Latest Update

ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်

Monday, March 11, 2013

ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းလမ်းလျှောက်




အဲာပိုန် ၊ မတ်လ (၁၁) ရက်နေ့ ၊ ရွှေဟသာင်္သတင်း ဌာန

မုံရွာ-မြင်ခြံမှ ကချင်ပြည်နယ် အထိ ကိုသန့်ဇင်ဦး ခေါင်းဆောင်သည့် ပြည်တွင်း ငြိမ်းချမ်းရေး အတွက် လမ်းလျှောက် အဖွဲ့ သည် ကချင်ပြည်နယ် ဗန်မော်ခရိုင် ဒေါ့ဖုန်းယန်မြို့နယ် လဂျာယန်ရွာရှိ အစိုးရ တပ်ဖွဲ့တို့၏ သွားခွင့်ပြု ရရေးအတွက်  (၃) ရက်မြောက် စောင့်ဆိုင်းလျှက် ရှိကြောင်း လမ်းလျှောက်သူများ အဖွဲ့ ကြိုဆိုရေး ကော်မတီ အတွင်းရေးမှုး ကိုကျော်ကျော် က ပြောပါသည်။

“သူတို့ အဖွဲ့တွေ အဲဒီ လဂျာယန် စခန်း ကို မတ်လ ၉ ရက်နေ့ ကတည်က ရောက်ရှိတာပါ။ သူတို့ အဖွဲ့တွေကို ကြိုဆိုဖို့ ကျနော်တို့က အဖွဲ့တွေ ဖွဲ့ထားပြီး ပြင်ထားခဲ့တယ်။ အစိုးရ တပ်ဖွဲ့တွေက ဆက်သွားခွင့် မပြုတဲ့ အတွက်ကြောင့် တချို့က အစာ မစားကြဘဲ ဆန္ဒပြနေခဲ့တာ (၂) ရက်ရှိသွားပြီး ဖြစ်တယ်။” ဟု ဆိုပါသည်။
အဆိုပါ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သော အဖွဲ့ တို့သည် သံဃာတော် (၉) ပါး၊ အမျိုးသမီး (၁၁) ဦး အပါဝင် စုစု ပေါင်း (၅၃) ဦးခန့် ရှိကြသည်။

ထိုအဖွဲ့တို့သည် ကချင်ပြည်နယ် ဗန်းမော်- လိုင်ဇာ လမ်းပိုင်းမှ လဂျားယန်ကို မတ်လ (၉) ရက်နေ့ မွန်းလွဲ (၁) နာရီခန့်တွင် ရောက်ရှိလာခဲ့သည်။ ထိုမှ တဆင့် ဆက်သွားရန် လဂျားယန်၌ တပ်စွဲထားသည့် အစိုးရ တပ်ဖွဲ့တို့က ခွင့် မပြုဘဲ တားမြစ် ခဲ့သည်။ 

ဆက်သွားခွင့် ရရှိရန် စောင့်ဆိုင်းနေသည်မှာ (၃) ရက် မြောက် ရှိသော်လည်း ယခုအချိန်အထိ သွားခွင့် မရရှိသေးကြောင်း ကိုကျော်ကျော် က ဆိုပါသည်။

အစိုးရ တပ်ဖွဲ့တို့သည် ထိုနယ်မြေကို ကန့်သတ် နယ်မြေအဖြစ် စည်းရိုးကာပြီး မိုင်းများ ထောင်ထား ခဲ့သည်။ ဖေဖော်ဝါရီလ အတွင်းက ဖြတ်သန်း သွားလာ၍ ရရှိသည့် တောင်ကုန်း များကိုလည်း ထပ်မံပြီး စည်းရိုးကာခြင်း မိုင်းများ ထောင်ထားခဲ့ ပြန်သည်။

ဤသို့ကြောင်း လမ်းလျှောက် အဖွဲ့တို့သည် ကာထားသည့် စည်းရိုးများ၊ ထောင်ထားသည့် မိုင်းများကို ဖယ်ရှားပေးပြီး ဖြတ်သန်း သွားခွင့် ပြုရန် အစာ အငတ်ခံခြင်းကို စတင် ပြုလုပ်ခဲ့သည်။
၎င်းတို့အဖွဲ့သည် KIO တာဝန်ရှိသူ များနှင့် တွေ့ဆုံ၍ မိမိတို့ လိုလားသော ငြိမ်းချမ်းရေး သဘောထားကို ရှင်းပြပြီး KIO ၏ သဘောထား များကို နားထောင်သွားမည် ဖြစ်သည်။

ထို့ပြင် လိုင်ဇာမြို့သို့ ရောက်ရှိပါက စစ်ပြေး ဒုက္ခသည် စခန်းတာဝန်ရှိသူနှင့် တွေ့ဆုံ၍ စစ်ပြေး ဒုက္ခသည်များ အတွက် လမ်းတလျှောက် ပြည်သူများ လှူဒါန်းခဲ့သော် အလှူငွေ ၁၄၈ သိန်းကျော်အား ပေးအပ်လှူဒါန်းသွား မည် ဖြစ်ကြောင်း  မတ်လ (၈) ရက်နေ့တွင် ကိုသန့်ဇင်ဦး က ပြောသည်။

ထို့ပြင် ရန်ကုန်မြို့မှ လိုင်ဇာမြို့ ထိ လမ်းလျှောက်လာသည့် အဖွဲ့တို့သည် ယနေ့ ညနေပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အနီးရှိ ပမ္မတီးရပ်ကွက်သို့ ရောက်ရှိနေပြီး ဖြစ်ကြောင်း အဖွဲ့၏ ပြန်ကြားရေး တာဝန်ခံ ကိုဇင်ကိုကို က ပြောပါသည်။
ဤ လမ်းလျှောက် အဖွဲ့တို့သည် လူအင်အား (၁၃၀) ခန့်ရှိပြီး သံဃာတော် (၁၅) ပါး၊ သီလရှင် (၁) ပါးနှင့် အမျိုးသမီး အ ယောက် (၂၀) ခန့် ပါဝင်ခဲ့သည်။ မယ်သီလရှင် တစ်ပါးက ခြေထောက်နာကျင်မှုကြောင်း မြစ်ကြီးနားမြို့ ဆေးရုံသို့ ဒီနေ့ ပို့လိုက် ရသည်။

ယင်းအဖွဲ့တို့သည် ပမ္မတီးရပ်ကွက်တွင် တပ်စွဲထားသည့် အစိုးရတပ်ဖွဲ့တို့က မြစ်ကြီးနားမြို့ပြင် လမ်းပိုင်းတွင် ချီတက်သွား ကြရန် ပြောကြား ခဲ့သည်ဟု ဆိုပါသည်။

“ကျနော်တို့အဖွဲ့က မြို့ပတ်လမ်း အတိုင်း သွားဖို့ အဲဒီ ပမ္မတီးမှာ ရှိတဲ့ အစိုးရ တပ်ဖွဲ့တွေက ပြောလာတယ်။ ကျနော်တို့က လမ်းမကြီး အတိုင်း ဆက်သွားမှာပါ။ မနက်ဖြန်ဆိုရင် မြစ်ကြီးနားမြို့ တွင်းရှိ နန်ချယ်ရီခန်းမမှာ ကျနော်တို့ နားမှာပါ။ ပြီးမှ လိုင်ဇာဘက်ကို ဆက်သွားမယ်။” ဟု ကိုဇင်ကိုကို ကပြောသည်။

ရန်ကုန်မှ လိုင်ဇာအထိ လမ်းလျှောက်သည့် အဖွဲ့တို့သည် ပြီးခဲ့သည့် ဇန်န၀ါရီ ၂၁ ရက်နေ့ကစပြီး ရန်ကုန်ကနေ စတင် ထွက်ခွာ လာခဲ့သည်


0 comments:

Facebook Fan Page