Latest Update

ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်

Tuesday, January 29, 2013

ဒါဟာ အပြင်းထန်ဆုံး စစ်ဆင်ရေးပါ



 ရွှေဟင်္သာသတင်းဌာန ဇန်န၀ါရီလ (၂၈) ၂၀၁၃



ကချင်ပြည်တွင်းစစ်နှင့် ပတ်သက်၍ လန်ဒန်တက္ကသိုလ်၊ အရှေ့တိုင်းနှင့် အာဖရိကရေးရာ လေ့လာရေးဌာနမှ သုသေသန အရာရှိ ဂိုင်းဟော်တန် နှင့် တွေ့ဆုံမေးမြန်းခြင်း

မေး - လိုင်ဇာနားက နောက်ဆုံး ခံတပ်ကုန်းတွေထဲက တစ်ခုကို လက်လွှတ်လိုက်ရတယ်လို့ သိရတယ်။ မြန်မာ စစ်တပ်အတွက် ကေအိုင်အို ဌာနချုပ်ဆီကို လမ်းပွင့်သွားသလို ဖြစ်သွားတာပေါ့။ ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ။

ဖြေ - ဖြစ်နိုင်ခြေ နှစ်ခုရှိတယ်။ တစ်ခုက ကေအိုင်အေဌာနချုပ် လိုင်ဇာကို အလုံးအရင်းနဲ့ ၀င်တိုက်နိုင်တယ်။ တကယ်လို့ ၀င်တိုက်ခဲ့ရင် လိုင်ဇာမြို့နေ လူထုကလည်း ပြန်ခုခံကြလိမ့်မယ်။ ကျနော် တကယ်စိုးရိမ်တာက သွေးချောင်းစီး သတ်ဖြတ်မှုကြီး ဖြစ်လာမှာကိုပဲ။ လက်ရှိ တိုက်ခိုက်မှုတွေဟာ မြန်မာပြည်မှာ ကျနော်ကြုံခဲ့ဖူးတဲ့ တိုက်ခိုက်မှုတွေနဲ့ တော်တော်ကို ခြားနားပါတယ်။ ခြုံခို တိုက်ခိုက်မှု သက်သက် မဟုတ်သလို၊ ရွှေဝါရောင်တော်လှန်ရေးလိုလည်း မဟုတ်ဘူး၊ ၈၈ အရေးအခင်းနဲ့လည်း မတူဘူး။ ဒါဟာ အပြင်းထန်ဆုံး စစ်ဆင်ရေးပါ။ ပြည်သူတွေ နားလည်နိုင်ဖို့တော့ ခက်ပါတယ်။ ခံတပ် အခိုင်အမာတွေနဲ့ တိုက်ကြတဲ့ စစ်ပွဲဗျ။  

လိုင်ဇာကို အလုံးအရင်းနဲ့ ၀င်တိုက်နိုင်ခြေရှိတယ်။ ဒေသခံလူထုလည်း အလူးအလဲခံရဖွယ် ရှိတယ်။ ဒေသခံတွေ ပြေးစရာမြေလည်း မရှိတော့ဘူးလေ။ တနည်းပြောရရင် သူတို့ ပြန်ခုခံရုံကလွဲပြီး တခြားနည်းလမ်း မရှိတော့ဘူး။
တခြား ဖြစ်နိုင်ခြေတစ်ခုက မြန်မာစစ်တပ်အနေနဲ့ လိုင်ဇာမြို့ကို ၀ိုင်းရံ ထားမယ်၊ ထိန်းချုပ်မယ်၊ ပြီတော့ တခြား ကချင်ဒေသတွေနဲ့ ဆက်သွယ်ရေးကို ဖြတ်တောက်ပြီး တဖြည်းဖြည်းနဲ့ ညှင်းပြီး ခြေမှုန်းပစ်မယ့် သဘောပဲ။ ကျနော်တို့ သေချာ မသိနိုင်ပေမယ့် လက်ရှိဖြစ်ပျက်နေတဲ့ ကိစ္စတွေအပေါ် နိုင်ငံတကာအသိုင်းအ၀န်းရဲ့ တုံ့ပြန်မှုတွေပေါ်မှာ မူတည်ပါလိမ့်မယ်။ နိုင်ငံတကာရဲ့ တုန့်ပြန်မှုတွေက ဘယ်လောက် အရေးပါသလဲ၊ ဘယ်လောက် ပြင်းထန်သလဲ ဆိုတဲ့ အပေါ်မူတည်ပြီး မြန်မာစစ်တပ်က ရှေ့ဆက်မတိုးရဲတာလည်း ဖြစ်နိုင်ပါတယ်။ ဒါက ကျနော်တို့ ဘာလုပ်သင့် သလဲ ဆိုတာ ကျနော် တွေးမိတာပါ.......

http://external.ak.fbcdn.net/safe_image.php?d=AQDWKwwqIdEY1hZ5&w=155&h=114&url=http%3A%2F%2Fi4.ytimg.com%2Fvi%2FKDtqfdiYfMI%2Fmqdefault.jpg

Top of Form
Bottom of Form

0 comments:

Facebook Fan Page