Latest Update

ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်

Friday, March 8, 2013

စီးပွားရေး စီမံကိန်း လုံခြုံရေး အတွက် တိုက်ပွဲများဖြစ်ပွားနေ




အဲာပိုန်၊ မတ်လ (၈) ရက်နေ့၊ ရွှေဟသာင်္သတင်းဌာန

တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး TNLA တပ်ဖွဲ့နှင့် အစိုးရ တပ်ဖွဲ့တို့သည် ယနေ့နံက် (၉) နာရီ အချိန်တွင် ရှမ်းပြည် မြောက်ပိုင်း နမ့်ဆန်မြို့နယ်တွင်းရင်ဆိုင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွား ခဲ့သည်ဟု အဖွဲ့၏ ပြောခွင့်ရ ဗိုလ်မှုး တာဘုန်း ကျော်က ဆိုပါသည်။

“ နမ့်ဆန်မြို့နယ်မှာရှိတဲ့ အနောက်ကင်းနဲ့ ဆာမ်ငါမ်ကျေးရွာ နှစ်နေရာမှာ နေရာ ယူထားတဲ့ ကျနော်တို့ အမှတ်၂၅၆ တပ် ရင်း လက်အောက်ခံ တပ်ခွဲတွေကို အစိုးရ တပ်ဖွဲ့တွေက စစ်ကြောင်း (၄) ကြောင်းနဲ့ စစ်ဆင်လာလို့ ရင်ဆိုင် တိုက်ပွဲဖြစ်ပွား ခဲ့ရတာပါ။” ဟု ဆိုပါသည်။

တိုက်ပွဲသည် ကျောက်မဲ အခြေစိုက် ခမရ ၅၀၁ တပ်ဖွဲ့မှ အင်အား (၂၀၀) ခန့်ဖြင့် စစ်ကြောင်း(၂) ကြောင်း ဖွဲ့ကာ လာရောက် တိုက်ခိုက် ခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ တိုက်ပွဲသည် နာရီဝက်ခန့်ကြာပြီး  အစိုးရ တပ်ဖွဲ့ ဘက်မှ တစ်ဦး ကျဆုံး သွားခဲ့ပြီးTNLA တပ်ဖွဲ့ဘက်မှ ထိခိုက် ဒဏ်ရာ ရရှိမှုများ မရှိ ဟုTNLA မှ ဆိုပါသည်။  

ထို့နည်းတူ ယနေ့နံနက် (၁၀) နာရီ အချိန်တွင်လည်း နမ့်ဆန်မြို့နယ် ဆာမ်ငါမ်ရွာ အနီးတွင် တပ်ချထားသော တအာင်းTNLA ၏ (၂၅၆) တပ်ရင်း လက်အောက်ခံ တပ်ခွဲစခန်း တခုကို အစိုးရ တပ်ဖွဲ့ ခမရ ၅၀၂ တပ်ဖွဲ့ တို့က စစ်ကြောင်း (၂) ကြောင်း ခွဲကာ အင်အား (၂၀၀) ခန့်ဖြင့် လာရောက် တိုက်ခိုက်ရာ (၁) နာရီခန့် တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း TNLA ဘက်က ဆိုပါသည်။ 

                       ဖါးကန့်ရှိ အစိုးရ စီးပွားရေးဇုံ မြင်ကွင်း တနေရာ (ဓါတ်ပုံ အင်တာနက်)

အလားတူ ပြီးခဲ့သည့် မတ်လ (၇) ရက်နေ့တွင်လည်း ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့ အနောက်ဘက်ရှိ ရူရှိကျေးရွာရှိ TNLA  (၂၅၆) တပ်ရင်း လက်အောက်ခံ တပ်ခွဲတပ်စခန်းကို အစိုးရ စစ်ကြောင်း (၂) ကြောင်းမှ အင်အား (၂၀၀) ခန့်ဖြင့် လာရောက်တိုက် ခိုက်ရာ နာရီဝက်ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။

အစိုးရ တပ်များသည် နမ့်ဆန်မြို့နယ်တွင်း စစ်ကြောင်း (၄) ကြောင်းဖြင့် လှုပ်ရှားလျက် ရှိခဲ့ရာမှ နောက်ထပ် စစ်ကြောင်း (၂) ကြောင်း ထပ်မံတိုးချဲ ချထားခဲ့ရာ စုစုပေါင်း အင်အား (၆၀၀) ခန့် ရှိပြီး စစ်ကြောင်း (၆) ကြောင်းဖြင့် လှုပ်ရှား လာနေပါ သည်။ ထိုစစ်ကြောင်း များသည် နမ့်ဆန်မြို့ မြောက်ဘက်ရှိ လွယ်တောင်ကျော သတ္တုတွင်းကို လုံခြုံရေး ယူထားသော တပ် ဖွဲ့များမှ ဖြစ်ပြီး TNLA ကို မကြာမကြာ လာရောက် တိုက်ခိုက် နေခြင်းပင် ဖြစ်သည်ဟု ဗိုလ်မှုး တာဘုန်းကျော်က ဆိုပါသည်။

အစိုးရ တပ်များ၏ စစ်ဆင်ရေးကို TNLA မှ ပျောက်ကျား စစ်ဖြင့်သာ တိုက်ခိုက် နေပါသည်။ အစိုးရ တပ်ဖွဲ့များသည် ၄င်းတို့၏ စီးပွားရေး စီမံကိန်း အချက်အခြာ ကျသော နေရာများ လုံခြုံရေးအရ လိုက်လံ ရှင်းလင်း နေပါသည်။ ဤကဲ့သို့ ရှင်းလင်းရာတွင် အပစ်အခတ် ရပ်စဲထားခြင်း ရှိခြင်း မရှိခြင်း အပေါ် သတ်မှတ် ထားခြင်း မရှိသဖြင့် စီးပွားရေး စီမံကိန်း နေရာများတွင် တိုက်ပွဲများ ဆက်လက် ရှိနေဦးမည်ဖြစ်သည်ဟု အကဲခတ်များက ဆိုပါသည်။


0 comments:

Facebook Fan Page