Latest Update

ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်

Monday, March 18, 2013

FTUB အား MITU ပြင်းပြင်းထန်ထန်ရှုံ့ချ




 
ရွှေဟင်္သာသတင်းဌာန

 မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (FTUB) သည် မြန်မာနိုင်ငံ စက်မှုဇုံ အလုပ်သမားများ သမဂ္ဂ MITU ၏ အဖွဲ့ဝင် သမဂ္ဂ နာမည်များကို အသုံးပြုပြီး ၀ါဒဖြန့် အင်္ကျီများ ရိုက်နှိပ်ဖြန့်ဝေသဖြင့် မကြေနပ်ကြောင်း ယမာန်နေ့တွင် သတင်းစာ ရှင်းလင်းပွဲ ကျင်းပပြီး ကန့်ကွက် လိုက်သည်ဟု MITU အထွေထွေ အတွင်းရေးမှူး ကိုအောင်သူက ဆိုပါသည်။
 
ဒီလိုပါဗျ။ ကျနော်တို့ MITU အဖွဲ့ဝင်ဖြစ်တဲ့ ယူနီကာလာ ဗလာ စာအုပ်စက်ရုံနှင့် မြန်မာ့မဏ္ဍိုင် ပလပ်စတစ်လောင်း စက်ရုံ တွေရဲ့ နာမည်တွေနဲ့ FTUB တံဆိပ် ရိုက်နှိပ်ပြီးတော့ အကျီင်္များ ဖြန့်ဝေနေတဲ့ ကိစ္စပါ။ ရံပုံငွေ သဘောပေါ့ဗျာ။ ဒါကိုမကြေနပ် တာပါ။ သူတို့နဲ့ ဘာမှ မပါတ်သက်တဲ့ အဖွဲ့နာမည်ကို အလွဲသုံးစား လုပ်တဲ့ သဘောဘဲလေဟု ဆိုပါသည်။

မြန်မာနိုင်ငံ စက်မှုဇုံ အလုပ်သမားများ သမဂ္ဂ (MITU) ၏ သတင်းစာ ရှင်းလင်းပွဲကို တောင်ဒဂုံ ဆိပ်ကမ်း မြို့နယ်ရှိ မဟာပဏ္ဍိ တရာမကျောင်းတိုက်တွင် ယမာန်နေ့ နေ့လည် () နာရီမှ ညနေ (၃း၃၀) အချိန်အထိ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။

-အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ MITU အလုပ် အမှုဆောင်များ MITU အဖွဲ့ဝင် သမဂ္ဂများ ဖြစ်ကြ သော တောင်ဒဂုံမြို့နယ် နှင့် ဒဂုံဆိပ်ကမ်း မြို့နယ်ရှိ မြန်မာ့ မဏ္ဍိုင် ပလပ်စတစ်လောင်း စက်ရုံ၊ ယူနီကာလာ ဗလာစာအုပ် စက်ရုံ၊ မြန်မာဂလိုဂွန် အထည် ချုပ်စက်ရုံ၊ ဒဂုံနှင့် ကိုကို ဗလာ စာအုပ် စက်ရုံ၊G.T.P ကွန်ဂရစ်တိုင် စက်ရုံ၊TEFFEL ပီနံအိတ် စက်ရုံ၊Asia World ပီနံအိတ်စက် ရုံ၊Asia World စက္ကူ စက်ရုံများရှိ အခြေခံ အလုပ်သမား သမဂ္ဂ ခေါင်းဆောင်များနှင့် လေ့လာသူ အဖြစ် နီလာစတား စက္ကူစက် ရုံအခြေခံ အလုပ်သမား သမဂ္ဂ ဥက္ကဌ ကိုကျော်မျိုး၊ တောင်ဒဂုံ ဆိပ်ကမ်းမြို့နယ် NLD ပါတီမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။ 

                             MITU သတင်းစာ ရှင်းလင်းပွဲ ကျင်းပစဉ် (ဓါတ်ပုံ MITU)

ဤကိစ္စFTUB မှ ရပ်တန်းက မရပ်ပါက MITU အဖွဲ့ဝင်များ ပူးပေါင်းပြီး တရားစွဲဆိုရမည့် အခြေအနေသို့ ရောက်ရှိနိုင်သည်ဟု ဆိုပါသည်။ ကာယကံရှင် ယူနီကာလာ စက်ရုံနဲ့ မြန်မာ့ မဏ္ဍိုင် စက်ရုံများကလည်း ၄င်းတို့အား အကြောင်းကြား ခဲ့ခြင်း မရှိ ခြင်း အပေါ် ကန့်ကွက်ခဲ့သည်ဟု ဆိုပါသည်။  

နာမည်ကို ဘယ်သူ့ကိုမှ အကြောင်းမကြားပဲနဲ့ FTUB တံဆိပ် အောက်မှာ စက်ရုံ နာမည်တွေ ရိုက်နှိပ်ပြီး ဖြန့်ဝေလိုက်တာကို ကျွန်တော်တို့ MITU အနေနဲ့ လုံးဝ လက်မခံဘူး။ FTUB နဲ့ဘာမှ မပတ်သတ်ဘူး ဆိုတာလဲ သိစေချင်တယ်အခုလိုအောက် လမ်းနည်းနဲ့ဝါဒဖြန့် နေတာတွေကိုလည်း ပြင်းပြင်းထန်ထန် ပြစ်တင်ရှုံ့ချပါတယ်ဟုMITU အထွေထွေ အတွင်းရေးမှူးကို အောင်သူက ပြောပါသည်။

MITU သည် FTUB ၏ မမှန်မကန် လုပ်ရပ်အပေါ် သက်ဆိုင်ရာက အရေးယူ တားမြစ် ပေးပါရန်လည်း ဆန္ဒရှိကြောင်း ဆို ပါ သည်။
FTUB သည် AFFM ခေါ် မြန်မာနိုင်ငံ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်ကိုလည်း ၄င်း တို့ လက်အောက်ခံ အစုအဖွဲ့ဖြစ်ကြောင်း ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် ၀ါဒဖြန့်ခဲ့ပါသည်။ ဤသို့ကြောင့်FTUB အဖွဲ့သည် AFFM အဖွဲ့၏ ကန့်ကွက်ခြင်းကို ခံခဲ့ရဘူးပါသည်။ 

FTUB အထွေထွေ အတွင်းရေးမှူး (ပြည်သစ်ညွန့်ဝေခေါ်) ဦးမောင်မောင်သည်၊ အစိုးရငြိမ်းချမ်းရေးအဖွဲ့နှင့် နားလည်မှု ယူ ပြီး ရန်ကုန်သို့ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် သွားရောက်ခဲ့ပါသည်။ ဦးမောင်မောင်သည် FTUB ၏ဆုံးဖြတ် ချက်ဖြင့် သွားရောက်ခြင်း မဟုတ်ဘဲ ပုဂ္ဂိုလ်ရေး ခရီးစဉ်ဟုသာ ဖြစ်သည်ဟု ရန်ကုန်ကို အခြေချစဉ် မီဒီယာများအား ပြော ကြားခဲ့ပါသည်။
သို့သော် ၄င်းသည် အစိုးရ၏ တရား ဥပဒေအတိုင်း လွတ်လပ်စွာ ဖွဲ့စည်းထားသည့် လယ်သမား၊ အလုပ်သမား သမဂ္ဂများကို
၎င်းတို့ FTUB လက်အောက်ခံဟု လိုက်လံ စည်းရုံးနေသဖြင့် သမဂ္ဂတွင်း စည်းလုံး ညီညွတ်မှုများ ပျက်ပြားခဲ့ရသည်ဟု AFFM ခေါင်းဆောင်များက ဆိုပါသည်။ 

ယခု MITU သည်လည်း လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့် (FOA) ကို ကျင့်သုံးပြီး၊ ILO ပြဌာန်းချက် (၈၇)အရ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်တွင် အလုပ်သမား ၀န်ကြီး ဌာနတွင် တရားဝင် မှတ်ပုံတင်ခဲ့သော အလုပ်သမား အဖွဲ့အစည်း တစ်ခုဖြစ်သည်။ 

MITU ၏ လှုပ်ရှားမှုများမှာ အမျိုးအစားတူ အခြေခံ သမဂ္ဂများ ပူးပေါင်း၍ မြို့နယ်အဆင့်သမ ဂ္ဂများအဖြစ်မှတ်ပုံတင်နိုင်ရန် ကြိုးပမ်းနေပြီး စက်ရုံများရှိ အလုပ်ရှင် အလုပ်သမား ပြဿနာများတွင် အလုပ်သမားများ ဘက်မှ ရပ်တည်ဖြေရှင်းပေးကာ အလုပ်သမားများ အသိပညာ ဗဟုသုတ တိုးတက်ရေးနှင့် ခေါင်းဆောင် နိုင်မှု စွမ်းရည် မြင့်မားရေးအတွက် ဆွေးနွေးပွဲများ ၊သင်တန်းများကို ပြုလုပ်နေပါသည်။

MITU သည် FTUB နှင့် ပတ်သက်ခြင်း မရှိဟု ဆိုပါသည်။ FTUB ၏ အခြေအနေသည် လောလောဆယ် အဖွဲ့ဝင် ()ဦး သာရှိကြောင်း အဖွဲ့ဝင်ဟောင်းများက ဆိုပါသည်။ ၄င်းတို့မှာ ဒုဥက္ကဌ ဦး သန်းလွင်နှင့် ဦးမောင်မောင်တို့သာဖြစ်ပြီး  အဖွဲ့ ကိုလည်း ပွင့်လင်းမြင်သာမှုအရ ဒီမိုကရေစီ စနစ်ဖြင့် အခြေခံ ဖွဲ့စည်းထား ခြင်းမဟုတ်သဖြင့် လုပ်ငန်းနှင့် ငွေကြေး ပိုင်း များ၌ သံသယများ ရှိကြကြောင်း ဆိုပါသည်။ 

0 comments:

Facebook Fan Page