KIA အဖွဲ့ တပ်မဟာ (၂) တပ်ရင်း (၆) စခန်းဟောင်းအား အစိုးရတပ် သိမ်းပိုက်
KIA အဖွဲ့ တပ်မဟာ (၂) တပ်ရင်း (၆) စခန်းဟောင်းအား
အစိုးရတပ် သိမ်းပိုက်
ရွှေဟင်္သာသတင်းဌာန၊ ဇန်နာဝါရီလ (၁၈) ရက်နေ့
ရွှေဟင်္သာသတင်းဌာန၊ ဇန်နာဝါရီလ (၁၈) ရက်နေ့
ဖားကန့်မြို့နယ်နှင့်
အရှေ့မြောက်ဖက် ၁၀ မိုင်အကွာရှိ ကန်စီး၊ စိုင်းလှ
ဒေသအခြေစိုက် KIA
တပ်ရင်း (၆)၊ စခန်း ဟောင်းအား တပ်မ (၆၆) တပ်ဖွဲ့များက ယမာန်နေ့ ညပိုင်း (၂၂း ၀၀) အချိန်တွင် သိမ်းပိုက်ခဲ့ကြောင်း ဒေသခံ တဦးက ဆိုပါသည်။
“ စခန်းကတော့ အရင်ကဆို တပ်ရင်း (၆) စခန်း ပါဘဲ။ အခုကျတော့ KIA အောက်ပို့ တပ်နဲနဲဘဲ ရှိတယ်။ စခန်းပြောင်း နေတာ တလနီးပါး ရှိပါပြီး။ အစိုးရတပ်ဖွဲ့က ၀ါဒဖြန့်သလို အဲဒီစခန်းမှာ KIA အင်အား (၅၀၀) လောက်ရှိမယ် ဆိုရင် လွယ်လွယ်နဲ့ ဘယ်ရမလဲ၊ အခုတော့ အလွယ်လေးနဲ့ ရလိုက်တာပါ။ KIA မ် သိပ္မရွိတာ။ တပ်စုရုံးလောက် ဘဲရှိ တယ် လေ။” ဟု ဆိုပါသည်။
အစိုးရတပ်များသည် ဤစခန်း ရရှိရေးအတွက် တပတ်နီးပါးခန့် စစ်ဆင်နေခဲ့ပါသည်။ KIA တပ်များသည် စခန်းအရှင် ထားရှိပြီး အစိုးရစစ်ကြောင်းများကို ချွေစစ်ဖြင့် ဖြတ်တိုက် နေခဲ့ပါသည်။
အစိုးရတပ်ဖွဲ့များသည် ဗန်းမော်- လိုင်ဇာ လမ်းကြောင်းရှိ လာဂျားယန်၌လည်း
ပြင်းထန်စွာ စစ်ဆင်ခဲ့ပါသည်။ ဤ သို့ကြောင့် နေရာတချို့တွင် KIA တပ်များ (၂) ဖါလုံခန့် တပ်ဆုတ်
ပေးခဲ့ရပါသည်။ လဂျားယန်ရှိ ခယာဘွမ် စခန်းအား စစ်ဆင်နေသော အစိုးရတပ်များမှာ တပ်မ (၈၈) လက်အောက်ခံ ခမရ (၄၁၆) တပ်ရင်း၏
အထူးကွန်မန်ဒို တပ်ဖွဲ့၊ တပ်မ (၁၀၁) လက်အောက်ခံတပ်ရင်းများဖြစ်သော ခလရ (၂၅၉) တပ်ဖွဲ့၊ ခလရ (၂၅၈) (၂၅၉)
တပ်ဖွဲ့ ခမရ (၃၈၂) (၃၈၈) တပ်ဖွဲ့များဖြစ်ပြီး၊ ဒေါ့ဖုန်းယန်၊ ခန်းကိုင်တောင်အခြေချ အမြောက်တပ်ရင်းမှ
ခယာဘွမ် KIA တပ်စခန်းဘက်သို့
၁၀၅ မမ ဖြင့်၎င်း၊ မန်တဲကျေးရွာဘက်မှ ၁၂၀ မမ ဖြင့်၎င်း၊ ဘွမ်ရေ (Bum Re Bum) တပ်စခန်း၊
တိဘက်တပ်စခန်း၊ ၀ိုင်း မော်တပ်စခန်းများမှ ၈၁ မမ၊ ၆၀ မမ
စိန်ပြောင်း၊ အမြောက်များက ၀ိုင်းဝန်း တိုက်ခိုက်ခဲ့ပါသည်။
ခယာဘွမ် KIA တပ်စခန်းကို ညနေ ၄ နာရီ ၁၅ မိနစ်တွင်တကြိမ်၊ ၄ နာရီ ၄၅ မိနစ်တွင်တကြိမ်၊ (၃) ကြိမ်လာပြီး Jet Fighter (၂) စီးသည် ဗုံးကျဲ ဒုံးဖြင့် မိနစ် ၃၀ စီခန့်ကြာ ပျံဝဲ၍ ပစ်ခတ် တိုက်ခိုက်ခဲ့ပါသည်။
ယမာန်နေ့၌လည်း တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ အထိနာခဲ့သော အစိုးရတပ်များသည် ဒေါ့ဖုန်းယန်မြို့နယ်၊ နားလုံ ကျေးရွာ ရှိ ကချင်ရပ်ကွက်ကို မီးရှို့လိုက်သည်ဟု ရှေ့တန်းရှိ ကျောင်းသားတပ်မတော်က ဆိုပါသည်။ အဆိုပါ ကျေးရွာ သည် ရှမ်းလူမျိုးများ အများစုနေထိုင်ရာ ရွာကြီးဖြစ်ပြီး ယခုကဲ့သို့  ကချင်လူမျိုးများ အများစု နေထိုင်ရာ ရပ်ကွက် ကို သာ ရွေးချယ်ပြီး မီးရှို့ ခြင်းဖြစ်ပါသည် ။
ထို့အပြင် ဗန်းမော်မြို့ နည်းပညာတက္ကသိုလ်အနီး ကားလမ်းပေါ်တွင် ဇန်န၀ါရီလ (၁၇) ရက်နေ့ ညနေ ၅ နာရီအချိန် ခန့်တွင် ဗုံး ၁ လုံးပေါက်ကွဲသဖြင့် အရပ်သား ၂ ဦး ထိခိုက်သေဆုံးကာ ၃ ဦး ဒဏ်ရာ ရရှိသွားသည်ဟု မြို့ခံတဦးက ဆို ပါသည်။ ဤဗုံးခွဲမှုသည် အစိုးရတပ်ဖွဲ့က KIA အား စွပ်စွဲထားသော်လည်း ဒေသခံများကမူ မဖြစ်နိုင်ကြောင်း ဆိုပါသည်။
0 comments:
Post a Comment