Latest Update

ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်

Friday, March 8, 2013

လာမည့် KIA နှင့် အစိုးရ ဆွေးနွေးပွဲသို့ UWSA လည်းတက်ရောက်




ရွှေဟင်္သာသတင်းဌာန မတ်ခ်ျလ ၈ ၊ ၂၀၁၃

လာမည့် မတ်လ (၁၁) ရက်နေ့တွင် ကျင်းပမည့် KIA နှင့် အစိုးရ တွေ့ဆုံ ဆွေးနွေးပွဲသို့ ပြည် သွေးစည်း ညီညွတ်ရေး တပ်မ တော် (UWSA) ကိုယ်စားလည်လည်း တက်ရောက် လေ့လာမည်ဟု KIA ထိပ်တန်း အရာရှိ တဦးက ရွှေဟင်္သာသတင်း ဌာနအား ပြောဆိုခဲ့ပါသည်။
 
ကချင် စစ်ပွဲကြောင့် တိုင်းရင်းသားတွေလည်း နိုးကြား လာခဲ့ပါပြီး၊ ကိုယ်နဲ့ မဆိုင်လို့ မပါတ်သက်ချင်လည်း မရဘူးဆို တာ ကချင် တိုက်ပွဲတွေက သက်သေဘဲလေ။ ဒီဆွေးနွေးပွဲမှာ UWSA ပါ တက်ရောက် လာတယ်လို့ကြားရတော့ ၀မ်းသာ စရာပါ။ တကယ်တော့ UWSA ဟာ တိုင်းရင်းသား အဖွဲ့အစည်းတွေထဲမှာ လက်နက်ကိုင် အင်အား အကြီးဆုံးပါ။ သူတို့အ နေနဲ့ တိုင်းရင်းသား အရေးတွေမှာ ပါဝင် လက်တွဲ ဆောင်ရွက်သင့်ပါတယ်ဟုဆိုပါသည်။
 
UWSA သည် အမြဲတမ်း တပ်အင်အား () သောင်းခန့် ရှိပြီး ဒေသခံ ၀လူမျိုးများ အားလုံးကို ပြည်သူ့စစ်အသွင် လေ့ကျင့် ထားသည်ဟု DVB နှင့် တွေ့ဆုံ မေးမြန်းခန်း တခုတွင် ပြောရေး ဆိုခွင့်ရှိသူ ဦးအောင်မြင့်က ဆိုထားခဲ့ပါသည်။ ဤသို့ကြောင့် တိုင်းရင်းသာအရေး လှုပ်ရှားမှုတွင် UWSA ပါဝင်လာရန် တိုင်းရင်းသားများက လိုလားခြင်း ဖြစ်သည်ဟု ဆိုပါသည်။
အလားတူ လာမည့် KIA နှင့် အစိုးရ ဆွေးနွေးပွဲသို့ သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) မိုင်းလားခေါ် အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (NDAA) နှင့်  ရှမ်းပြည်ပြန်လည် ထူထောင်ရေး တပ်မတော် (RCSS/ SSA) မှ ကိုယ်စားလှယ်များလည်း လေ့လာသူများအဖြစ် တက်ရောက် ကြမည်ဖြစ်ပါသည်။
 
UWSA သည် KIA နှင့် အစိုးရတို့ တိုက်ပွဲပြင်းခဲ့သည့် ၂၀၁၃ ခုနှစ် ဇန္နာဝါရီလ အချိန်ကတည်း စစ်ပြေငြိမ်းရေးအတွက် ၄င်းတို့ ဒေသတွင် တွေ့ဆုံ ဆွေးနွေးကြရန် နှစ်ဖက်စလုံးအား ဖိတ်ခေါ်ခဲ့ပါသည်။ သို့သော် ဆွေးနွေးပွဲသည် ဖေဖေါ်ဝါရီ () ရက်နေ့တွင် တရုတ် အစိုးရ၏ အစီစဉ်ဖြင့် တရုတ်နိုင်ငံ ရွှေလီမြို့၌ ကျင်းပဖြစ်ခဲ့ပါသည်။

ယင်းဆွေးနွေးပွဲသို့ KIO ဘက်မှ ဦးဆွမ်လွတ်ဂမ် ဦးဆောင်သော ကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်ပြီး ကိုယ်စားလှယ် စရင်း အသေးစိပ်ကိုမူ မသိရသေးပေ။ အစိုးရဖက်မှလည်း ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်ပြီး မြောက်ပိုင်းတိုင်း မှူးအပါဝင် ကချင်ပြည်နယ် ၀န်ကြီးချုပ်နှင့် ပြည်နယ် လုံခြုံရေး ၀န်ကြီးလည်း တက်ရောက်မည်ဟု သတင်းများက ဖေါ်ပြ နေကြပါသည်။  

                          သံချပ်ကာကားကို အသုံးပြုနေသော UWSA တပ်ဖွဲ့ (ဓါတ်ပုံ အင်တာနက်)

ဤသည် KIA အပေါ် ဆင်နွှဲခဲ့သည့် အစိုးရ၏ စစ်ဆင်ရေး ပေါ်လစီကြောင့် ဖြစ်ပေါ်လာသော တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပင် ခေါ်ဆိုရမည်ဖြစ်ကြောင်း စစ်ရေး အကဲခတ်များက ဆိုပါသည်။ တနည်းအားဖြင့် KIA သည် တိုင်းရင်းသားများ အခွင့်အရေးအတွက် တိုင်းရင်းသား အားလုံး ကိုယ်စား အနစ်နာခံ တိုက်ခိုက်ခဲ့သော စစ်ပွဲဖြစ်သည်ဟု အကဲခတ်များက ဆိုခြင်းဖြစ်ပေသည်။




0 comments:

Facebook Fan Page