ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်

Sunday, January 27, 2013

လိုင်ဇာ၏နှလုံး အရှုံးမပေးသေးဘဲ KIA ခံတိုက်ဆဲ




 ရွှေဟင်္သာသတင်းဌာန ဇန်န၀ါရီလ (၂၇) ၂၀၁၃

အစိုးရသည် လိုင်ဇာမြို့ကို စိုးမိုးနိုင်ရန် ခါယာဘွမ် တောင်ကျောကို အပြင်းအထန် စစ်ဆင်ရာမှ ယမာန်နေ့ ညနေ () နာ ရီခန့်တွင် ပွိုင့် (၁၀၁၂) ကို သိမ်းပိုက် နိုင်ခဲ့သည်ဟု KIA ရှေ့တန်း တပ်မှူးတဦးက ၀န်ခံ ခဲ့ပါသည်။
 
ပွိုင့် (၁၀၁၂) တော့ ကျသွားပါတယ်။ သူတို့လက်နက်ကြီးတွေထုတာ ကျနော်တို့ တပ်မှ မရှိတာ။ တနေရာမှာ ကျနော်တို့ သွားရီနေကြတယ်။  ကျနော်တို့ တတွေ ဘာမှမဖြစ်ကြဘူး။ လက်နက်ကြီးရပ်တဲ့ အချိန်မှာမှ တောင်ကျောကို အပြန် လှန်လုကြတာလေ။ အဲဒီ အချိန်လောက်မှာဘဲ တိုက်ပွဲက ပြင်းပြင်း ထန်ထန်ကိုဖြစ်တာ။ အသေအပျောက်ကတော့ ဘယ်ပြောကောင်းမလဲဗျာ။ ကျနော်တို့ဖက်က မပစ်နိုင်တော့ တဲ့အထိ ဖြစ်လာတော့မှ နဲနဲ ဆုတ်ပေးလိုက်တယ်။ ဒါပေမဲ့ လက်တကမ်းမှာ ရှိနေဆဲပါ။ သူတို့ကတော့ အသေများ မယ်ထင်တယ်။ ဒီနေ့ဆို လုံးဝ မလှုပ်နိုင်တော့ဘူး။ ဒါကြောင့် ငြိမ်နေတယ်။ဟုဆိုပါသည်။
 
ယနေ့ မနက်ပိုင်းတွင်လည်း ခါယာတောင်ကျော တနေရာ၌ တိုက်ပွဲငယ် တခုဖြစ်ပွားခဲ့ပါသည်။ အစိုးရတပ်များသည် တောင်ကျောတနေရာကို ရှင်းလင်း လာစဉ် နာရီဝက်မျှ တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ ခါယာတောင်ကျောရှိ ပွိုင့် (၁၀၁၂)ကို သိမ်းထားနိုင်သော်လည်း တောင်ကျောတခုလုံး သိမ်းပိုက်ထားခြင်း မဟုတ်ဟု KIA တပ်မှူးက ဆိုပါသည်။

အစိုးရ တပ်များသည် ခါယာတောင်ကျောကို စစ်ဆင်လာသည်မှာ တပတ်ခန့် ရှိနေပါပြီး။ စစ်ဆင်ရာတွင်လည်း ၁၀၅မမ အပါဝင်၊ ၁၂၀မမ အလက်ပေါင်း များစွာဖြင့် မြေဆူလောက်မတတ် ပစ်ခတ်ပြီးမှ မြေပြင် တပ်ဖွဲ့ဖြင့် တိုက်ခိုက်လေ တော့ သည်။ ထိခိုက် ကျဆုံးမှုများစွာ ရှိခဲ့ပြီး တပ်မ (၁၀၁)မှာ တပ်ပျက်သွားပြီး၊ တပ်မ (၈၈) ပင် အထိ နာခဲ့ရသည်ဟု ဆိုပါ သည်။ 

 
                                        တရားသော စစ်ဆင်နွှဲနေသည့် KIA တပ်မတော်

KIA ကမူ မဆုတ်တမ်း ထပ်မံ ခုခံသွားမည်ဟု ဆိုပါသည်။ လိုင်ဇာမြို့ပေါ်၌ ပေါက်ကွဲမှု တချို့ကြားရသည်မှအပ တည် ငြိမ်နေပြီး အစိုးရ တပ်များသည် KIA ဌာနချုပ်ကို သိမ်းပိုက်ရန် အစီစဉ်ရှိမည်ဟု KIA ဖက်မှ တွက်ဆထားပါသည်။ 

လိုင်ဇာသည် KIA/KIO  ၏ ဌာနချုပ်ဟု ဆိုသော်လည်း စခန်းမှာ သိမ်းပိုက်စရာ တန်ဘိုးကြီးကြီးမားမား ရှိလှသည်မ ဟုတ်ပေ။ ဤတိုက်ပွဲသည် အစိုးရက ၄င်းတို့ အရှက်ရနေမှုကို ကာကွယ်ရန်ဖြစ်ပြီး လိုင်ဇာသည် KIA ၏ ဂုဏ်သိက္ခာ ဖြစ်ပါသည်။ 

ခါယာဘွမ်၏ပွိုင့် (၁၀၁၂) ကျသွားသော်လည်း KIA ချေမှုန်း ခံရခြင်း သဘောမဟုတ်ပေ။ ဤတိုက်ပွဲများ၌ KIA သည် အကျအဆုံးနဲနဲဖြင့် စစ်ကစားနိုင်ခဲ့ပြီး အစိုးရသည် အရှက်ကြောင့် ကြီးမားသော အရင်းအနှီးများ ပေးဆပ်ခဲ့ရသည်ဟု စစ်ရေး အကဲဖတ်များက ဆိုပါသည်။ ဤသို့ကြောင့် တိုင်းပြည်အတွက် အသက်ပေးရတာဟာ ဂုဏ်ယူစရာပါဟု အစိုးရ မီဒီယာများ၌ ၀ါဒဖြန့်နေခဲ့ရပါသည်။

KIA ကို တလ အတွင်း အပြုတ် တိုက်နိုင်ပါသည်ဟု ကြွားခဲ့သော သမ္မတသည် တနှစ်နှင့် ()လတိုက်ခဲ့ရသည့်အပြင် လေယာဉ် သုံးစွဲမှုကြောင့် တကမ္ဘာလုံး ကန့်ကွက် ရသည် အထိဖြစ်ခဲ့ပြီး အလိမ်အညာများပါ ကမ္ဘာတလွှားကို အကြိမ် ကြိမ်အခါခါ ပြုလုပ်ခဲ့ရပါသည်။ သို့သော်လည်း KIA အင်အားများ ပြုန်းတီး သွားခြင်း မရှိဘဲ၊ KIA စခန်း နေရာ တချို့သာ ရရှိသွားခြင်း ဖြစ်ပါသည်။

0 comments:

Facebook Fan Page