Latest Update

ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်

Wednesday, March 13, 2013

နှစ်လ နီးပါး ကြာမှ အခက်အခဲ ကြားက ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ လိုင်ဇာ သို့ရောက်


အဲာပိုန်၊ မတ်လ (၁၃) ရက်နေ့၊ ရွှေဟသာင်္သတင်းဌာန

မြင်းခြံ- မုံရွာ မှတဆင့် ငြိမ်းချမ်းရေး အတွက် ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ ထိန်းချုပ် နယ်မြေသို့ လမ်းလျှောက် ထွက်ခွာ လာကြသည့် ကိုသန့်ဇင်ဦး ဦးဆောင်သည့် ငြိမ်းချမ်းရေး အတွက် လမ်းလျှောက်လာသည့် အဖွဲ့သည် မတ်လ (၁၃) ရက်နေ့ နေ့လည် နှစ်နာရီတွင် လိုင်ဇာ မြို့သို့ စတင် ရောက်ရှိ လာပြီ ဖြစ်ကြောင်း ကချင် ကြိုဆိုရေး အဖွဲ့များမှ ပြောပါသည်။

ဒီနေ့ ညနေ နာရီ လာက်မှာ သူတို့ အဖွဲ့တွေ ကျနော်တို့ လိုင်ဇာ မြို့ကို ရောက်ရှိ လာပါတယ်။ မနက် နာရီ အချိန်မှာ လဂျားယန် ဂိတ်ကနေ ဝင်ခွင့် ရပြီး တဖြည်းဖြည်း လမ်းလျှောက် ဝင်လာ ခဲ့ရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လိုင်ဇာမြို့ကို ဝင်ခွင့် ရရှိရေး အတွက် သူတို့က () ရက်လောက် အစာ အငတ်ခံ ဆန္ဒပြခဲ့တဲ့ အတွက်ကြောင့် အားပြတ်လို့ပါဟု ကြိုဆိုရေး အဖွဲ့ ဥက္ကဌ ဆလန် ကဘာ ဒွဲပီဆာ က ပြောပါသည်။

အဆိုပါ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်လာသည့် အဖွဲ့သည် သံဃာတော် () ပါး၊ အမျိုးသမီး (၁၁) ဦး အပါဝင် စုစုပေါင်း (၅၃) ဦးခန့် ရှိသည်။ ယင်အဖွဲ့ တို့သည် လဂျားယန်မှ လိုင်ဇာမြို့သို့ () နာရီခန့် လမ်းလျှောက် လာခဲ့ပြီး လိုင်ဇာမြို့သို့ ကျန်းမာစွာ ရောက်ရှိ လာကြသည်။

ထိုအဖွဲ့သည် ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဒေါ့ဖုန်းယန်မြို့နယ် လဂျားယန်ရွာသို့ ပြီးခဲ့သည့် မတ်လ (၉) ရက်နေ့ မွန်းလွဲ (၁) နာရီ ခန့်တွင် စတင် ရောက်ရှိ လာကာ ဒေသ အခြေစိုက် အစိုးရ တပ်ဖွဲ့ ဂိတ်မှ ဖြတ်ကျော်ခွင့် မပေး၍ သွားခွင့် မရခဲ့ကာ () ရက်ခန့် စောင့်ဆိုင်း ခဲ့ရသည်။

အစိုးရ တပ်ဖွဲ့ ဘက်မှ ထိုနယ်မြေအား ကန့်သတ် နယ်မြေ အဖြစ် ထားရှိကာ စည်းရိုးကာပြီး မိုင်းများ ထောင်ထား ခဲ့သည်။

၎င်းကြောင့် လမ်းလျှောက် လာသည့် အဖွဲ့ တို့သည် ကာထားသည့် စည်းရိုးများ၊ ထောင်ထားသည့် မိုင်းများကို ဖယ်ရှား ပေးပြီး ဖြတ်သွားခွင့် ပြုရန် ပြီးခဲ့ သည့် မတ်လ (၁၁) ရက်နေ့မှ စတင်ကာ လူအချို့  အစာ ငတ်ခံ ဆန္ဒ ပြခဲ့ကြ ပြီးနောက်  ယနေ့ နံနက် နာရီ အချိန်တွင် လဂျားယန်မှ စတင် ထွက်ခွာခွင့် ရရှိခဲ့သည်။

ကချင် လွတ်လပ်ရေး အဖွဲ့ KIO က အိမ်ရှင် အနေဖြင့် ဧည့်သည်အား ကြိုဆိုရန် အတွက် ကချင် လွတ်လပ်ရေး အဖွဲ့ KIO က မတ်လ () ရက်နေ့က (၃၀) ဦးပါ ကြိုဆိုရေး ကိုယ်စားလှယ် အဖွဲ့ကို ဖွဲ့စည်းပေးခဲ့သည်။ ယင်းကြိုဆိုရေး အဖွဲ့ဖြင့် ကြိုဆို ခဲ့ကြကြောင်း ဦးဒွဲပီဆာက ဆက်ပြောသည်။

ကိုသန့်ဇင်ဦး ခေါင်းဆောင်သည့် ငြိမ်းချမ်းရေး အတွက် လမ်းလျှောက် လာသည့် အဖွဲ့သည် ဇန္နာဝါရီလ မှ မတ်လအထိ ရက်ပေါင်း (၅၁) ရက်ခန့်ကြာမှ လိုင်ဇာမြို့သို့ ရောက်ရှိလာ ရသောကြောင့် လိုင်ဇာမြို့တွင် ရက်နည်းငယ်မျှ အနားယူ သွားရန် ရှိကြောင်း သိရပါသည်။


0 comments:

Facebook Fan Page