Latest Update

ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်

Tuesday, March 12, 2013

KIO/KIA နှင့် အစိုးရ တို့၏ ဆွေးနွေးပွဲ ထုတ်ပြန် ကြေညာချက်


ရွှေဟင်္သာသတင်းဌာန


ကချင် လွတ်လပ်ရေး အဖွဲ့ (KIO/KIA) ကိုယ်စားလှယ် နှင့် အစိုးရတို့၏ စစ်ပြေငြိမ်းရေး ဆွေးနွေးပွဲကို မတ် ၁၁ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့၌ ပြုလုပ်ခဲ့ပြီး ဒေသ စံတော်ချိန် မတ်လ ၁၁ ရက်နေ့ ည ၁၂ နာရီ ၄၅ မိနစ် အချိန်တွင် ပြီးဆုံးခဲ့ သွားခဲ့သည်ဟု KIA အရာရှိ တဦးက ဆိုပါသည်။

ဆွေးနွေးမှု အပြီး ထုတ်ပြန်ခဲ့သော ပူးတွဲ ကြေညာချက်မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

(
၁) ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ဦးဆောင်၍ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး အပါအ၀င် ကိုယ်စားလှယ်အဖွဲ့နှင့် KIO အမြဲတန်း ဗဟိုကော်မတီဝင် ဦးဆွမ် လွတ်ဂမ် ဦးဆောင်သော KIO ကိုယ်စားလှယ် အဖွဲ့တို့သည် ၂၀၁၃ ခုနှစ် မတ်လ (၁၁၊ ၁၂) ရက်နေ့များတွင် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ၊ ရွှေလီမြို့၌တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

(
၂) တွေ့ဆုံ ဆွေးနွေးပွဲသို့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) မှ ကိုယ်စားလှယ် (၄) ဦး ၊ SSPP မှ ကိုယ်စားလှယ်(၂) ဦး၊ RCSS မှ ကိုယ်စားလှယ် (၂) ဦး ၊ NDAA မှ ကိုယ်စားလှယ် (၂) ဦး၊ ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးတော်ဆောင် အဖွဲ့ (PCG)မှ ကိုယ်စားလှယ် (၄) ဦးနှင့် လေ့လာသူများအဖြစ် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သံမှူးကြီး Mr.Wang Zongying နှင့် (၂) ဦးတို့ တက်ရောက်ခဲ့ပါသည်။

(
၃) နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့သည်ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးခဲ့ကြပြီး အောက်ဖော်ပြပါ အချက်များကို သဘောတူ ညီ ကြပါသည်။ 

                                             ဓါတ်ပုံ (ဦးလှမောင်ရွှေ)

-(
က) စစ်မှန်သော နိုင်ငံရေး ဆွေးနွေးပွဲများကို စတင်နိုင်ရေးအတွက် အပြန်အလှန် နားလည်မှု၊ လေးစားမှု၊ ယုံကြည် မှုများကို အခြေခံပြီး ခိုင်မာသော အပစ်အခတ် ရပ်ဆိုင်းရေး ရရှိသည်အထိ ဆောင်ရွက်ရန် သဘောတူညီသည်။

-(
ခ) ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့ တွေ့ဆုံပွဲမှ ရလဒ်အဖြစ် တိုက်ပွဲများကို လျော့ချနိုင်ခဲ့သည် ဖြစ်ရာဆက် လက်၍လည်း ပြဿနာ ဖြစ်ပွားနိုင်သော ဒေသများရှိ နှစ်ဖက် တပ်ဖွဲ့များ ဆိုင်ရာ ကိစ္စများကို ဆက်လက်၍ ညှိနှိုင်း ဆောင်ရွက်သွားမည်။ လိုအပ်သည့် ညွှန်ကြားချက် အမိန့်များကို နှစ်ဖက်တပ်များ သက်ဆိုင်ရာ အောက်ခြေ တပ်ဖွဲ့ များအထိ ရောက်ရှိအောင် ညွှန်ကြား သွားရန် သဘောတူသည်။

-(
ဂ)ပဋိပက္ခ ဖြစ်ပွားသော ရှေ့တန်းစစ်မြေပြင်များကိုကွင်းဆင်း လေ့လာ စောင့်ကြည့်နိုင်ရေးအတွက် နှင့် နှစ်ဖက်ပိုမိုနီး ကပ်စွာညှိနှိုင်း ဆောင်ရွက်နိုင်ရန်အတွက် ညှိနှိုင်း စောင့်ကြပ်ရေး ရုံးများကို နှစ်ဖက်ညှိနှိုင်း၍ လိုအပ်သလို ထားရှိသွား ရန် သဘောတူသည်။

-(
ဃ) ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့ အစည်းအဝေးတွင် သဘောတူညီ ခဲ့ကြသည်များနှင့် ၂၀၁၃ ခုနှစ် မတ် လ (၁၁၊ ၁၂) ရက်နေ့အစည်းအဝေးတွင် သဘောတူညီခဲ့ကြသည်များကို ဆက်လက်၍ အကောင်အထည်ဖော် ဆောင် ရွက်သွားရန် သဘောတူသည်။

-(
င) နောက်တစ်ကြိမ် ဆွေးနွေးမှုကို ၂၀၁၃ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့ မတိုင်မီ ကျင်းပသွားရန် သဘောတူသည်။

၎။ စစ်မှန်သော နိုင်ငံရေး ဆွေးနွေးမှုများ တစ်နိုင်ငံလုံး အတိုင်းအတာ ကျင်းပနိုင်ရန်အတွက် လိုအပ်သည်များကို တစ်ဆင့်ပြီး တစ်ဆင့်ဆက်လက် ညှိနှိုင်းဆောင်ရွက်သွားကြမည် ဖြစ်ပါသည်။


1 comments:

Anonymous said...

အမြန်ငြိမ်ချမ်းရေးယူကြပါဗျာ။ ပြည်သူတွေဒုက္ခ ရောက်လွန်းလို့ပါ

Facebook Fan Page