Latest Update

ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်

Thursday, March 7, 2013

ကချင် ဒုက္ခသည် ပြသနာသည် တွေ့ဆုံ ဆွေးနွေးရေးကို အခြေမခံသင့်




အဲာပိုန် ၊ မတ်လ (၇) ရက်နေ့၊ ရွှေဟသာင်္သတင်းဌာန

ကချင် စစ်ပြေး ဒုက္ခသည်များအား အကူအညီ ပေးတော့မည်ဟူသော အစိုးရ၏ ထုတ်ပြန်ချက်များသည် ယနေ့အထိ အကျိုး သက်ရောက်မှုများ မရှိသေးကြောင်း ဒုက္ခသည် စခန်း တာဝန်ခံ ဦးဒွဲပီဆာက ပြောပါသည်။

“ အစိုးရကတော့ အပြော သက်သက်နဲ့ဘဲ အလုပ်လုပ်နေကြသလားတော့ မသိတော့ပါဘူး။ သူတို့ ပြောတဲ့ အတိုင်း ကချင် ဒုက္ခသည်တွေ အတွက် အကူအညီတွေ ပေးမယ် ဘာညာပေါ့ဗျာ။ လက်တွေ့ကတော့ ဘာမှ အကောင်အထည် ဖော်လုပ် ဆောင်ပေး သွားတာ မတွေ့ရသေးဘူး။” ဟု ဆိုပါသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ လဆန်းပိုင်းတွင် ဂျပန်နိပွန် ဖောင်ဒေးရှင်း အဖွဲ့နဲ့ ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့တို့သည် အကူအညီ ပေးနိုင်ရန် အစိုးရထံ တင်ပြထားပြီးဖြစ်ကြောင်း အကြောင်းကြား လာခဲ့ပါသည်။ သို့သော် ထိုအကူအညီ များသည်လည်း ယနေ့အထိ ရောက်ရှိလာခြင်း မရှိသေးပါဟု ဦးဒွဲပီဆာက ဆိုပါသည်။

အစိုးရ ဘက်ကမူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၄) ရက်နေ့တွင် ကချင် လွတ်လပ်ရေး တပ်မတော် KIA နှင့် တရုတ်ပြည် ရွှေ လီမြို့မှာ တွေ့ဆုံခဲ့ကြအပြီး နှစ်ဖက် စစ်ပြေးငြိမ်းရေးကို နားလည်မှု ရရှိပြီးနောက် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ကချင် စစ် ပြေး ဒုက္ခသည်များ အတွက် အကူအညီများ ပေးဆောင်သွားမည် ဖြစ်ကြောင်း၊ ထို့အပြင် လူသားချင်း စာနာ ထောက်ထား သော အကူအညီများ ဝင်ရောက်ခွင့်ပြုရေး ကိစ္စရပ်များကိုလည်း စီစဉ် ဆောင်ရွက်လျှက် ရှိကြောင်း သတင်းထုတ်ပြန် ထား ပါသည်။

မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့် ကလည်း ကချင်စစ်ပြေး ဒုက္ခသည်များ နံလံပြန် လည်ထူထောင်ရေး အတွက် အဓိကအားဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းကို စားဝတ်နေရေးများနှင့် ဆက်စပ်ပြီး အကောင်အထည် ဖော်သွားမှာ ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၄ ရက်နေ့က ပြောကြား သွားခဲ့ပါသည်။

ဤပြောဆိုမှုများအရ မြို့ပေါ်ရှိ ကချင် စစ်ပြေး ဒုက္ခသည်များ အတွက် အကူအညီ တချို့ ရရှိခဲ့သော်လည်း နယ်စပ်ရှိ KIA ထိမ်း ချုပ်သော စစ်ပြေး ဒုက္ခသည် စခန်း အတွက်မူ ထိရောက်သည့် အကူအညီပေးရေး အဖွဲ့များ ရှိလျှက်နှင့် ခွင့်ပြုချက်များ စောင့် နေရဆဲဖြစ်သည်ဟု ဆိုပါသည်။  

 အစိုးရ ဖက်ကမူ KIA နယ်ထဲရှိ စစ်ပြေး ဒုက္ခသည်များ အရေအတွက်ကို ကချင် လွတ်လပ်ရေး တပ်မတော်နှင့် လက်တွဲပြီး စာရင်း ကောက်ယူမည် ဖြစ်ကြောင်း၊ နှင့် ပူးပေါင်း အကောင်အထည် ဖော်သွားရန် ရည်ရွယ်ထားကြောင်း၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့်က ပြောခဲ့ပါသည်။

KIA နယ်ထဲရှိ ကချင် စစ်ပြေး ဒုက္ခသည်များအား KIA ကသာ တာဝန် ကျွေးမွေး ထားခြင်းဖြစ်ကြောင်း ဒုက္ခသည် ကော်မီတီ များက ဆိုပါသည်။ အစိုးရကလည်း အကူအညီ ပေးလိမ့်မည် မထင်ကြောင်း၊ အကယ်၍ KIA နှင့် တွေ့ဆုံ ဆွေးနွေးမှု အဆင်မပြေပါက ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့မျိုးကိုလည်း ခွင့်ပြုလိမ့်မည် မထင်ကြောင်း ဒုက္ခသည် ကော်မီတီများက တွက်ဆကြပါသည်။ 

KIA နှင့် အစိုးရတို့ နှစ်နှစ်နီးပါး တိုက်ခိုက်ကြရာတွင် စစ်ပြေး ဒုက္ခသည်ပေါင်း တသိန်းခန့် ရှိခဲ့ကြောင်း၊ ဤအထဲမှ မြို့ပေါ်သို့ (၆) သောင်းခန့် ထွက်ပြေး ကြပြီး နယ်စပ် KIA စခန်းများသို့ (၅) သောင်းခန့် ထွက်ပြေး ခဲ့ရကြောင်း ဒုက္ခသည် စခန်း ကော်မီတီ များက ခန့်မှန်းကြပါသည်။

0 comments:

Facebook Fan Page