Latest Update

ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်

Friday, January 18, 2013

ကချင် စစ်ပြေး ဒုက္ခသည်များကို တရုတ်တို့ လက်ခံမည်ဖြစ်

 

အဲာပိုန် ဇန်နာဝါရီလ (၁၈) ရက်နေ့

လိုင်ဇာမြို့နှင့် အနီးအနား တ၀ိုက် ကျေးရွာများမှ စစ်ပြေး ဒုက္ခသည်များ အတွက် အရေးပေါ် လုံခြုံရေး အစီစဉ် တရပ်ကို ကချင် လွတ်လပ်ရေး တပ်မတော် KIA က စီစဉ် ထားပြီးဖြစ်သည်ဟု ဒုက္ခသည်ရေးရာ စခန်း တာဝန်ခံ ဦးဒွဲပီဆာက ပြောပါသည်။ 

“ပြည်တွင်းစစ် ဖြစ်ပြီး ကိုယ်နိုင်ငံသား တဖက်နိုင်ငံသို့ ထွက်ပြေး ရတယ် ဆိုတဲ့ အရေးဟာ နိုင်ငံတော်အတွက်လဲ သိက္ခါကျ တဲ့အဖြစ်ပါဘဲ။ လက်ခံပေးရတဲ့ နိုင်ငံအတွက်ကလဲ တာဝန်ကြီးတယ်။ ကမ္ဘာ အတွက်လဲ မြင်စရာ မကောင်းဘူးလေး။ ဒါကို တတ်နိုင်သလောက်တော့ KIA ဘက်က ကာကွယ်ပေးထားတုန်းဘဲလေ။ ဒါပေမဲ့ တဖက်က မထိမ်းဘူး ဆိုရင်တော့လဲ အ ရေးပေါ် အစီစဉ် ကတော့ စီစဉ်ထားပြီးသားပါ။” ဟု ဆိုပါသည်။ 

KIA ထိန်းချုပ် နယ်မြေ အတွင်းရှိ ဗန်းမော် လဂျားယန် စစ်မြေပြင် နေ့စဉ် တိုက်ပွဲဖြစ်ပွား နေသောကြောင့် နေရပ်စွန့် စစ်ပြေး ဒုက္ခများသည်  လိုင်ဇာမြို့တွင်းတွင် ဒုက္ခသည်ပေါင်း (၂၀၀၀၀) ခန့် ရှိသွားပြီး ဖြစ်ပါသည်။
တရုတ် အစိုးရသည် ထွက်ပြေး လာသော ကချင်စစ်ပြေး ဒုက္ခသည်များတွက် ယာယီစခန်းကို တည်ဆောက်နေပြီး ဖြစ်ပါသလို စစ်ရပ်စဲရေးအတွက်လည်း တိုက်တွန်းထားပြီးဖြစ်ပါသည်။ 

တိုက်ပွဲများသည် ဗန်းမော်-လိုင်ဇာ လမ်းကြောင်းပေါ်ရှိ လဂျားယန်နှင့် ပွိုင့် (၇၇၁) ကုန်းပေါ် မနက် (၇) နာရီမှနေ့လည် (၂) နာရီခွဲ အထိ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါသည်။ အစိုးရ တပ်ဖွဲ့များသည်  ဤတိုက်ပွဲများ လက်နက်ကြီးများနှင့် လေကြောင်းစစ် ဆင်ရေးများဖြင့်လည်း အဆက်မပြတ် တိုက်ခိုက်နေခဲ့ပါသည်။ 

လိုင်ဇာသို့ လာရောက် ခိုလှံလာသော ပြည်သူများကို KIA ဖက်မှ တတ်နိုင်သလောက် ကာကွယ် ပေးထားပြီး ကျွေးမွေးစောင့် ရှောက် ပေးထားသည်ဟု ဆိုပါသည်။ ထို့အပြင် အရေးပေါ် ရှောင်တိမ်းရာ လမ်းကြောင်းနှင့် အစီအစဉ်အတွက် ကြိုတင် ပြင် ဆင်ထားပြီးဖြစ်ပါသည်။ 

KIA နှင့် အစိုးရတို့သည် ၂၀၁၁ ခုနှစ် ဇွန်လမှစ၍ ၁၇ နှစ်တိုင် ရယူထားသည့် အပစ်အခတ် ရပ်စဲရေး ပျက်သွားပြီး နောက်ပိုင်း  KIA ထိန်းချုပ် နယ်မြေတွင်းသို့ ရှောင်တိန်း လာသော ဒုက္ခသည် စခန်းပေါင်းမှာ (၃၀) ခန့်ရှိပြီး ဒုက္ခသည်ပေါင်း (၅၀၀၀၀) ကျော် ဖြစ်လာခဲ့ပါသည်။

0 comments:

Facebook Fan Page