Latest Update

ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်

Thursday, January 17, 2013

ကချင်ပြည် ဖားကန့်မြို့နယ်၌ နှစ်ရက် ဆက်တိုက် တိုက်ပွဲ ပြင်းထန်နေ





အဲာပိုန်၊ ဇန်နာဝါရီလ (၁၇) ရက်နေ့


ကချင်ပြည်နယ်၊ ဖားကန့် မြို့နယ် လုံးခင်း ကျေးရွာ အုပ်စု တော်မှော်၊ လမောင်ကုန်း စတဲ့ ရွာတွေ တစ်ဝိုက်တွင် ရှိသော KIA တပ်ရင်း (၆) တပ်စခန်းကို အစိုးရ တပ်များက ယနေ့ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက် နေကြောင်း KIA တပ်မဟာ (၂) မှ အရာရှိ တစ်ဦးက ပြောပါသည်။ 

“ဖားကန့် မြို့နယ်မှာ ရှိတဲ့ ကံစီ ကျေးရွာ အနီးရှိ နမ်မောဘွမ် (ဆန်ခါမောဘွမ်) မှာ ရှိတဲ့ တပ်ရင်း (၆) စခန်းကို မနေ့ (၁၁) နာရီ ကတည်းက တိုက်လာတာပါ။ ဒီနေ့ မနက် ၁၀ နာရီ အချိန်မှာလည်း တိုက်ပွဲတွေ ထပ်ဖြစ်တယ်။ ပြီးတော့ ပန်ကြာမောဘွမ် တောင်ဖက်မှာလဲ ကြိုကြား ကြိုကြား ဖြစ်နေတယ်။” ဟု ဆိုပါသည်။ 

ယနေ့ တိုက်ခိုက်မှုတွင် အစိုးရဖက်မှ အထိနာ ခဲ့သလို ယမာန်နေ့ တိုက်ပွဲတွင်လည်း အစိုးရဖက်မှ ထိခိုက်မှု များပြား သဖြင့် ယမာန်နေ့ညနေ (၃) နာရီ အချိန်တွင် ရဟတ်ယာဉ် (၂) စင်းဖြင့် အကူအညီ ပေးခဲ့ရသည်ဟု KIA ဖက်က ဆိုပါသည်။
တိုက်ပွဲတွင် အထိနာခဲ့သော အစိုးရ တပ်ဖွဲ့များသည် အိမ်ခြေတရာ မျှရှိသည့် နားလုံ ကျေးရွာအား ယနေ့ညနေ (၃) နာရီ (၁၅) မိနစ် အချိန်တွင် မီးရှို့ ခဲ့ပါသည်။  

“ဒီနေ့လဲ လေယာဉ် ၂ စင်းနဲ့ လာပျံဝဲ ခဲ့သေးတယ်။ ပစ်ခတ်မှုတော့ မရှိသေးဘူး။ တိုက်ပွဲ ကတော့ ဆက်ဖြစ်နေစဲပါ။ KIA တပ်စခန်းကို လာရောက် သိမ်းဖို့ အစိုးရ တပ်ဖွဲ့ တို့က လာတိုက်နေခြင်း ဖြစ်ကြောင်း” ၄င်းက ဆိုပါသည်။
ထို့ပြင် ဖါးကန့် ဗျူဟာကုန်းမှ လက်နက်ကြီးများ သည်လည်း KIA တပ်ရင်း(၆) ဧရိယာဖြစ်သော ကံစီးကျေးရွာ ပတ်ဝန်းကျင်အား နေ့စဉ်ဆိုသလို ပစ်ခတ် ခဲ့ခြင်းကြောင့် လီဆူး တိုင်ရင်းသားများ အခြေချ နေထိုင်သည့် ဗော်ဇာဒီး ရွာသားများသည် လုံးခင်း ကျေးရွာ ဖက်သို့ ပြောင်းရွှေ့ခဲ့ကြပါသည်။  


                                          ဖါးကန့်လွင်ပြင်၏ အလှတရားများ 

အလားတူ ဇန်န၀ါရီလ (၁၆) ရက်နေ့ မွန်းလွဲ (၃) နာရီ အချိန်တွင် ဖားကန့်မြို့ ဗျူဟာကုန်းမှနေ၍ မော်ဝမ်းကျေးရွာရှိ နှစ်ခြင်း ခရစ်ယန် အသင်းတော်၏ ဘုရားရှိခိုး ဆုတောင်း ကျောင်းဆောင်အား လက်နက်ကြီးဖြင့် ပစ်ခတ် ခဲ့ပါသည်။ 
 
ဤစစ်ဆင်ရေး၏ ရည်ရွယ်ချက်မှာ အစိုးရ တပ်ဖွဲ့များသည် KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၆) အား သိမ်းပိုက်ရန် ထိုးစစ်ဆင်နေခြင်း ဖြစ်သည်ဟု KIA ဘက်က ဆိုပါသည်။ ဤစစ်ဆင်ရေးကို ဇန္နာဝါရီ (၁၄) ရက်နေ့တွင် စတင် ခဲ့ပါသည်။
အစိုးရ တပ်ဖွဲ့များသည် စစ်မျက်နှာပြင် နှစ်ဖက်ဖွင့်ကာ ဆန်ခါမောဘွမ်ဘက်၌ စစ်ကြောင်း တစ်ကြောင်း ချီတက် စေခဲ့ပြီး၊ ပန်ကြာမောဘွမ်း-ယုံချိုဘက်သို့ တကြောင်း ချီတက် စေပါသည်။ 

“ အစိုးရ တပ်ဖွဲ့တွေ စစ်ယာဉ်တန်းနဲ့ တက်လာတိုင်း တိုက်ပွဲဖြစ်လေ့ ရှိတယ်ဗျ။ အခုလဲ ကြည့်ပေါ့ဗျာ ယာဉ်တန်းနဲ့ တက် လာတာ မကြာသေးဘူး တိုက်ပွဲကစနေပြီးလေး။ မနေ့က တိုက်ပွဲ အပြင်းအထန် ဖြစ်တော့ မော်ဝမ်းကျေရွာရှိ ခရစ်ယန် ဘု ရားရှိခို ဆုတောင်း ကျောင်းဆောင်ကို ဖားကန့်မြို့ ဗျူဟာကုန်းမှ လက်နက်ကြီးနဲ့ ပစ်ခတ်ဖျက်ဆီး လိုက်တယ်ဗျ။” ဟုဖါး ကန့်မြို့ခံ တဦးက ဆိုပါသည်။ 

အစိုးရ တပ်ဖွဲ့များသည် KIA ကိုချေမှုန်းရန် လမ်းကြောင်း (၅) ခု အသုံးပြုပြီး တိုက်ခိုက်နေပါသည်။
၁၊ လိုင်ဇာအနီားတောင်ကိုနေ့စဉ် လေယာဉ်ဖြင့် တိုက်ခိုက်ခြင်း ဤဒေသသည် KIO ဗဟိုဒေသ (Central Division) ဖြစ်ပါသည်။၂၄ ဒီဇင်ဘာ ၂၀၁၂ ရက်နေ့မှ လေယာဉ် စတင် အသုံးပြုပါသည် တိုက်ပွဲဧရိယာ ဒုက္ခသည် ၁၂၀၀၀ ကျော်နှင့် သာမန် မြို့သူမြို့သား ပေါင်း ၁၂၀၀၀ ခန့်ရှိပြီး စုစုပေါင်း ၂၄၀၀၀ ခန့်အန္တရယ်ထဲ ရောက်ရှိနေပါသည်။

၂၊ ဗန်းမော်-လိုင်ဇာ လမ်းကြောင်းမှ မိုင်ဂျာယန်အနီး ဂျန်မိုင်ဘွမ်နှင့် လဂတ်ဘွမ်စခန်းကို နေ့စဉ် တိုက်ခိုက် နေပါသည် ၁၁ Jan ၂၀၁၃ ရက်နေ့ကပင် လေယာဉ် သုံးပြုပါသည် ဤဒေသကို Eastern Division ဟု ခေါ်ပါသည်။

၃။ ကချင်ပြည်နယ် အရှေ့ပိုင်း ပန်ဝါဒေသတွင် နေ့စဉ် လေယာဉ်ဖြင့် တိုက်ခိုက် ခဲ့ပါသည် ၁၃ ဒီဇင်ဘာလ ၂၀၁၃ နေ့တွင် တင် တိုက်ခိုက် ခဲ့ပါသည် ဤဒေသကို Northern Division ဟုခေါ်ပါသည် ဒုက္ခသည် စုစုပေါင်း ၉၇၀၀ ကျော်နှင့် ရွာသား ၁၀၀၀၀ ခန့် အန္တရယ်ဇုံ ရောက်ရှိ နေသည်ဟု ကချင် ဒေသခံ များက ဆိုပါသည်။

၎။ ဖားကန့်ဒေသ ကို Western Division ဟုခေါ်ပြီး အပိုင်းလိုက် စစ်ဆင် နေခဲ့သည်မှာ ပြီးခဲ့သည့် လသာ ခေတ္တ ရပ်နားနေ ရာမှ ယခု ပြန်လည် တိုက်လိုက် လာခဲ့ပြန်ပါသည်။  

၅။ ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်ဒေသကို KIA တပ်မဟာ ဧရိယာဖြစ်ပါသည်။ ဤဒေသ တိုက်ပွဲငယ်များ ဖြစ်ပွား နေပြီး အစိုးရ တပ်များ အကွက်စေ့ နေရာ ယူထားပါသည်။ ဤဒေသကို Southern Division ဟု ခေါ်ပြီး ဒုက္ခသည် လူဦးရေ ၅၀၀ ကျော်နှင့် အိမ်ခြေ ၃၀၀ ကျော် ကွတ်ခိုင်မြို့ပေါ်သို့ ပြောင်းရွှေ့ခဲ့ရပါသည်။

0 comments:

Facebook Fan Page