစ္စကို ထင်ယောင် ထင်းမှားဖြစ်အောင် ပြောတာလားတော့ မပြောတတ်ဘူး။ အစိုးရ ပြောရေး ဆိုခွင့်ရှိတဲ့လူတွေက အခြေအနေမဲ့ လိမ်ပြောတတ်ပါတယ်။ဟု စစ်ရေး အကဲခတ် တဦးက ပြောပါ သည်။

အစိုးရသည် လဂျာယန် စစ်ဆင်ရေးကို ရပ်စဲရန် ကြေညာချက် ထုတ်ပြီး ဖြစ်သော်လည်း KIA အားဆက်လက် စစ်ဆင် နေဆဲဖြစ်သည်ဟု KIA ဖက်က ဆိုနေပါသည်။ ဤသို့ကြောင့် KIA တပ်မဟာ () မှ တပ်ရင်း ()ကလည်း အစိုးရတပ် ဖွဲ့များ၏ တုန့်ပြန် အခြေအနေ အပေါ် မူတည်ပြီး ဆုံးဖြတ်ရန် စောင့်ကြည့်နေကြပါသည်။

0 comments:

Facebook Fan Page