ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်

Thursday, January 17, 2013

ရှေ့တိုးနိုင်ခြင်း မရှိသေးသော ဖွန်ပျန်ဘွမ် စခန်းကို အစိုးရက တိုးမြှင့် စစ်ဆင်



ရွှေဟင်္သာသတင်းဌာန ဇန်န၀ါရီလ ၁၇ ၂၀၁၃

ယနေ့တွင် ဗန်းမော်- လိုင်ဇာ လမ်းပိုင်း မှာရှိတဲ့ ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း (၂၄) ဖွန်ပျန်ဘွမ် စခန်းကို အစိုးရ တပ်ဖွဲ့တို့က တပ်ရင်း (၄) ရင်းခန့်ဖြင့် ထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ကျောင်းသား တပ်မတော် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မင်းဌေးက ဆိုပါသည်။

“ဒီနေ့ မနက် ၈ နာရီ မိနစ် ၂၀ မှာ လိုင်ဇာရဲ့ အမှတ် ၇၇၁ တောင်ကုန်းနဲ့ မျက်နှာချင်းဆိုင်မှာ ရှိတဲ့ ဖွန်ပျန်ဘွမ်  KIA တပ် ရင်း (၂၄) တပ်စခန်းကို တပ်အင်အား (၄) ရင်းနဲ့ သူတို့ လာတိုက်တယ်။ တောင်ကုန်းအောက် တဝိုက်မှာ တိုက်ပွဲပြင်းပြင်း ထန်ထန် ဖြစ်ပွားခဲ့တယ်။ လိုင်ဇာ အရှေ့ကာ ကင်းစခန်း ခါရာဘွမ်မှာလဲ ၄ နာရီ ၄၅ မိနစ် ချိန်မှာ လေယာဉ်နဲ့ လာပစ်နေ တယ်။ အခုချိန်အထိဘဲ။” ဟု ဆိုပါသည်။

အင်အားဖြင့် စစ်ဆင်လာသော အစိုးရ တပ်ကို KIA တပ်ရင်း (၂၃)နှင့် (၂၄) တို့ အပါဝင် ABSDF ကျောင်းသား တပ်များက ပြင်းထန်စွာ ခုခံသည့် အတွက် အထိအခိုက် အကျအဆုံး များစွာနှင့် ရှေ့မတိုးနိုင်ဘဲ ရှိနေပါသည်။
တိုက်ပွဲ အတွင်း မြန်မာ အစိုးရ တပ်ဖွဲ့များ ထံမှ RPG bazooka (၁)လက် နှင့် ကျည် (၁)လုံး ၊ ဗုံးသီး (၂ )လုံး ၊ ၈၁ မော် တာ ကျည် (၂)လုံး ၊ MG-42 ငါးကြင်းမြီး ကျည် (၄၀)တောင့် ၊ MA-1 လက်နက်ငယ် ကျည်တောင့် (၄၀၀ ) သိမ်းဆည်းရရှိ ကြောင်း ကေအိုင်အေ ရှေ့ တန်းမှ အရာရှိ တစ်ဦးက ဆိုပါသည်။
 
ဗန်းမော် - လိုင်ဇာ လမ်းပိုင်းရှိ ကန်တော့ကုန်း ဘက်မှ စစ်ကူအဖြစ် တက်လာသည့် အစိုးရ တပ်ဖွဲ့များနှင့် KIA ပူးပေါင်း တပ်ဖွဲ့များတို့က ဖွန်ပျန်ဘွမ် တောင်အောက်ခြေ၌ ဒီနေ့ မနက် ၈ နာရီ မိနစ် ၂၀ ခန့် အချိန်တွင် ပြင်းထန်စွာ ကြားဖြတ် တိုက်ခိုက် လိုက်ရာ နောက်ဆုတ် သွားခဲ့ရပါသည်။  

ထို့အပြင် ခယာဘွမ် တိုက်ပွဲအတွက် (Hka ya bum)သို့ ပစ်ခတ်နေသော ခန်းကိုင်တောင်မှ ၁၀၅ မမ ပစ်ခတ်မှုသည် ထိ ရောက်မှု မရှိလှသဖြင့် ဇန်န၀ါရီလ (၁၇) ရက်နေ့ နေ့လည်ပိုင်းတွင် ခန်းကိုင်တောင်မှ ၁၀၅ မမ အမြောက် (၁) လက်ကို ရ ဟတ်ယာဉ်ဖြင့် နားလုံ ကျေးရွာ အနီးရှိ တွမ်မဂင့်(Tum Magyeng)ကျေးရွာသို့ ရွှေ့ပြောင်း ခဲ့သည်ဟု KIA ကဆိုပါသည်။ 
 
ဤပြောင်းရွှေ့ နေပြီးနောက် တွမ်မဂင့် (Tum Magyeng) ကျေးရွာရှိ လက်နက်ကြီးနှင့် မန်မော်- ခန်းကိုင်တောင်ရှိ ၁၀၅ မမ တို့သည် မနက်ဖန်မှ စ၍ ခယာဘွမ်သို့ ဒလစပ် ပစ်ခတ် လာနိုင်ဖွယ် ရှိပါသည်။ 

အစိုးရ တပ်ဖွဲ့များသည် တိုက်ပွဲများထိခိုက်မှု များလာပါက အရပ်သားများ အပေါ် ရန်ရှာတတ်ကြပါသည်။ ဤလုပ်ရပ်အ တိုင်း ယနေ့ နေ့လည် ၁၁ နာရီအချိန်တွင် ၀ိုင်းမော်မြို့နယ်၊ နမ်ဆန်ယန်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပါသည်။ နမ်ဆန် ယန်ကျေးရွာသည် ၂၀၁၁ ခုနှစ် ကြဂုတ်လ မှစတင်ကာ အစိုးရ တပ်ဖွဲ့များ၏ ပစ်ခတ် သတ်ဖြတ်ခြင်း၊ ဈေးဆိုင်များမှ ပစ္စည်း များ အဓ္ဓမ ယူဆောင်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်းဒဏ်ကို အကြိမ်ကြိမ် ခံခဲ့ရသော ကျေးရွာဖြစ်ပါသည်။

0 comments:

Facebook Fan Page