Latest Update
ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်
Thursday, March 7, 2013
KIA ၏ နိုင်ငံရေး မျှော်မှန်းချက်နှင့် အစိုးရ၏ စစ်ရေး ပြင်ဆင်နေမှု
ရွှေဟင်္သာသတင်းဌာန မတ်ခ်ျလ ၇ ၊ ၂၀၁၃
အစိုးရ တပ်ဖွဲ့များသည် လာမည့်KIA နှင့် တွေ့ဆုံပွဲတွင် အပေါ် စီးရရန် ရည်ရွယ်ပြီး ဖိအားပေးသည့် အနေဖြင့် စစ်ရေး တိုးချဲ့ လှုပ်ရှားမှုများ ဆောင်ရွက် နေကြောင်း KIA ရှေ့တန်း တပ်မှူး တဦးက ဆိုပါသည်။
ဖိအားပေး နေတယ်ဆိုတာ သိတယ်။ ဒါပေမဲ့ အခုဖြစ်နေတဲ့ တိုက်ပွဲက တိုင်းရင်းသား အခွင့်အရေး တိုက်ပွဲလေ။ ဒီအခွင့်အရေး ရဖို့ တိုက်နေတာ အနှစ် (၆၀) ကျော် လာပြီး မဟုတ်လား။ ဒါကို စစ်ရေးနဲ့ ဖိအားပေးလို့ မရနိုင်ပါဘူး။ KIA က တော့ တွေ့ဆုံ ဆွေးနွေးပြီး အဖြေရှာတဲ့ နည်းကို အမြဲတမ်း တံခါး ဖွင့်ထား ပါတယ်။ အစိုးရက ဆွေးနွေးရင် KIA ကလည်း နိုင်ငံရေး အရ ဆက်ဆွေးနွေးနေမှာဘဲ။ တိုင်းရင်းသားတွေဟာ အဖွဲ့တွေ အများကြီးပါ။ တသံထဲဖြစ်ဖို့ ညှိနှိုင်းရ မယ်လေ။ ဆိုတော့ အချိန်တော့ ပေးရမှာပေါ့။ ဒါကို စစ်ရေးနဲ့ ဖိအားသုံးပြီး အပစ်အခတ် ရပ်စဲအောင် လုပ်တယ် ဆိုရင်တော့ မျှတလိမ့်မယ် မထင်ပါဘူးဟု ဆိုပါသည်။
KIA သည် ကချင် တိုင်းရင်းသား အခွင့်အရေးကို ရယူရာတွင် မြန်မာနိုင်ငံရှိ တိုင်းရင်းသား အားလုံးနှင့် လက်တွဲပြီးပူး ပေါင်း ဆောင်ရွက်သွားရန် ခံယူထားသည်ဟု ဆိုပါသည်။ ဤသို့ကြောင့် KIA သည်-
(က) တိုင်းရင်းသား အားလုံး စည်းလုံး ညီညွတ်မှုရှိရေး၊
() တိုင်းရင်းသား အားလုံး လက်ခံသော သဘောတူညီချက် ထားရှိရေးနှင့်
() ဘုံလုပ်ငန်းစဉ်များ ချမှတ်ပြီး လက်တွဲ ဆောင်ရွက်သွားရေးကို ကြိုးပမ်း တည်ဆောက် သွားမည်ဟု ခံယူထားကြောင်း ဆိုပါသည်။
KIA သည် အစိုးရနှင့် စစ်ပြေငြိမ်းရေး သဘော တူညီချက် ရရှိခဲ့ပါက နိုင်ငံရေး ဆွေးနွေးရန် ကိစ္စများကို အခြား တိုင်းရင်းသားများနှင့် အတူ စုပေါင်း ဆွေးနွေး သွားမည်ဟု ဆိုပါသည်။
KIA သည် လာမည့် မတ်လ (၁၀) ရက်နေ့တွင် အစိုးရ အဖွဲ့နှင့် တရုတ်နိုင်ငဲ ရွှေလီမြို့ တွေ့ဆုံ ဆွေးနွေးရန် ရှိပါသည်။ ဤ ဆွေးနွေးပွဲတွင် အစိုးရနှင့် စစ်ပြေ ငြိမ်းရေးအတွက် တပ်နေရာများ သတ်မှတ်ရန် ပဏာမ ဆွေးနွေး သွားမည်ဟု ဆိုပါ သည်။ ထိုအခြေအနေမှ တဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ဆက်လက် ကျင်းပ သွားနိုင်ရန် ရည်ရွယ် ထားကြောင်း ဆိုပါသည်။
ဤရည်ရွယ်ချက်နှင့်အတူ KIA နယ်မြေ ထဲသို့ လတ်တလော စစ်ဆင်နေသော အစိုးရ တပ်များနှင့် တိုက်ပွဲများ မဖြစ်ပွား ရန် အတတ်နိုင်ဆုံး ရှောင်ရှား ခဲ့သည်ဟု ဆိုပါသည်။
သို့သော် အစိုးရ တပ်မ (၁၀၁) သည် အင်အား (၄၀၀) ဖြင့် စစ်ကြောင်း နှစ်ဖွဲ့ ခွဲကာ KIA တပ်ရင်း (၁၁) နယ်မြေ လှုပ်ရှား နေခြင်း။ တပ်မ (၈၈) တပ်ဖွဲ့ များသည် အင်အား(၂၀၀) ကျော်ဖြင့် KIA တပ်မဟာ(၅)မှ တပ်ရင်း (၃) နယ်မြေ ၀ါးရှောင် ကျေးရွာသို့ ချီတက် နေရာယူထားခြင်း။
  မြင်း၊လား တင်ဆောင် ထားသော ကားကြီး (၅) စီး အပါအ၀င် လက်နက် ခဲယမ်း ရိက္ခာများ တင်ဆောင် ထားသော အစိုးရတပ် စစ်ကားကြီး (၂ရ) စီးသည် ပြီးခဲ့သည့် မတ်လ (၅) ရက်နေ့၌ KIA တပ်မဟာ(၃) တပ်ရင်း (၂၇) နယ်မြေဖြစ်သည့် ရွှေ ကူမြို့ နယ် လခွမ်းဘွမ် ၊ နားလုံဘွမ်သို့ ပို့ဆောင်ထားသည်ဟု KIA ဖက်မှဆိုပါသည်။
အလားတူ ရှမ်းပြည် အခြေစိုက် အင်းအား ရာနှင့်ချီ ရှိသော အမှတ်() စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စခက) တပ်များ သည် KIA တပ်မဟာ(၂) နယ်မြေ ဒွမ်ဘွမ် ၊ လွယ်လီယန် ကျေးရွာသို့ လည်းကောင်း။ မုံရွာ အခြေစိုက် တပ်မ(၃၃) မှ အင်အား (၂၀၀) ခန့်ရှိသည်တပ်များသည် KIA ချီဖွေဒေသရှိ ကန်တော်ယန် ကျေးရွာမှ တဆင့် အင်ပေါင် ကျေးရွာ နေရာ ယူထားကြောင်း ဆိုပါသည်။
ထို့အပြင် တပ်မ (၃၃) တပ်ဖွဲ့ မှ အင်အား (၁၀၀) ကျော်သည်လည်း KIA တပ်ရင်း (၁၀) နယ်မြေ ချီဖွေ-လောခေါင် ဒေသ သို့ ဝါး ရှောင် ကားလမ်းပိုင်း လည်းကောင်း။ အင်အား (၁၀၀) ခန့် ရှိသည့် အစိုးရ တပ်များသည် KIA တပ်ရင်း (၁၀) နယ် မြေ ချီဖွေ-လောခေါင်ဒေသရှိ လုပီကျေးရွာသို့  ရဟတ်ယာဉ်များဖြင့် ပို့ ဆောင်ထားခဲ့သည်။
ဤသည် KIA နှင့် မဆွေးနွေးမီ အစိုးရ တပ်များ၏ စစ်ဆင်ရေး စစ်ကြောင်းများက တိုးချဲ့ပြီး နေရာယူ ထားပုံ ဖြစ်ပါသည်။ KIA ကမူ ဤကဲ့သို့ အစိုးရတပ်များ တိုးချဲ့ နေရာယူ ထားသော်လည်း တိုက်ပွဲဖြစ်ရန် အလားအလာ မရှိသေးဟု ပြောရေး ဆိုခွင့် ရှိသူက ယူဆထားပါသည်။  
                                  ရှေ့တန်းမှ KIA တပ်ဖွဲ့များ(ဓါတ်ပူံ KIA)
KIA နှင့် အစိုးရတို့သည် ၁၉၉၄ ခုနှစ်ကတည်းက အပစ်အခတ် ရပ်စဲခဲ့ပါသည်။ အစိုးရသည် KIA အား နယ်ခြားစောင့် တပ်(BGF) ဖွဲ့ရန် တိုက်တွန်းခဲ့ရာမှ လက်မခံနိုင်သဖြင့် ၂၀၁၁ ခုနှစ် ဇွန်လဆန်းမှ စပြီး KIA အား စတင် တိုက်ခိုက်ခဲ့လေ တော့သည်။ အလားတူ BGF ကို လက်မခံသော အခြား လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များနှင့်လည်း အပစ်အခတ် ရပ်စဲရေး ပျက်ပျယ် ခဲ့ရပါသည်။
၂၀၁၂ ခုနှစ်တွင် အစိုးရသည် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များကို အပစ်အခတ် ရပ်စဲရန် ထပ်မံ ကမ်းလှမ်းပြန်ပါ သည်။ ဤအဖွဲ့များထဲ၌ KIA သည် အပစ်အခတ်ရပ်စဲရေးကို အစိုးရနှင့် လက်မှတ် ရေးထိုး ထားပြီးဖြစ်သည့် အတွက် နိုင်ငံရေး ဆွေးနွေးပွဲသာ ကျင်းပပေးရန် ရှိတော့ကြောင်း သဘောထား ခဲ့ပါသည်။
ဤသို့ကြောင့် အစိုးရသည် ကြည်းလေ အင်အားများ အလွန်အကျွံ သုံးပြီး KIA အား ချေမှုန်း လေတော့သည်။ ဤအခြေ အနေမှပြီးခဲ့သည့် ဖေဖေါ်ဝါရီလ () ရက်နေ့တွင် နှစ်ဖက် စစ်ပြေ ငြိမ်းကြရန် တရုတ်နိုင်ငံမှ  ကြားဝင်ပြီး ရွှေလီမြို့၌ တွေ့ဆုံ ခဲ့ကြပါသည်။
0 comments:
Facebook Fan Page