Latest Update

ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်

Saturday, January 26, 2013

ခါယာဘွမ်ဟာ ပန်းပန်လျှက်ပါ



 ရွှေဟင်္သာသတင်းဌာန ဇန်န၀ါရီလ (၂၆) ၂၀၁၃

နေ့လည် တနာရီခန့်မှ စပြီး ဟော်ဝစ်ဇာ လက်နက်ကြီး အမြောက်ကျည်ဆံများ ထောင်နှင့်ချီ အပစ်ခတ် ခံနေရသည့် ခါယာတောင်သည် ညနေ () နာရီခွဲ အပစ်ရပ်သည့် အချိန်ထိ ပန်းပန်လျှက်ရှိသည်ဟု KIA ရှေ့တန်း တပ်မှူးတဦး က ရွှေဟင်္သာ သတင်းဌာနသို့ ပြောကြား ခဲ့ပါသည်။

ပစ်လိုက်တဲ့ လက်နက်ကြီးတွေကဗျာ မြေဆူမတတ်ကို ခံနေရပါတယ်။ ပစ်လိုက်တဲ့ ကျည်တွေ ထောင်နဲ့ချီပြီး ရှိမယ်။ မြေတုန်သလောက်ကို ဖြစ်သွားတယ်။ စက္ကန့်မလပ်အောင်ပါဘဲ။ ဒါပေမဲ့ ဘာမှမဖြစ်ပါဘူး။ လက်နက်ကြီးလည်း ရပ် ရော မြေပြင်တပ်ကလဲ တခါထဲ ထိုးတက်လာတော့တာပါဘဲ။ တောင်ခြေကနေ ပတ်ပြီး တရစ်ချင်းကို တက်လာတယ်။ အပြန်အလှန် ပစ်လိုက်တာဗျာ တက်သလောက်သေတယ်။ အဲဒါနဲ့ ညနေ () နာရီခွဲမှာ တခါထဲ နှစ်ဖက်စလုံးက အပစ် ရပ်သွားကြတယ်။ဟု ဆိုပါသည်။

မြေပြင်တွင် တပ်မ (၈၈)၊ တပ်မ (၆၆) နှင့် အထူး တပ်များက စစ်ဆင်နေခြင်း ဖြစ်ပါသည်။ ခါယာတောင်ကြောသည် KIA လက်ထဲရှိ၌ ရှိနေဆဲဟု ခါယာတောင်ကြောရှိ KIA ရှေ့တန်း တပ်မှူးက ဆိုပါသည်။

အစိုးရ လက်နက်ကြီးများသည် ဗန်းမော်-မြစ်ကြီးနား ကားလမ်းရှိ အင်းတပ်တောင်နှင့် လုံလောရှိ ပွိုင့် (၇၇၁) မှ ၁၀၅ မမ၊ ၈၁ မမ၊ ၁၂၀မမများဖြင့် ခန့်မှန်းခြေ အမြောက်ကျည် (၁၅၀၀)ခန့် ပစ်ခတ် လိမ့်မည်ဟု KIA က ခန့်မှန်း နေပါသည်။ နေ့ လည်ပိုင်း () နာရီခန့်တွင် စစ်ရဟတ်ယာဉ် တစင်းသည် ပွိုင့် (၇၇၁) သို့ ကျည်ဆံများ စစ်ကူပို့ပြီး လူနာများ သယ်ထုတ်ခဲ့ သည်ဟု ဆိုပါသည်။

အစိုးရ တပ်များသည် ခါယာတောင်သို့ ချင်းကပ်သည့် ကုန်းဂမူ မှန်သမျှသို့ တဖြည်းဖြည်းချင်း ချီတက်ခဲ့ပါသည်။ KIA တပ်များလည်း  ပစ်သမျှ လက်နက်ကြီး ဒါဏ်များကို ကတုတ်ကျင်း ထည့်ဝင်ပြီး တောင့်ခံသလို တက်လာသမျှသော မြေပြင် တပ်များကိုလည်း ချေမှုန်း နိုင်ခဲ့ပါသည်။

အစိုးရ အမြောက်ကျည်များသည် ၄င်းတို့ တပ်များပေါ်သို့လည်း ကျရောက်ခဲ့ကြောင်း၊ အထူးသဖြင့် ပွိုင့် (၇၇၁)မှစခန်း  လက်နက်ကြီးများ ဖြစ်သည်ဟု ဆိုပါသည်။ ဤသို့ကြောင့် လုံလော့စခန်းဖက်မှ တက်လာသော မြေပြင်တပ်များသည် စောစီးစွာ အပစ်ရပ် ခဲ့ရကြောင်း ဆိုပါသည်။


မဒိယန်နှင့် ၀ိုင်းမော်ပို့ဖက်မှ တက်လာသော အစိုးရ တပ်များမှာမူ KIA တပ်များ၏ လက်တကမ်း၌ ၀ပ်နေဆဲဖြစ် ကြောင်း ၄င်းတို့သည်လည်း အထိနာခဲ့ရသဖြင့် ()နာရီခွဲ အချိန်၌ အပစ်ရပ် သွားခဲ့ကြောင်း ဆိုပါသည်။

ခါယာတောင်သည် အစိုးရ၏ ဟော်ဝစ်ဇာ အမြောက်ကျည်ဆံ အောက်၌ ပတ်ခန့် ခါးသည်းစွာ ခံနေရသော်လည်း ပန်းပန် လျက်ဟု ဆိုရပေမည်။ အစိုးရတပ်များသည် အမြာက်ဖြင့် ပစ်ချေသည့်စနစ်ကို ကျင့်သုံးနေဆဲဖြစ်သည်။ KIA သည် အစိုးရ၏ အမြောက်ဒဏ်ကို ခံနိုင်ရန် KNU 1994 စစ်ဆင်ရေး အတွေ့အကြုံများကို သင်ခန်းစာယူပြီး မွမ်းမံပြင်ဆင် ထားသည်ဟု ဆိုပါသည်။ အစိုးရသည် ခါယာတောင်ကျောကို သိမ်းပိုက်ရန် ဦးတည်နေသ်ာလည်း သိမ်းပိုက်နိုင်ခြင်း မရှိသေးဘဲ အကျအဆုံးများစွာနှင့် ရင်ဆိုင်နေရကြောင်း KIA ဖက်မှ ဆိုပါသည်။

0 comments:

Facebook Fan Page