Latest Update

ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်

Tuesday, March 12, 2013

တွေ့ဆုံဆွေးနွေးပွဲ ရလာဒ်နှင့် စစ်ရေး ပြင်ဆင်မှုများ




ရွှေဟသာင်္သတင်းဌန၊ မတ်လ (၁၂) ရက်နေ့

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ အစိုးရ လေတပ် စခန်းမှ စစ်သုံး ရဟတ်ယာဉ်ဖြင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၁) နယ်မြေဖြစ်သော ချီဖွေ-လောခေါင်- ပန်ဝါဒေသသို့  လူအင်အားအပြင် လက်နက် ရိက္ခာများ တင်ဆောင်ပြီး အကြိမ်ပေါင်းများစွာ ပို့ဆောင်ပေးခဲ့ကြောင်း မျက်မြင်မြို့ခံများက ဆိုကြောင်း KIA တပ်မှူးတဦးက ပြောပါသည်။

“အဲဒီ ချီဖွေ- လောခေါင်- ပန်ဝါဒေသဘက်ကို တွေ့ဆုံ ဆွေးနွေးရေး မလုပ်ခင် မတ်လ (၃) ရက်နေ့ကတည်က စပြီး ရဟတ် ယာဉ်နဲ့ အကြိမ်ပေါင်းများစွာ ပို့နေခဲ့တာပါ။ မနေ့ကလဲ စစ်သုံး ရဟတ်ယာဉ် (၅) စီးနဲ့ ခေါက်တုန့် ခေါက်ပြန် ဆက်ပို့နေတုန်း ပါဘဲ။ ဒီနေ့လဲ ဆက်ပို့နေတုန်းပါဘဲ။ အဲဒီထဲမှာ ရူရှားနိုင်ငံထုတ် လက်နက်ကြီးတွေလဲ တင်သွားတယ်။” ဟုဆိုပါသည်။

ဤလှုပ်ရှားမှုသည် ငြိမ်းချမ်းရေး၏ အရိပ်အရောင် မဟုတ်ကြောင်း စစ်ရေး အကဲခတ်များက ဆိုပါသည်။ အစိုးရ၏ စစ်ရေး ပြင်ဆင်မှုများသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ကတည်းက ရှိခဲ့ပါသည်။ အစိုးရ တပ်များသည်  ချီဖွေဒေ သရှိ လောခေါင်၊ စုစည်း၊ မျှော်ဂျော်၊ ဒန်ညော်၊ ဆော့လော်၊ အင်မိုင်ခခူး နေရာများသို့ ခလရ ၂၆၀၊ ၂၉ ၊ ၆၇ နယ်ခြား စောင့်တပ် များနှင့် ပြည်သူ့ စစ်များ အင်အား ၀၀ ကျော်ပို့ပြီး ထိုးစ်ဆင် တိုက်ခိုက် ခဲ့ပါသည်။

ထို့အပြင် အစိုးရ တပ်မ (၃၃) မှ တပ်ဖွဲ့အင်အား (၁၃၀) ခန့်တို့သည် ပြီးခဲ့သည့် မတ်လ (၄) ရက်နေ့က KIA တပ်မဟာ (၁)၊ တပ်ရင်း (၁၀) နယ်မြေ ချီဖွေ- လောခေါင်ဒေသသို့် ဝါးရှောင်ကား လမ်းပိုင်းမှ တဆင့် ထပ်မံ ချီတက် ခဲ့ကြောင်း၊ အလားတူ လုပီကျေးရွာ ဘက်သို့လည်း ရဟတ်ယာဉ်ဖြင့် အင်အား (၁၀၀) ခန့် ပို့ဆောင် ထားခဲ့ကြောင်း KIA သတင်း၌ ဖော်ပြထားပါသည်။ 

                          အစိုးရမှ ဆက်လက် စစ်ပြင်နေ (ဓါတ်ပုံ အင်တာနက်)

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် တပ်မတော်မှ စစ်ရေး လှူပ်ရှားမှုများ တိုးမြှင့်ခဲ့ခြင်း မရှိခဲ့ကြောင်း အမှတ်(၁) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ယမာန်နေ့ မတ်လ ၁၁ ရက်နေ့ တရုတ်နိုင်ငံ၊ရွှေလီ မြို့ သို့ရောက်ရှိစဉ် သတင်းထောက်များအား ပြောကြားခဲ့ပါသည်။

သူက “အစိုးရ တပ်ဖွဲ့ တို့သည် နယ်မြေ စိုးမိုးရေး ရည်ရွယ်ချက်အတိုင်း ဆက်လက် ဆောင်ရွက်လျှက် ရှိကြောင်း စစ်တပ် ပိုင် မြဝတီ သတင်းဌာနမှ ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် ထုတ်ပြန် ဖော်ပြထားခဲ့သည်။ ယင်းနယ်မြေ စိုးမိုးရေး လှုပ်ရှားမှု များသည် မိမိတို့၏ ထိန်းချုပ် ဒေသများအတွင်း ဝင်ရောက် နေရာယူခြင်းဖြစ်သည်ဟု တအာင်း TNLA တပ်ဖွဲ့မှ ဗိုလ်မှူး တာ ဘုန်းကျော်က ထောက်ပြပြောဆိုခဲ့ပါသည်။

သို့သော် ဤပြသနာများကို ဖြေရှင်းရန်  KIA နှင့် အစိုးရတို့သည် ယမာန်နေ့တွင်ပူးတွဲ ထုတ်ပြန်ချက် ထားပြီးဖြစ်ပါသည်။  ပဋိပက္ခ ဖြစ်ပွားသော ရှေ့တန်း စစ်ပြေပြင်များကို ကွင်းဆင်းလေ့လာ စောင့်ကြည့်ရန်နှင့် နှစ်ဖက် ပိုမို နီးကပ်စွာ ညှိနှိုင်း ဆောင်ရွက်နိုင်ရန် စောင့်ကြပ်ရေး ရုံးများကို နှစ်ဖက် ညှိနှိုင်း၍ လိုအပ်သလို ထားရှိသွားရန် သဘောတူခဲ့ပြီးဖြစ်သည်။
 ထို့ပြင်ပြဿနာ ဖြစ်ပွားနိုင်သော ဒေသများရှိ နှစ်ဖက် တပ်ဖွဲ့များ ဆိုင်ရာ ကိစ္စများကို ဆက်လက်၍ ညှိနှိုင်း ဆောင်ရွက်သွား ၍လိုအပ်သည့် ညွန်ကြားချက် အမိန့်များကို နှစ်ဖက်တပ်များ သက်ဆိုင်ရာ အောက်ခြေ တပ်ဖွဲ့များ အထိ ရောက်ရှိရေး ညွန် ကြားသွားရန် သဘောတူခဲ့ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

သို့သော် အစိုးရတပ်ဖွဲ့တို့သည် KIA နှင့် တွေ့ဆုံ ဆွေးနွေးရေး လုပ်ဆောင်နေသော်လည်း တဖက်တွင် ကချင်ဒေသသို့ စစ် အင်အားများ တိုးချဲ့ကာ စစ်ရေးလှုပ်ရှားမှု အဆက်မပြတ် ပြုလုပ်နေခြင်းကို မည်သို့မျှ နားမလည်နိုင်ကြောင်း၊ ဤလှုပ်ရှားမှု များသည်  ပြင်းထန်သောတိုက်ပွဲများ ထပ်မံဖြစ်ပွား လာနိုင်ဖွယ်ရာ အခြေအနေ ရှိနေကြောင်း စစ်ရေး အကဲခတ်များက ဆိုပါသည်။

0 comments:

Facebook Fan Page