Latest Update

ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်

Friday, March 22, 2013

အပစ်ရပ်ရန် ညှိနှိုင်းနေစဉ် TNLF စခန်းအား တိုက်ခိုက်




ရွှေဟင်္သာသတင်းဌာန မတ်လ (၂၂) ရက်

အင်အား (၁၀၀) ကျော်ရှိသော အစိုးရ ခမရ (၅၀၂) စစ်ကြောင်းသည်၊ ကွတ်ခိုင်မြို့နယ်ရှိ နမ့်လိတ် တောင်ကြော၌ အခြေ စိုက်နေသည့် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် T.N.L.A ကွတ်ခိုင် အခြေစိုက် တပ်ရင်း (၁ဝ၁) မှ တပ်ခွဲ (၁) နှင့် K.I.A တပ်ရင်း(၈) ပူးပေါင်း တပ်ဖွဲ့စခန်းကို ယမာန်နေ့ ညနေ () နာရီတွင် ၀င်ရောက် တိုက်ခိုက် ခဲ့သည့်ဟု TNLA တပ်မှူး တဦးက ဆိုပါသည်။ 

ဒီလိုပါ ပထမတော့ ဒီနေရာ ကနေ ဖယ်ပေးဖို့ သူတို့စစ်ကြောင်းမှူးက ရွားသားတွေ လွတ်ပြီး ကျနော်တို့ကို လာပြော တယ်။ ဒီနမ့်လိတ်တောင်ကို သူတို့ မလာလို့မရဘူးပေါ့လို့ ပြောတယ်။ အဲဒီလိုဘဲ ပြီးခဲ့တဲ့ သုံးရက် လောက်တုန်းကလည်း ပန်းကန်ဖက်မှာ နေရာ ဖယ်ပေးပါလို့ ပြောခဲ့တယ်။  အဲဒီဖက်မှာကျတော့ ကျနော်တို့က ဖယ်ပေး ခဲ့တယ်။ အခု ဒီနမ့်လိတ်တောင်ကိုလည်း ထပ်ဖယ်ခိုင်း ပြန်တယ်ဆိုတော့ ကျနော်တို့ သံသယဖြစ်လာတယ်။ ဒါနဲ့ မဖယ်ဘူး ဆိုပြီး အကြောင်းပြန်လိုက်တယ်။ မကြာပါဘူး သူတို့ တက်လာတယ်˝ ဟု တအာင်းတပ်မှူး တဦးက ပြောပါသည်။

တိုက်ပွဲသည် တနာရီကျော်ကြာပြီး၊ အစိုးရဖက်မှ ထိခိုက်မှုများသည်ဟု ဆိုပါသည်။ ပေါ်တာများ၏ အဆိုအရ အနည်း ဆုံး (၁၀) ဦးခန့် သေဆုံးပြီး () ဦး ထက်မနဲ ဒါဏ်ရာ ရသည်ဟု ဆိုပါသည်။ တိုက်ပွဲသည် ည () နာရီကျော် အထိ ပြင်းထန်စွာ ပစ်ခတ် ခဲ့ကြသဖြင့် အနီးအနားရှိ ပန်ညှိုးရွာသားများ ရှောင်တိန်း ခဲ့ကြကြောင်း ဆိုပါသည်။ 

နမ့်လိတ်တောင်၌ တိုက်ပွဲဖြစ်နေစဉ်  နမ့်ဖက်ကာ ကျေးရွာ ဖက်မှ အင်အား (၁၀၀) ခန့်ရှိသော ခလရ ၁၂၃ အစိုးရ စစ်ကြောင်း တကြောင်း ထပ်မံ ချီတက်လာပြီး နမ့်လိတ်တောင် အနီး သာပန်းကုန်း တောင်ကြောတွင် နေရာယူထား သည်ဟု နမ့်ဖက်ကာ ဒေသခံများ ထံမှ သိရကြောင်း ပလောင် တပ်မှူးက ဆိုပါသည်။

ယခု တိုက်ပွဲ ဖြစ်ပွား ခဲ့သော နမ့်လိတ် တောင်ကျောသည် စစ်ဗျူဟာ အရ အရေကြီးသော ကုန်းဖြစ်သလို အစိုးရ သည် အပစ်အခတ် ရပ်စဲထားသော KIA အား ၂၀၁၁ ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် စတင် တိုက်ခိုက် လိုက်သဖြင့် အပစ်အခတ် ရပ်စဲရေး စတင် ပျက်ပျယ် သွားသော နေရာလည်း ဖြစ်သည်။ ထိုတိုက်ပွဲတွင် SSPP တပ်ဖွဲ့နှင့် KIA ပူးပေါင်း တပ်မှ ပြန်လည် တိုက်ခိုက်ခဲ့ပြီး အစိုးရဖက်မှ ရာနဲ့ချီ ကျဆုံးခဲ့သော နေရာဖြစ်သည်ဟု ဆိုပါသည်။
 
TNLF နှင့် အစိုးရတို့ အပစ်အခတ် ရပ်စဲရန် ပလောင်ဒေသ လွှတ်တော် အမတ်များက ကြားဝင် စေ့စပ် ညှိနှိုင်းပေးနေ ချိန်လည်း ဖြစ်ပါသည်။ ဤလို ကာလမျိုးတွင် နမ့်လိတ်တောင်ကို စစ်ဆင်လာခြင်းသည်၊ ၄င်းတို့၏ ငြိမ်းချမ်းရေး အစီစဉ် အတွက် ဖိအားပေးခြင်း ဖြစ်နိုင်သလို သဘောတူချက် လက်မှတ် မထိုးမှီ စပ်ကြား နယ်မြေ စိုးမိုးရေး အတွက် နေရာယူခြင်းလည်း ဖြစ်နိုင်ကြောင်း ပလောင်ဖက်မှ သုံးသပ် ခဲ့ပါသည်။

အစိုးရသည် TNLF နှင့် အပစ်အခတ် ရပ်စဲရေး လိုလားပါက ၄င်းတို့၏ စစ်ရေး လှုပ်ရှားမှုများကို လျှော့သင့်ကြောင်း လောင်ဖက်က ဆိုပါသည်။ နမ့်လိတ်တောင်ကြောသည် TNLA နှင့် KIA တို့၏ အခြေခံ စခန်းလည်း ဖြစ်သဖြင့် ဆုတ် ပေးရန် မဖြစ်နိုင်ကြောင်း ဆိုနေပါသည်။
 
TNLF နှင့် KIA တို့သည် သွေးစည်းသော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များ ဖြစ်ပါ သည်။ အစိုးရသည် UNFC အဖွဲ့ဝင်များ အပေါ် တဖွဲ့ချင်း ဆွေးနွေးမှု စနစ်ဖြင့် သဘော တူညီချက် ယူပြီး အပစ်အခတ် ရပ်စဲခဲ့ပါသည်။ ဤအထဲတွင် KIA TNLF ကယန်းပြည်သစ်ပါတီ၊ WNU  () နှင့် LNDP (လားဟူ) အဖွဲ့မျိုးများကိုမူ ဆွေးနွေးဘဲ ထားခဲ့ပါသည်။
 
သို့သော်လည်း အစိုးရသည် KIA အဖွဲ့ကိုမူ စစ်ရေးအရ အင်အား တောင့်တင်း နေသဖြင့် တမင်ချိုးနှိမ်ထားရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၁ခု နှစ်ကတည်းက စတင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ရေး သုံးသပ်သူများက ဆိုပါသည်။

0 comments:

Facebook Fan Page