Latest Update

ကေၜာန်ဍာံဒးဒှ်၊ ကေတ်ဍာံဒးဂွံ၊ အာဍာံဒးစိုပ်

Monday, March 18, 2013

အလျှော့ပေး နေသော RCSS/SSA အား ဆက်လက် ဖိအားပေးနေ




အဲာပိုန်၊ မတ်လ (၁၈) ရက်နေ့ ၊ ရွှေဟသာင်္သတင်းဌာန

အစိုးရ တပ်ဖွဲ့သည် ရှမ်းပြည် ပြန်လည် ထူထောင်ရေး အဖွဲ့ RCSS/SSA အား မတ်လ (၂၀) ရက်နေ့ကို နောက်ဆုံး ထားပြီး ၄င်းတို့၏ မိုင်းထား မြို့နယ်ခွဲရှိ လွယ်လမွတ် နံလန် တပ်စခန်းမှ ဆုတ်ခွာပေးရန် ထပ်မံပြီး ရာဇသံ ပေးထား ခဲ့သည်ဟု အဖွဲ့၏ ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းလောင်ဆိုင်က ဆိုပါသည်။

“ရာဇသံ ပေးသူကတော့ ရှမ်းးပြည်နယ် တြိဂံတိုင်း ဒုတိုင်းမှူးပေါ့ဗျာ။ ဒါပေမဲ့ ဒီစခန်းကို ဆုတ်ခွာ ပေးမယ် မပေးဘူး ဆိုတာ ကိုတော့ ကျနော်တို့ ဘက်က မဆုံးဖြတ် ရသေးပါဘူး” ဟု ဆိုပါသည်။

အစိုးရသည် ဤနေရာ အပါဝင် ရှမ်းပြည် အရှေ့အလယ်ပိုင်းတိုင်း၊ ဟိုမိန်းမြို့နယ်ခွဲ၊ လွယ်လန်း တောင်ကုန်း၌ ရှိသည့် RCSS/ SSA စခန်းကိုလည်း ဆုတ်ခွာပေးရန် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၄) ရက်နေ့က ရာဇသံ ပေးခဲ့ ဘူးပါသည်။ သို့သော် RCSS ဖက်မှ ဆုတ်ခွာ ပေးခြင်း မရှိခဲ့ပေ။ 

ဤအခြေအနေ မျိုးတွင် ရှမ်းပြည်နယ် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး အောင်သူသည် RCSS တပ်များ ဆုတ်ခွာပေးရေး အတွက်  ပြီးခဲ့သည့် မတ်လ ဆန်းပိုင်းတွင် RCSS ထံ လာရောက် ညှိနှိုင်း ခဲ့ပါသည်။ ညှိနှိုင်းချက် အရ မတ်လ (၁၁) ရက်နေ့ တွင် ဟိုမိန်းမြို့ နယ်ခွဲရှိ လွယ်လန်း တပ်စခန်းကို RCSS တို့က ဆုတ်ခွာ ပေးခဲ့ပါသည်။ 

သို့သော် မတ်လ (၁၅) ရက်နေ့တွင် အစိုးရ တပ်ဖွဲ့များသည် နယ်မြေခံ ပြည်သူ့စစ် အပါဝင် အင်အား (၄၀၀) ကျော်ဖြင့် RCSS/SSA တပ်ဖွဲ့များ ဆုတ်ခွာ ပေးလိုက်သော လွယ်လန်း တပ်စခန်းအား လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ရှင်း သွားခဲ့ သည်ဟု ဗိုလ်မှူး စိုင်းလောင်ဆိုင်က ဆိုပါသည်။

“ ဆုတ်ခွာ ပေးဖို့ လာပြော တုန်းကတော့ တောင်းပန် သလိုလိုနဲ့ ကျနော်တို့က  မတ်လ (၁၁) ရက်နေ့မှာ ဆုတ်ခွာ ပေးမယ်လို့ စာရေး အကြောင်းကြား လည်းပြီးရော  သူတို့က အဲဒီနေ့မှာဘဲ လက်နက်ကြီးနဲ့ အဝေးကနေ အဲဒီ စခန်းကို လာရောက် ပစ်ရှင်း ခဲ့ပါလေရော။  ပစ်ရှင်းနေတဲ့ အချိန်မှာဘဲ မိုင်းထား မြို့နယ်ခွဲမှာ ရှိတဲ့ လွယ်လမွတ်နံလန်း စခန်းကိုလည်း ဒီမတ်လ (၂၀) ရက်နေ့ နောက် ဆုံးထားပြီး ဆုတ်ခွာပေးဖို့ပါ တြိဂံတိုင်းမှူးက ရာဇသံတွေ ထပ်ပေး လာခဲ့တယ်” ဟုဆိုပါသည်။ 

                                    RCSS တပ်ဖွဲ့များ (ဓါတ်ပုံ RCSS)

RCSS သည် အစိုးရနှင့် ရယူထားသော အပစ်အခတ် ရပ်စဲရေးကို မပျက် စေလိုသောကြောင့် လွယ်လန်း စခန်းကို ဆုတ်ပေး လိုက်ခြင်းသာ ဖြစ်ကြောင်း ဆိုပါသည်။ သို့သော် အစိုးရ တပ်ဖွဲ့များ၏ ဤလုပ်ရပ်ကြောင့် ရယူထားသည့် အပစ်အခတ် ရပ်စဲ ရေးသည် အဓိပ္ပါယ် မရှိဟု RCSS ဖက်က ဝေဖန်လာပါသည်။ 

အစိုးရ တပ်ဖွဲ့များသည် မိုင်းထားမြို့နယ်ခွဲရှိ လွယ်လမွတ် နံလန်စခန်းနှင့် လွယ်လန်း(နဂါးတောင်) စခန်းကို တိုက်ခိုက်ရန် အမိန့်ပေးထားပြီး ဖြစ်သည်ဟု ဗိုလ်မှူးကြီး အောင်သူ ပြောကြောင်း ဆိုပါသည်။ ဤလုပ်ရပ်နှင့် သဘောထားများကြောင့် အစိုး ရ တပ်ဖွဲ့တို့သည် RCSS နယ်မြေထဲ အကြောင်း မကြားဘဲ ၀င်ရောက်ခဲ့သဖြင့် အပစ်အခတ် ရပ်စဲ ထားစေကာမူ ယနေ့အထိ အကြိမ်ပေါင်း (၄၀) ထက်မနဲ တိုက်ပွဲဖြစ်ပွားခဲ့ကြပါသည်။ 

ဤသို့ကြောင့် အစိုးရ၏ အပစ်အခတ် ရပ်စဲရေး လမ်းစဉ်သည် တကယ့်ငြိမ်းချမ်းမှုကို တည်ဆောက်လိုသော စေတနာ ဟုတ် မဟုတ် သံသယဖြစ်နေကြပါသည်။ အစိုးရသည် အပစ်အခတ် ရပ်စဲရေး မှတဆင့် တိုင်းရင်းသား လက်နက်ကိုင် ပါတီများ ကို တဖွဲ့ချင်း အမြစ်ဖြတ် ချေမှုန်း နေသည်ဟု KIA နှင့် တိုက်နေသော တိုက်ပွဲက သက်သေ ပြနေကြောင်း ဆိုကြပါသည်။ 

0 comments:

Facebook Fan Page